မကာအို၊ မတ် ၁ ရက်(ဆင်ဟွာ) ဒုတိယအသုတ် Sinopharmကာကွယ်ဆေး (၄)သိန်းသည် ဖေဖော်ဝါရီ ၂၈ ရက်က တရုတ်နိုင်ငံ မကာအိုသို့ ရောက်ရှိခဲ့ပြီဖြစ်ရာ ကာကွယ်ဆေးထိုးနှံမှုများကို လာမည့်အပတ်တွင် စတင်ရန် ခန့်မှန်းထားကြောင်းသိရသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် COVID-19 ကာကွယ်ဆေးများအတွက် သယ်ယူပို့ဆောင်ရေးလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်မည့် အအေးခန်းထရပ်ကားများနှင့် သေတ္တာများ လုံလုံလောက်လောက်ရှိကြောင်း တာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) ကမ္ဘာ့နိုင်ငံများစွာက တရုတ်နိုင်ငံ၏ COVID-19 ကာကွယ်ဆေးများကို အရေးပေါ်အသုံးပြုရန် ခွင့်ပြုထားပြီးဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံအနေဖြင့် ကာကွယ်ဆေးများအား ကမ္ဘာလုံးဆိုင်ရာ သာတူညီမျှ ဖြန့်ဖြူးရေးကို ဆက်လက်မြှင့်တင်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ဖေဖော်ဝါရီ ၂၅ ရက်တွင် ပြောကြားခဲ့သည်။
ရာဘတ်၊ဖေဖော်ဝါရီ ၁၇ ရက်(ဆင်ဟွာ) မော်ရိုကိုနိုင်ငံသည် တရုတ်နိုင်ငံ၏ Sinopharm COVID-19 ကာကွယ်ဆေး ဒုတိယအသုတ်ကို ဖေဖော်ဝါရီ ၁၆ ရက်က လက်ခံရရှိကြောင်း မော်ရိုကိုကျန်းမာရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားခဲ့သည်။
ဝူဟန့်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကျွမ်းကျင်ပညာရှင်များသည် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် မူလအရင်းအမြစ်ကို ကမ္ဘာလုံးဆိုင်ရာ သိပ္ပံနည်းကျ သုတေသနပြုလေ့လာခြင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သော ဝူဟန့်မြို့တွင် ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်မှုမှာ ပြီးစီးသွားပြီဖြစ်ကြောင်း WHO-တရုတ် ပူးတွဲသတင်းစာရှင်းလင်းပွဲအရ သိရသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ တောင်းဆိုချက်အရ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အရေးပေါ်လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိစေရန် COVAX ထံသို့ COVID-19 ကာကွယ်ဆေး အလုံးရေ ၁၀ သန်း ပံ့ပိုးရန် ဆုံးဖြတ်ထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန...
ပေကျင်း၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံ ပေကျင်းမြို့ အခြေစိုက် Sinovac Life Sciences ကုမ္ပဏီလီမိတက်က ၎င်းတို့၏ COVID-19 တိုက်ဖျက်ရေး ကာကွယ်ဆေး CoronaVac ကို ဈေးကွက်အခြေအနေအရ တရားဝင်အသုံးပြုခွင့် (conditional marketing authorization)...
ပေကျင်း၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံသည် ၎င်း၏ တတ်စွမ်းသရွေ့ အချိန်နှင့်တစ်ပြေးညီ အားလုံးအတွက် ကျန်းမာသော အသိုက်အဝန်း တစ်ခု တည်ဆောက်ရေး၌ အခြားသောနိုင်ငံများ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများအား ဆက်လက်ပံ့ပိုးသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က ဖေဖော်ဝါရီ ၁ ရက်တွင်...
ဂျီနီဗာ၊ ဇန်နဝါရီ ၂၇ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး တစ်ကမ္ဘာလုံးတွင် ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း သန်း(၁၀၀)ကျော်ရှိလာပြီဖြစ်ကြောင်း အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်၏ နောက်ဆုံးရ ကိန်းဂဏန်းများတွင် ဖော်ပြထားသည်။ စိုးရိမ်ထိတ်လန့်ဖွယ် ဆိုးဝါးသည့် ဤအချိန်ကို ရင်ဆိုင်ရာတွင် ကမ္ဘာ့နိုင်ငံအသီးသီးက လက်တွေ့ကျသော တာဝန်ယူမှုဖြင့် ခိုင်မာသည့်ကပ်ရောဂါတိုက်ဖျက်ရေးနည်းလမ်းများကို ဆောင်ရွက်ရန် မဖြစ်မနေလိုအပ်လာသည်။ ထိရောက်သည့်ကပ်ရောဂါတိုက်ဖျက်ရေးနည်းလမ်းများကို တင်းကျပ်စွာ...
ဆွေဟွာ့၊ဇန်နဝါရီ၂၆ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု တစ်ကျော့ပြန်ဖြစ်ပွားနေသည့် တရုတ်နိုင်ငံအရှေ့ပိုင်း ဟေးလုံကျန်းပြည်နယ်တွင် COVID-19 ရောဂါအတည်ပြုလူနာအားလုံးကို ဆေးကုသမှုပေးရာတွင် တရုတ်ရိုးရာတိုင်းရင်းဆေးဝါးများ ပေါင်းစပ်ထည့်သွင်း အသုံးပြုကာ ကုသမှုပေးလျက်ရှိကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ဇန်နဝါရီ ၂၃ ရက်တွင် ပြောကြားခဲ့သည်။