MYANMAR
မြန်မာနိုင်ငံ တွင် COVID-19 အတည်ပြုလူနာ ၁၃၉ ဦးရှိလာ
ရန်ကုန်၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)
အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) နှင့် ဆေးသုတေသနဦးစီးဌာန (ရန်ကုန်) ၏ ဓာတ်ခွဲစစ်ဆေးမှုများအရ ဧပြီ ၂၄ ရက် နံနက် ၁၀ နာရီ အချိန် အထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၁၃၉) ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာ န ၏ ထုတ်ပြန်ချက်အရ သိရသည်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) နှင့် ဆေးသုတေသနဦးစီးဌာန (ရန်ကုန်) တို့ သည် ဧပြီ ၂၃ ရက်တွင် စုစုပေါင်း (၃၂၉) ဦးတို့၏ ဓာတ်ခွဲနမူနာများအား စစ်ဆေးခဲ့ရာ စုစုပေါင်း (၁၂) ဦး၏ ဓာတ်ခွဲနမူနာများတွင် COVID-19 ရောဂါပိုးတွေ့ရှိရပြီး ကျန် (၃၁၇) ဦး တွင် COVID-19 ရောဂါပိုးမတွေ့ရှိရကြောင်း သိရသည်။
ထို့ကြောင့် ဧပြီ ၂၄ ရက် နံနက် (၁၀:၀၀) နာရီအချိန်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၃၉) ဦး တွေ့ရှိခဲ့ပြီး သေဆုံးလူနာ (၅) ဦးနှင့် ရောဂါသက်သာ၍ ဆေးရုံမှ ဆင်းခွင့်ရရှိသူ (၉) ဦး ရှိကြောင်း၊ လူနာများအား သက်ဆိုင်ရာဆေးရုံများတွင် ဆေးကုသမှုပေးလျက်ရှိကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)