Connect with us

MYANMAR

COVID-19 ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ ၄၆ ဦးထိ ရှိလာ

COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအဖြစ် နှာခေါင်းစည်းများ တပ်ဆင်သွားလာစဉ်(ဆင်ဟွာ) COVID-19 ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ ၄၆ ဦးထိ ရှိလာ

ရန်ကုန်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ ၄၆ ဦးထိရှိလာကြောင်း ယနေ့ (စက်တင်ဘာ ၁၇ ရက်) နံနက်ပိုင်းတွင် ထုတ်ပြန်သော ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာ၏ ထုတ်ပြန်ချက်အရ သိရသည်။

ယနေ့ နံနက် ၁ နာရီ ၄၅ မိနစ်တွင် တောင်ဥက္ကလာပအထူးကုဆေးရုံကြီး၌ တက်ရောက်ကုသမှုခံယူနေသော အသက် (၁၃) နှစ်အရွယ် အမျိုးသမီး (Case-2531) သည် ပြင်းထန်အဆုတ်ရောင် ရောဂါကြောင့် ရုတ်တရက် အသက်ရှူလမ်းကြောင်းပျက်စီးခြင်း၊ သွေးနှင့်ဆိုင်သော ရောဂါအခံရှိခြင်းတို့ဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူခဲ့‌သော အသက် (၈၄) နှစ်အရွယ် အဆုတ်တီဘီရောဂါဖြစ်ဖူးခြင်း နှင့် သွေးတိုးရောဂါအခံရှိသူ အမျိုးသား (Case-3599) သည် ပြင်းထန်အဆုတ်ရောင် ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်းပျက်စီးခြင်းဖြင့် စက်တင်ဘာ ၁၄ ရက် ညနေ (၇:၂၆) နာရီအချိန်တွင် သေဆုံးသွားခဲကြောင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူခဲ့‌သော အသက် (၅၈) နှစ်အရွယ်အမျိုးသား (Case-3370) သည် ပြင်းထန်အဆုတ်ရောင် ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်းပျက်စီးခြင်းဖြင့် စက်တင်ဘာ ၁၄ ရက်၌ည (၇:၃၀) နာရီ အချိန်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

အလားတူအင်းစိန်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူခဲ့‌သော အသက် (၆၅) နှစ်အရွယ် အဆုတ်တီဘီရောဂါဖြစ်ဖူးခြင်း နှင့် ဆီးချိုရောဂါအခံရှိသူ အမျိုးသား (Case-3540) သည် ပြင်းထန်အဆုတ်ရောင် ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်းပျက်စီးခြင်းဖြင့် စက်တင်ဘာ ၁၄ ရက် ညနေ (၃:၀၀) နာရီအချိန်တွင် သေဆုံးသွားခဲ့ကြောင်း နှင့် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူခဲ့‌သော အသက် (၇၅) နှစ်အရွယ် နှလုံးရောဂါနှင့် နာတာရှည်ကျောက်ကပ်ရောဂါနှင့် ဆီးချိုရောဂါအခံရှိသူ အမျိုးသမီး (Case-3361) သည် ပြင်းထန်အဆုတ်ရောင် ရောဂါကြောင့် ရုတ်တရက်အသက်ရှူ လမ်းကြောင်း ပျက်စီး ခြင်းဖြင့် စက်တင်ဘာ ၁၄ ရက် ညနေ (၆:၁၀) နာရီအချိန်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူခဲ့‌သော အသက် (၉၀) နှစ်အရွယ် နှလုံးသွေးကြောကျဉ်းရောဂါအခံရှိ၍ လေဖြတ်ထားဖူးသူ အမျိုးသား (Case-2911) သည် ပြင်းထန်အဆုတ်ရောင် ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်းပျက်စီးခြင်း ဖြင့်စက်တင်ဘာ ၁၃ ရက် နံနက် (၉:၂၀) နာရီအချိန်တွင် သေဆုံးသွားခဲကြောင်း သိရသည်။

စက်တင်ဘာ ၁၆ ရက် ည(၈)နာရီမှ စကိတင်ဘာ ၁၇ ရက် နံနက်(၈)နာရီထိ ဓာတ်ခွဲနမူနာ (၂,၅၉၉) ခုတို့အား ထပ်မံ စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် (၇၃) ဦးတွေ့ရှိခဲ့ကြောင်း သိရသည်။ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၃,၈၉၄) ဦးထိရှိလာကြောင်း သိရသည်။  (Xinhua)