Connect with us

CHINA

ကိုဗစ် အတည်ပြုလူနာ သန်း(၁၀၀)ကျော်ရှိလာချိန် ကပ်ရောဂါတိုက်ဖျက်ရေးနည်းလမ်းများ အခိုင်အမာရှိရန် မဖြစ်မနေ လိုအပ်

ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့တွင် FFP2နှာခေါင်းစည်း တပ်ဆင်၍ စူပါမာကက်အတွင်း ဈေးဝယ်နေသူတစ်ဦးကို ဇန်နဝါရီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ ဇန်နဝါရီ ၂၇ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

တစ်ကမ္ဘာလုံးတွင် ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း သန်း(၁၀၀)ကျော်ရှိလာပြီဖြစ်ကြောင်း အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်၏ နောက်ဆုံးရ ကိန်းဂဏန်းများတွင် ဖော်ပြထားသည်။ စိုးရိမ်ထိတ်လန့်ဖွယ် ဆိုးဝါးသည့် ဤအချိန်ကို ရင်ဆိုင်ရာတွင် ကမ္ဘာ့နိုင်ငံအသီးသီးက လက်တွေ့ကျသော တာဝန်ယူမှုဖြင့် ခိုင်မာသည့်ကပ်ရောဂါတိုက်ဖျက်ရေးနည်းလမ်းများကို ဆောင်ရွက်ရန် မဖြစ်မနေလိုအပ်လာသည်။ ထိရောက်သည့်ကပ်ရောဂါတိုက်ဖျက်ရေးနည်းလမ်းများကို တင်းကျပ်စွာ အကောင်အထည်ဖော်ဆောင်ရွက်သင့်ကြောင်း၊ ရောဂါတိုက်ဖျက်ရေး တစ်ကိုယ်တည်းတစ်ကိုယ်ကောင်း ဆောင်ရွက်ခြင်းစသည့် မှားယွင်းသောနည်းလမ်းများကို ပြတ်ပြတ်သားသား ပစ်ပယ်သင့်ကြောင်း သက်သေ သာဓကများရှိပြီးဖြစ်သည်။

ကမ္ဘာ့ကပ်ရောဂါတိုက်ဖျက်ရေးအခြေအနေသည် ခြုံငုံကြည့်လျှင် ဆိုးဝါးလျက်ရှိနေသည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ လက်ရှိ ကမ္ဘာတွင် နေ့စဉ် လူသိန်းနှင့်ချီ၍ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများရှိနေသလို နေ့စဉ်သေဆုံးလူနာ ပျမ်းမျှအားဖြင့် (၁)သောင်း ကျော်ရှိနေခြင်း ဖြစ်သည်။

တရုတ်နိုင်ငံ ပေကျင်းမြို့တာ့ရှင်းခရိုင်တွင် အားလုံးလွှမ်းခြုံ ကိုရိုနာဗိုင်းရပ်စ် ဆေးစစ်မှုများ ပြုလုပ်နေသည်ကို ဇန်နဝါရီ(၂၀)ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ အရေးပေါ်စီမံကိန်း အလုပ်အမှုဆောင် ညွှန်ကြားရေးမှူး Michael Ryanက တက်ကြွလှုပ်ရှားမှုအပြည့်ရှိသည့် ဗီဇပြောင်းဗိုင်းရပ်စ် “ဘောလုံးကွင်းမှာ အသစ်လဲလိုက်တဲ့ ဒီအားကစားသမားအသစ်” သည် လူသားတွေကို စိန်ခေါ်မှုအသစ်တွေ ဖြစ်စေကြောင်း ဆိုသည်။ ထို့အပြင် “ကာကွယ်ဆေးအမျိုးသားရေးဝါဒ”က ကမ္ဘာတစ်ဝန်းစည်းလုံးညီညွတ်စွာ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် အတားအဆီး ဆူးခလုတ်ဖြစ်စေရာ အဆက်မပြတ်ဆိုးဝါးလာသည့် ကမ္ဘာ့ကပ်ရောဂါတိုက်ဖျက်ရေးအခြေအနေသည် အချိန်တိုအတွင်း အချိုးအကွေ့ဖြစ်နိုင်ရန် ခဲယဉ်းစေခဲ့သည်။ ဤကဲ့သို့ ကမ္ဘာ့ကပ်ရောဂါတိုက်ဖျက်ရေး ရှုပ်ထွေးသည့် အခြေအနေတွင် နိုင်ငံပေါင်းများစွာက “ရေရှည်တိုက်ပွဲ”အတွက် အသင့်ပြင်နေကြပြီဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံတွင် တန်ဂါရန်တွင် နှာခေါင်းစည်းတပ်ဆင်ရန် သတိပေး နံရံပန်းချီကားချပ်အား ဇန်နဝါရီ ၂၆ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

တစ်ချိန်တည်းတွင်ပင် ကမ္ဘာတွင် မျှော်လင့်ချက်ကို ရင်ဝယ်ပိုက်နိုင်ပြီဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်၏ကြမ်းတမ်းမှုကို တစ်နှစ်ကျော် ခံရပြီးနောက် အတိုင်းအတာတစ်ခုအထိ ထိရောက်သော ကာကွယ်ဆေးများ ပေါ်ထွက်လာရာ ဗိုင်းရပ်စ်ကို ရင်ဆိုင်ရာ၌ လူသားများအတွက် လက်နက်မဲ့အားကိုးရာမရှိ မဖြစ်တော့ချေ။

အခက်အခဲအထပ်ထပ်ရှိသော်ငြားလည်း ကပ်ရောဂါသည် ထိန်းချုပ်၍မရသည်တော့မဟုတ်၊ ဒါကို နိုင်ငံတော်တော်များများ၏ အတွေ့အကြုံတွင် ဖွင့်ဟပြသပြီးဖြစ်ကြောင်း Michael Ryanက ယူဆသည်။ ပြိုင်ပွဲကွင်းကို အသစ်ဝင်ရောက်လာသည့် ဗီဇပြောင်း ဗိုင်းရပ်စ်သည် လူသားများကို စိန်ခေါ်မှုများဖြစ်စေသော်လည်း၊ ဗိုင်းရပ်စ် ပင်ကိုယ်က “ပြိုင်ပွဲစည်းမျဉ်းပုံစံ”များကို မပြောင်းလဲခဲ့ကြောင်း ၎င်းက ဆိုသည်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ ဘတ်စ်ကားဂိတ်တစ်ခုတွင် ကိုဗစ်ရောဂါကာကွယ်ရေး သတိပေးဆိုင်းဘုတ်တစ်ခုအား ဇန်နဝါရီ ၁၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တစ်နည်းအားဖြင့်ဆိုရသော် လက်ရှိ ရောဂါကာကွယ်ရေးနည်းလမ်းများသည် မှားယွင်းမှုမရှိဘဲ၊ မှားယွင်းသည်မှာ ယင်းနည်းလမ်းများကို အကောင်အထည်ဖော်ဆောင်ရွက်သည့်အခါ တိကျမှုမရှိခြင်းဖြစ်သည်။ ရောဂါထိန်းချုပ်ရန် နည်းလမ်းများကို အမှန်စင်စစ် တင်းကျပ်စွာ အကောင်အထည်ဖော်ရန် လိုအပ်သည်။ အထူးကုသဆေး သို့မဟုတ် ကာကွယ်ဆေး မရှိသော်လည်း ကမ္ဘာနိုင်ငံအသီးသီးတွင် ကပ်ရောဂါကို အောင်မြင်စွာ ဟန့်တားနိုင်သည့် သက်သေသာဓကပေါင်း များစွာက ဖော်ပြထားသည်။ လက်ရှိပြည်သူ့ ကျန်းမာရေး ကပ်ရောဂါတိုက်ဖျက်ရေးနည်းလမ်းများကို သတိလစ်ဟင်းခြင်းမရှိ သေသေချာချာဆောင်ရွက်လျှင် လူသားများသည် ကိုဗစ်ကပ်ရောဂါကို အပြည့်အဝ ထိန်းချုပ်နိုင်စွမ်းရှိနိုင်ပေလိမ့်မည်ဖြစ်သည်။

ပြင်သစ်နိုင်ငံမြောက်ပိုင်း ရူးဗေ့မြို့တွင် ကိုရိုနာဗိုင်းရပ်စ် ဆေးစစ်မှုများ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်သည်ကို ဇန်နဝါရီ ၁၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လက်ရှိ သိရှိထားပြီးဖြစ်သည့် ကပ်ရောဂါ ရင်ဆိုင်ဖြေရှင်းရေးနည်းလမ်းနှင့်ကိရိယာများသည် ဗိုင်းရပ်စ်ပြန့်ပွားမှုကွင်းဆက်ကို လုံးဝဖြတ်တောက်နိုင် ကြောင်း၊ အရေးကြီးဆုံးမှာ အခြားသူများနှင့် ရုပ်ပိုင်းဆိုင်ရာအကွာအဝေး(Physical distance)ထားရှိခြင်း၊ နှာခေါင်းစည်းတပ်ဆင်ခြင်း နည်းလမ်းများပင် ဖြစ်ကြောင်း ၊ အစိုးရများမှလည်း ပြည်သူလူထုနေအိမ်အတွင်း သီးခြားခွဲနေထိုင်နိုင်ရန် သို့မဟုတ် အပြင်သို့သွားလာမှုများကို လျှော့ချနိုင်ရန် ပံ့ပိုးသင့် ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) အရေးပေါ်စီမံကိန်း နည်းပညာဆိုင်ရာ အကြီးအကဲ Maria Van Kerkhoveက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ကပ်ရောဂါတိုက်ဖျက်ရေးနည်းလမ်းများသည် ပြည်သူ့ကျန်းမာရေးနှင့်လူမှုအသိုက်အဝန်းရောဂါကာကွယ်ရေးနည်းလမ်းစသည့် အခြေခံနည်းလမ်းများကို နောက်ဆုံးတွင် ပြန်လည်ရောက်ရှိမည်ဖြစ်ရာ ရောဂါဖြစ်ပွားသူကို ခြေရာခံခြင်း၊ အစုလိုက်အပြုံလိုက်ရောဂါကူးစက်မှုကို စိစစ်ခြင်း၊ လူနာသီးခြားခွဲထားခြင်းနှင့် လက်တွေ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အနီးကပ်ထိတွေ့သူများအား သီးခြားထားခြင်း စသည်တို့လည်းပါဝင်ပြီး ၎င်းတို့မှာ ဗိုင်းရပ်စပ်ပြန့်ပွားမှုကွင်းဆက် ဖြတ်တောက်သည့် အရေးကြီးအချက်ပင်ဖြစ်ကြောင်း Maria Van Kerkhoveက ဆိုသည်။

စည်းလုံးညီညွှတ်စွာ အတူတကွ ဗိုင်းရပ်စ်တိုက်ဖျက်မှုကို အမှန်တကယ် အကောင်အထည်မဖော်နိုင်သေးသည်ကလည်း ကပ်ရောဂါအခြေအနေဆက်လက် ဆိုးဝါးလာသည့် အဓိကအကြောင်းတရားဖြစ်သည်ဆိုသည်မှာ ငြင်းဆို၍မရပေ။ လူသားများအနေဖြင့် အခက်အခဲအခြေအနေကို ပြောင်းလဲဖို့ ထိုဖြစ်ရပ်များကို အပြည့်အဝပြောင်းလဲရန် လိုအပ်သည်။ အချို့နိုင်ငံများတွင် ကပ်ရောဂါထိန်းချုပ်မှု ပေါ့ဆလျော့ရဲခြင်းကြောင့် အခြားနိုင်ငံအပေါ် အပြစ်တင်ပုံချခြင်း၊ ကပ်ရောဂါကို နိုင်ငံရေးအသွင်းပြောင်းလဲခြင်းများအပြင် “ကာကွယ်ဆေး အမျိုးသားရေးဝါဒ”သည် လက်ရှိကမ္ဘာတွင် ရင်ဆိုင်နေရသည့် ပြဿနာအသစ်တစ်ရပ်ဖြစ်လာသည်။
ကိုဗစ်ကာကွယ်ဆေးသည် ဝင်ငွေမြင့်မားသည့်နိုင်ငံနှင့် ဝင်ငွေအလယ်အလတ် သို့မဟုတ် ဝင်ငွေနည်းပါးနိုင်ငံများအကြား မျှတစွာ ဝေမျှပေးနိုင်မလား ဆိုသည်မှာ အဓိက စိန်ခေါ်မှုဖြစ်လာကြောင်း WHO ညွှန်ကြားရေးမှူ တက်ဒရော့စ်က ပြီးခဲ့သည့်ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ် ကမ္ဘာလုံးဆိုင်ရာ ကျောက်ရောဂါပပျောက်ခြင်း နှစ်(၄၀)ပြည့်အခမ်းအနားတွင် တက်ဒရော့စ်ပြောကြားခဲ့သလိုပင် ကိုဗစ် ကပ်ရောဂါသည် ကျောက်ရောဂါကဲ့သို့ပင် ကမ္ဘာ့ပြည်သူ့ကျန်းမာရေး၏ အရေးကြီးသည့်စိန်ခေါ်မှုဖြစ်ရာ ကမ္ဘာ့စည်းလုံးညီညွတ်မှုကို စမ်းသပ်ခြင်းဖြစ်သည်။ ကာကွယ်ဆေးသည် ကျောက်ရောဂါပပျောက်မှုတွင် အလွန်အရေးပါခဲ့ကြောင်း၊ သို့သော်လည်း ကာကွယ်ဆေးကိုသာ အားကိုးလျှင် မလုံလောက် ၊ကျောက်ရောဂါအနိုင်တိုက်ဖျက်နိုင်မှုတွင် အဆုံးဖြတ်ပေးခဲ့သည် အကြောင်းတရားသည် တစ်ကမ္ဘာလုံး၏ စည်းလုံညီညွတ်မှုပင်ဖြစ်ကြောင်း ဆိုသည်။ လူသားများ ကျောက်ရောဂါကို အနိုင်တိုက်ဖျက်ခဲ့သည့် သမိုင်းက နိုင်ငံအသီးသီး စည်းလုံးညီညွတ်စွာ အတူရင်ဆိုင်ဖြေရှင်းမည်ဆိုလျှင် ကိုဗစ်ကပ်ရောဂါကိုလည်း အနိုင်တိုက်ဖျက်နိုင်မည်ဆိုသည့် သက်သေပင်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“ငုပ်မိသဲတိုင်၊ တက်နိုင်ဖျားရောက်” လူသားများ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး အောင်မြင်ရန် နီးစပ်လာသည့်အချိန်သည် တောင်တက်ရသကဲ့သို့ပင် အခက်အခဲပင်ပန်းဆုံးအချိန်ဖြစ်လေ့ရှိရာ အံကြိတ်၍ဇွဲရှိရှိ ခိုင်ခိုင်မာမာ တောင့်ခံထားနိုင်မှသာ နောက်ဆုံးအောင်မြင်မှုပန်းတိုင်ရောက်ရှိနိုင်မည် ဖြစ်သည်။ ဗိုင်းရပ်စ်၏ဆိုးဝါးမှုအခြေအနေ ဆက်လက်ရှိဆဲဖြစ်ရာ ရှည်လျားသည့်အမှောင်ထုကိုဖြတ်သန်း၍ နွေးထွေးသည့်အလင်းရောင်ကို အမြန်ဆုံးထွေးပွေ့နိုင်ရန်မှာ သန်းပေါင်းရာနှင်ချီသည့် လူသားများ အမှန်တကယ် တစ်စိတ်တစ်ဝမ်းတည်း ကပ်ရောဂါကို တိုက်ဖြတ်နိုင်မည်လား၊ ရောဂါကာကွယ်ထိန်းချုပ်ရေးနည်းလမ်းတိုင်းကို တိတိကျကျ ခိုင်ခိုင်မာမာ ဆောင်ရွက်နိုင်မည်လားကိုသာ ကြည့်ရမည်ဖြစ်ပါတော့သည်။ (Xinhua)
…………………………………………
(Chinese Version)

国际时评 | 新冠确诊过亿 抗疫措施须过硬

新华社日内瓦1月26日电(记者杜洋 陈俊侠)美国约翰斯•霍普金斯大学最新数据显示,全球新冠确诊病例累计已超1亿例。面对这一“严峻和令人震惊的节点”,世界各国亟须展现切实担当,拿出过硬措施,已被证明有效的抗疫措施应当严格落实,各自为战等错误做法应当坚决摒弃。
 毫无疑问,全球抗疫形势整体上是严峻的。目前全球每天有数十万人感染新冠病毒,日均死亡病例超过一万例。世卫组织卫生紧急项目负责人迈克尔•瑞安指出,变异病毒这个新“替换上场球员”活力满格,正对人类造成新挑战。除此之外,“疫苗民族主义”妨害全球团结抗疫,持续恶化的全球抗疫形势短时间内难以逆转。正因为全球抗疫面临的复杂局面,很多国家事实上都在为“持久战”做准备。
与此同时,世界也要怀抱希望。新冠病毒肆虐已逾一年,相对有效的疫苗已研发面世,人类面对病毒终于不再手无寸铁。迈克尔•瑞安认为,尽管困难重重,疫情并非不可控制,很多国家的经验已经说明这一点。尽管新入场的变异病毒给人类带来挑战,但它本身并不会改变“比赛规则”。
 换言之,目前已有的防控措施没有错,错的是措施执行不到位。控制疫情就是要真刀真枪严格落实防疫措施。越来越多证据和案例表明,即使没有特效药或疫苗,只要全球各国参照以往遏制疫情的成功经验,一丝不苟执行现有公共卫生抗疫措施,人类完全有能力控制新冠疫情。
世卫组织卫生紧急项目技术负责人玛丽亚•范凯尔克霍弗对新华社记者表示,目前已知的疫情应对工具或措施完全可以打破病毒传播链,人们最重要的事情就是与他人保持物理距离、戴口罩,政府则应提供支持来确保民众可以在家自我隔离或减少外出。
 她强调,所有抗疫措施最终仍会回到公共卫生和社会措施等基本方面,包括积极发现病例、聚集性病例调查、病例隔离和临床护理、接触者隔离等,这就是打破病毒传播链的关键。
  不可否认,国际社会未能真正做到团结一致共克病毒,也是疫情继续恶化的重要原因。人类的破局之策,还应当包括彻底改变这一局面。除了个别国家将疫情防控不力“甩锅”给他国和将疫情政治化之外,“疫苗民族主义”是目前世界面临的一个新问题。世卫组织总干事谭德塞日前在记者会上表示,新冠疫苗在高收入国家和中低收入国家间能否公平分配正成为主要挑战。
正如谭德塞在去年全球消灭天花40周年有关庆祝活动上所说,新冠疫情像天花一样,是对全球公共卫生的“关键性挑战”,是对全球团结的考验。疫苗对消灭天花至关重要,但仅靠疫苗还不够,战胜天花的决定性因素是全球团结。他表示,人类战胜天花的历史表明,各国团结起来共同应对,也能战胜新冠疫情。
 “行百里者半九十”。人类抗击新冠病毒越是接近成功,就越是爬坡的最艰难时刻,唯有咬牙坚持到最后才能夺取最终胜利。病毒仍在肆虐,人类能否尽快穿过晦暗幽长的隧道拥抱光明,就看亿万人能否真正同心抗疫,能否扎扎实实做好每一个防控细节。

图说1: 1月25日,在奥地利维也纳,一名顾客佩戴FFP2口罩在超市内购物。为防止疫情扩散,奥地利政府要求民众于当日起在市场等公共区域内佩戴更高防护级别的FFP2口罩,但不含14岁以下人群和因健康原因无法戴口罩的人。新华社发(乔治斯•施耐德摄)
图说2:新华社照片,北京,2021年1月20日
北京大兴:开展全员核酸检测
1月20日,在北京市大兴区庞各庄镇一处核酸检测点,医护人员为一名小朋友进行核酸采样。
图说3:1月26日,在印度尼西亚唐格朗,一名男子骑摩托车从一处描绘新冠疫情的壁画前驶过。
图说4: 1月10日,人们骑车经过英国伦敦一处公交车站,广告牌上显示英国疫情防控新口号——“留在家中,挽救生命”。
图说 5:新华社照片,鲁贝(法国),2021年1月12日
法国:大规模新冠病毒检测
1月11日,在法国北部城市鲁贝,工作人员在体育馆设立的新冠病毒检测点为居民做检测。