MYANMAR
COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၈၅) ဦး ထပ်မံတွေ့ရှိ၊ သေဆုံးသူ ၄၀ ဦးထိရှိလာ

ရန်ကုန်၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)
ယနေ့ ( စက်တင်ဘာ ၁၆ ရက်) ညပိုင်းတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်(၁၈၅) ဦး ထပ်မံတွေ့ရှိပြီး သေဆုံးသူလည်း ၄၀ ဦးထိရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
COVID-19 ကုသရေးဌာန (ဒဂုံဆိပ်ကမ်း) တွင် တက်ရောက်ကုသမှုခံယူခဲ့သော အသက် (၇၃) နှစ်အရွယ် ကျောက်ကပ်ရောဂါအခံရှိသူ အမျိုးသမီး (Case-2645) သည် ပြင်းထန်အဆုတ်ရောင် ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်းပျက်စီးခြင်းဖြင့် စက်တင်ဘာ ၁၅ ရက်၊ နံနက် (၁၀:၁၅) နာရီအချိန်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ယခုအခါ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၃,၈၂၁) ဦးရှိပြီ ဖြစ်ကြောင်း သိရသည်။ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များအနက် ရောဂါသက်သာပျောက်ကင်း၍ စုစုပေါင်း လူနာ(၉၀၈) ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)