Connect with us

MYANMAR

COVID-19 ရောဂါ အတည်ပြုလူနာ ၈၂ ဦး ထပ်မံ စစ်ဆေးတွေ့ရှိ၊ ပိုးရှိသူ ၁,၈၈၉ ဦး ထိရှိလာ

COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအဖြစ် ရပ်ကွက်များအတွင်း ဆေးစစ်မှုများပြုလုပ်စဉ်(ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ ယနေ့ (စက်တင်ဘာ ၉ ရက်) ညပိုင်း၌ COVID-19ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၈၂ ဦး ထပ်မံ စစ်ဆေးတွေ့ရှိသဖြင့် ရောဂါပိုးရှိသူ စုစုပေါင်း ၁,၈၈၉ ဦးထိ ရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ယနေ့ ဓာတ်ခွဲနမူနာပေါင်း ၁,၂၂၆ ခုအား စစ်ဆေးရာတွင် ရန်ကုန်တိုင်းဒေသကြီးတွင် ဓာတ်ခွဲအတည်ပြုလူနာ ၃၀ ဦး ၊မန္တလေးတိုင်းဒေသကြီးတွင် ဓာတ်ခွဲအတည်ပြုလူနာ ၃ ဦး ၊ ရခိုင်ပြည်နယ်တွင် ဓာတ်ခွဲအတည်ပြုလူနာ ၄၀ ဦး၊ မွန်ပြည်နယ်တွင် ဓာတ်ခွဲအတည်ပြုလူနာ ၄ ဦးနှင့် ဧရာဝတီတိုင်းဒေသကြီးတွင် ဓာတ်ခွဲအတည်ပြုလူနာ ၁ ဦး စုစုပေါင်း ၈၂ ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်တွင် ၂၇ ဦး၊ မင်းပြားမြို့နယ်တွင် ၅ ဦး၊ မောင်တောမြို့နယ်တွင် ၃ ဦး၊ ပေါက်တောမြိုနယ်တွင် ၅ ဦးနှင့် ပုဏ္ဏားကျွန်းမြို့နယ်တွင် ၄ ဦး၊မွန်ပြည်နယ် မော်လမြိုင်တွင် ၄ ဦး၊ ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်(ငွေသောင်ယံ)တွင် ၁ ဦး၊ မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်တွင် ၂ ဦးနှင့် အမရပူရမြို့နယ်တွင် ၁ ဦးတို့တွင် COVID-19 ရောဂါ စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

အလားတူ ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်တွင် ၆ ဦး၊ လှိုင်သာယာမြို့နယ်တွင် ၃ ဦး၊ မရမ်းကုန်းမြို့နယ်တွင် ၃ ဦး၊ စမ်းချောင်းမြို့နယ်တွင် ၂ ဦး၊ သာကေတမြို့နယ်တွင် ၂ ဦး၊ မြောက်ဥက္ကလာပမြို့နယ်တွင် ၂ ဦး၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ၂ ဦး၊ ဒေါပုံမြို့နယ်တွင်၁ ဦး၊ လမ်းမတော်မြို့နယ်တွင် ၁ ဦး၊ ပုဇွန်တောင်မြို့နယ်တွင် ၁ ဦး၊ ဒဂုံမြို့နယ်တွင် ၁ ဦး၊ ဗိုလ်တထောင်မြို့နယ်တွင် ၁ ဦး၊ ကြည်မြင်တိုင်မြို့နယ်တွင် ၁ ဦး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)တွင် ၁ ဦး၊ တာမွေမြို့နယ်တွင် ၁ ဦးနှင့် ရန်ကင်းမြို့နယ်တွင် ၁ ဦးတို့ စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များအနက် ဆေးရုံးဆင်းလူနာ (၉၃) ဦးရှိသဖြင့် စုစုပေါင်း (၅၅၃) ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ယနေ့အထိ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူပေါင်း (၁၂)ဦး ရှိကြောင်း သိရသည်။  (Xinhua)