Connect with us

CHINA

Sinovac ကုမ္ပဏီက COVID-19 ကာကွယ်ဆေးကို ဈေးကွက်အခြေအနေအရ တရားဝင်အသုံးပြုခွင့် လျှောက်ထား

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ Sinovac Biotech လီမိတက်တွင် COVID-19 ကာကွယ်ဆေး (inactivated vaccine) နမူနာများကို ဝန်ထမ်းတစ်ဦးက ပြသနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

တရုတ်နိုင်ငံ ပေကျင်းမြို့ အခြေစိုက် Sinovac Life Sciences ကုမ္ပဏီလီမိတက်က ၎င်းတို့၏ COVID-19 တိုက်ဖျက်ရေး ကာကွယ်ဆေး CoronaVac ကို ဈေးကွက်အခြေအနေအရ တရားဝင်အသုံးပြုခွင့် (conditional marketing authorization) အတွက် ဖေဖော်ဝါရီ ၃ ရက်က လျှောက်ထားခဲ့ကြောင်း သိရသည်။

အဆိုပါ လျှောက်ထားမှုကို အမျိုးသား ဆေးဝါးထုတ်ကုန်များဦးစီးဌာနက လက်ခံခဲ့ကြောင်း ကာကွယ်ဆေးထုတ်လုပ်မှုတွင် အဓိကတာဝန်ယူထားသည့် Sinovac Biotech လီမိတက်က ပြောကြားခဲ့သည်။

CoronaVac ကာကွယ်ဆေး (inactivated vaccine CoronaVac) သည် ပြည်ပနိုင်ငံများတွင် လက်တွေ့စမ်းသပ်မှု အဆင့်သုံးဆင့်၌ တိုးတက်မှုရရှိထားပြီး ကာကွယ်ဆေးထိုးနှံပြီးနောက် ကောင်းမွန်သော ဘေးကင်းစိတ်ချရမှုအဆင့် ရရှိထားကြောင်း ကုမ္ပဏီက ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

CoronaVac ကာကွယ်ထိုးနှံပြီး ၁၄ ရက်ကြာပြီးနောက် COVID-19 ကြောင့် ဖြစ်ပွားသော ရောဂါများကို ကာကွယ်ရာတွင် ယင်းကာကွယ်ဆေး၏ ထိရောက်မှုမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ထားသော ဆက်စပ်နည်းပညာစံနှုန်းများနှင့် NMPA ၏ လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိကြောင်းလည်း ထုတ်ပြန်ချက်က ဆိုသည်။ (Xinhua)

#China, #Sinovac, #COVID-19, #Vaccine, #Xinhua, #တရုတ်, #ကာကွယ်ဆေး, #ဆင်ဟွာ
…………………………………………
(English Version)
Sinovac applies for conditional marketing authorization of COVID-19 vaccine
Source: Xinhua| 2021-02-04 00:25:34|Editor: huaxia
BEIJING, Feb. 3 (Xinhua) — Beijing-based Sinovac Life Sciences Co., Ltd. on Wednesday filed an application with Chinese authorities for conditional marketing authorization of its anti-COVID-19 vaccine CoronaVac.
The application has been received by the National Medical Products Administration (NMPA), according to Sinovac Biotech Ltd., which has a majority stake in the vaccine producer.
The inactivated vaccine CoronaVac has made progress in phase three clinical trials overseas, showing a good level of safety after inoculation, according to a company statement.
Fourteen days after the inoculation of two doses of CoronaVac, the effectiveness of the vaccine in protecting against diseases caused by COVID-19 has met the relevant technical standards laid out by the World Health Organization and the requirements of the NMPA, the statement said. Enditem
A staff member displays samples of the COVID-19 inactivated vaccine at Sinovac Biotech Ltd., in Beijing, capital of China, March 16, 2020. (Xinhua/Zhang Yuwei)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.