Connect with us

MYANMAR

မြန်မာနိုင်ငံ တွင် COVID-19 အတည်ပြုလူနာ ၁၃၉ ဦးရှိလာ 

နှာခေါင်းစည်းနှင့် ဈေးရောင်းနေသူ အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ) 

အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) နှင့်  ဆေးသုတေသနဦးစီးဌာန (ရန်ကုန်) ၏   ဓာတ်ခွဲစစ်ဆေးမှုများအရ ဧပြီ ၂၄ ရက် နံနက် ၁၀ နာရီ အချိန် အထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၁၃၉) ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာ န ၏ ထုတ်ပြန်ချက်အရ သိရသည်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) နှင့် ဆေးသုတေသနဦးစီးဌာန (ရန်ကုန်) တို့ သည်  ဧပြီ ၂၃ ရက်တွင်  စုစုပေါင်း (၃၂၉) ဦးတို့၏ ဓာတ်ခွဲနမူနာများအား စစ်ဆေးခဲ့ရာ စုစုပေါင်း (၁၂) ဦး၏ ဓာတ်ခွဲနမူနာများတွင် COVID-19 ရောဂါပိုးတွေ့ရှိရပြီး ကျန် (၃၁၇) ဦး တွင် COVID-19 ရောဂါပိုးမတွေ့ရှိရကြောင်း သိရသည်။ 

ထို့ကြောင့် ဧပြီ ၂၄ ရက် နံနက် (၁၀:၀၀) နာရီအချိန်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၃၉) ဦး တွေ့ရှိခဲ့ပြီး သေဆုံးလူနာ (၅) ဦးနှင့် ရောဂါသက်သာ၍ ဆေးရုံမှ ဆင်းခွင့်ရရှိသူ (၉) ဦး ရှိကြောင်း၊ လူနာများအား သက်ဆိုင်ရာဆေးရုံများတွင် ဆေးကုသမှုပေးလျက်ရှိကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။  (Xinhua)