MYANMAR
COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ၁၁ ဦး ထပ်မံသေဆုံး၊ သေဆုံးသူ စုစုပေါင်း ၅၇ ဦးထိရှိလာ

ရန်ကုန်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာများအနက် စက်တင်ဘာ ၁၇ ရက် မွန်းလွဲ ၃နာရီထိ သေဆုံးသူ ၁၁ ဦးထိရှိလာသဖြင့် သေဆုံးသူ စုစုပေါင်း ၅၇ ဦးထိရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာ၏ ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသနေသော အသက်(၆၀)အရွယ် အမျိုးသား(Case 3714) သည် စက်တင်ဘာ ၁၆ ရက် နံနက် ၂နာရီ ၅၀ မိနစ်တွင်လည်းကောင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသနေသော အသက်(၆၅) နှစ်အရွယ် အမျိုးသားတစ်ဦး(Case 3766)သည် စက်တင်ဘာ ၁၆ ရက် နေ့လည် ၂နာရီ ၃၀တွင်လည်းကောင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသနေသော အသက်(၆၇) နှစ်အရွယ် အမျိုးသားတစ်ဦး(Case 3769)သည် စက်တင်ဘာ ၁၅ရက် နေ့လည် ၂နာရီ တွင်လည်းကောင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသနေသော အသက်(၆၄) နှစ်အရွယ် အမျိုးသမီးတစ်ဦး(Case 3366)သည် စက်တင်ဘာ ၁၄ ည ၁၀ နာရီတွင်လည်းကောင်း အသီးသီးကွယ်လွန်ခဲ့ကြောင်း သိရသည်။
အလားတူ သင်္ဃန်းကျွန်းစံပြဆေးရုံကြီးတွင် တက်ရောက်ကုသနေသော အသက်(၂၄) နှစ်အရွယ် အမျိုးသားတစ်ဦး(Case 3770)သည် စက်တင်ဘာ ၁၅ ည ၁၀ နာရီ ၅၀ မိနစ်တွင်လည်းကောင်း၊ တောင်ဥက္ကလာပဆေးရုံတွင် တက်ရောက်ကုသနေသော အသက်(၅၂)နှစ်အရွယ် အမျိုးသားတစ်ဦး(Case 3770)သည် စက်တင်ဘာ ၁၇ ရက် နံနက် ၅နာရီ ၁၅ မိနစ်တွင်လည်းကောင်း၊ ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးတွင် တက်ရောက်ကုသနေသော အသက်(၆၀) နှစ်အရွယ် အမျိုးသမီးတစ်ဦး(Case 3768)သည် စက်တင်ဘာ ၁၆ ရက် ည ၈နာရီကျော် တွင်လည်းကောင်း သေဆုံးခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး မန္တလေးတိုင်းဒေသကြီးရှိ ပြည်သူဆေးရုံတွင် တက်ရောက် တက်ရောက်ကုသနေသော အသက်(၈၀) နှစ်အရွယ် အမျိုးသမီးတစ်ဦး(Case 3658)သည် စက်တင်ဘာ ၁၆ ရင် ည ၁၁ နာရီကျော်တွင်လည်းကောင်း၊ တောင်ဥက္ကလာပဆေးရုံတွင် တက်ရောက်ကုသနေသော အသက်(၆၇)နှစ်အရွယ် အမျိုးသမီးတစ်ဦး(Case 3315 )သည် စက်တင်ဘာ ၁၆ ရက် ည ၆နာရီကျော်တွင်လည်းကောင်း၊ ဝေဘာဂီအထူးကုဆေးရုံးကြီးတွင် တက်ရောက်ကုသနေသော အသက်( ၆၅) နှစ်အရွယ် အမျိုးသမီးတစ်ဦး(Case 3352)သည် စက်တင်ဘာ၁၆ ရက် ည ၉ နာရီကျော်တွင် လည်းကောင်း၊ ရန်ကုန်အရှေ့ပိုင်းဆေးရုံတွင် တက်ရောက်ကုသနေသော အသက်(၅၈) နှစ်အရွယ် အမျိုးသားတစ်ဦး(Case 3708)သည် စက်တင်ဘာ ၁၅ ရက် နံနက် ၆နာရီကျော်တွင် လည်းကောင်း သေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံတွင် လက်ရှိအချိန်ထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၃,၈၉၄)ဦးထိရှိလာကြောင်း သိရသည်။ (Xinhua)