CHINA
တရုတ်နိုင်ငံ မြို့ကြီးတစ်မြို့တွင် အခန်းပေါင်း ၁,၅၀၀ ပါဝင်သော သီးသန့်စင်တာတစ်ခုကို ငါးရက်အတွင်း တည်ဆောက်
ရှီးကျားကျွမ်း၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်
တရုတ်နိုင်ငံမြောက်ပိုင်း ဟဲပေပြည်နယ် မြို့တစ်မြို့တွင် ဗဟိုကျန်းမာရေး စောင့်ကြည့်လေ့လာရေးစင်တာအတွက် ပထမအသုတ်အနေဖြင့် အခန်းပေါင်း ၁,၅၀၀ ကို ငါးရက်အတွင်း တည်ဆောက်ပြီးစီးခဲ့ကြောင်း ဒေသတွင်းတာဝန်ရှိသူများက ဇန်နဝါရီ ၁၆ ရက်က ပြောကြားခဲ့သည်။
အဆိုပါ စင်တာသည် စက်ရုံတစ်ခုပိုင်မြေနေရာကို အသုံးပြုထားခြင်းဖြစ်ပြီး Nangong မြို့တွင် COVID-19 ပျံ့နှံမှုကို တားဆီးရေးအတွက် စုစုပေါင်း နေရာခြောက်ခုတွင် ချက်ချင်းတည်ဆောက်ရန် စီစဉ်ထားသော အခန်းပေါင်း ၆,၅၀၀ ပါဝင်သည့် ယာယီအဆောက်အအုံများအနက် အပါအဝင်ဖြစ်သည်။
၁၈ စတုရန်းမီတာ ကျယ်ဝန်းသော အခန်းတစ်ခုစီတွင် ခုတင်တစ်လုံး၊ လျှပ်စစ်အပူပေးစက်၊ အိမ်သာနှင့် ဘေစင် တပ်ဆင်ထားရှိပြီး အင်တာနက်ဝိုင်ဖိုင်ကိုလည်း အသုံးပြုနိုင်မည်ဖြစ်သည်။
ယင်းမြို့တွင် COVID-19 အစုလိုက်အပြုံလိုက် ကူးစက်မှုရှိခဲ့ပြီးနောက် ဇန်နဝါရီ ၁၀ ရက်တွင် တည်ဆောက်ရေးစီမံကိန်း စတင်ခဲ့ပြီး ကျန်ရှိသော အခန်းများသည်လည်း တစ်ပတ်အတွင်း အဆင်သင့်ဖြစ်မည်ဟု ဒေသတွင်း သတင်းပြန်ကြားရေးဌာန အဆိုအရ သိရသည်။
ထို့ပြင် အခန်းပေါင်း ၃,၀၀၀ ပါဝင်သည့် အလားတူစင်တာတစ်ခုကိုလည်း ပြည်နယ်မြို့တော်ဖြစ်သည့် ရှီးကျားကျွမ်းတွင် တည်ဆောက်လျက်ရှိသည်။
ဟဲပေပြည်နယ် အများအားဖြင့် ရှီးကျားကျွမ်းနှင့် ကောင်တီအဆင့်မြို့ဖြစ်သော Nangong မြို့များရှိ ဆေးရုံများတွင် ဇန်နဝါရီ ၁၅ ရက်နှောင်းပိုင်းအထိ ဒေသတွင်းကူးစက်မှု ၆၄၃ ခုရှိပြီး ပြည်ပမှကူးစက်မှု ၂ ခုကို ဆေးကုသပေးလျက်ရှိသည်။ (Xinhua)
ပုံစာ –
#China, #IsolationCenter, #Room, #COVID_19, #Xinhua,#, #ဆင်ဟွာ
…………………………………………
(English Version)
Chinese city builds isolation center with 1,500 rooms in 5 days
2021-01-16 13:36:44
SHIJIAZHUANG, Jan. 16 (Xinhua) — Construction of the first batch of 1,500 rooms for centralized medical observation has been completed in five days in a city in north China’s Hebei Province, local authorities said Saturday.
The center, using the land of a factory, is among the makeshift facilities with a total of 6,500 rooms planned to be urgently built at six locations in the city of Nangong to cut the spread of COVID-19.
Each room with an area of 18 square meters is equipped with a bed, electric heater, toilet and sink. WiFi access is also available.
Construction of the project started on Jan. 10 after a cluster of COVID-19 cases was reported in the city, and the rest of the rooms will be ready within one week, according to the local publicity department.
A similar center with a total of 3,000 rooms is being built in the provincial capital Shijiazhuang.
By the end of Friday, there were 643 locally transmitted confirmed cases and two imported cases being treated in hospitals in Hebei, mostly in Shijiazhuang and Nangong, a county-level city under Xingtai City. Enditem
Aerial photo taken on Jan. 15, 2021 shows the construction site of a centralized medical observation center in Shijiazhuang, capital of north China’s Hebei Province. (Xinhua/Yang Shiyao)