MYANMAR
COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ၁၃ ဦး ထပ်မံသေဆုံး၊ သေဆုံးသူ ၁၁၃ ဦးထိရှိလာ

ရန်ကုန်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာများအနက် စက်တင်ဘာ ၁၇ ရက် နေ့လည် ၂နာရီထိ နောက်ထပ် သေဆုံးသူ ၁၃ ဦးထိရှိလာသဖြင့် သေဆုံးသူ စုစုပေါင်း ၁၁၃ ဦးထိရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာ၏ ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသနေသော အသက် (၄၅)နှစ်အရွယ် အမျိုးသား(Case 5974)သည် စက်တင်ဘာ ၂၁ ရက် နေ့လယ် (၂:၀၀) နာရီတွင်လည်းကောင်း၊
ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသနေသော အသက်(၅၃)နှစ်အရွယ် အမျိုးသမီး(Case 5967)သည် စက်တင်ဘာ ၂၀ ရက် နေ့လယ် (၃:၀၀) နာရီတွင်လည်းကောင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသနေသော အသက် (၇၃ )နှစ်အရွယ် အမျိုးသား (Case 5970)သည် စက်တင်ဘာ ၂၀ရက် နံနက် ၇နာရီတွင် လည်းကောင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသနေသော အသက် (၇၈)နှစ်အရွယ် အမျိုးသမီး( Case 5969 )သည် စက်တင်ဘာ ၂၀ ရက် နံနက် ၇နာရီ ၂၀မိနစ်တွင် လည်းကောင်း၊
တောင်ဥက္ကလာပ အထူးကုဆေးရုံကြီးတွင် တက်ရောက်ကုသနေသော အသက် (၇၁)နှစ်အရွယ် အမျိုးသမီး (Case 1992)သည် စက်တင်ဘာ ၁၁ ရက် နံနက် (၄:၄၅) နာရီတွင်လည်းကောင်း၊ COVID-19 ကုသရေးဌာန (ဖောင်ကြီး)တွင် တက်ရောက်ကုသနေသော အသက် (၇၂)နှစ်အရွယ် အမျိုးသမီး ( Case 5385)သည် စက်တင်ဘာ ၂၁ ရက် ည (၁၀:၂၀) နာရီတွင်လည်းကောင်း အသီးသီး သေဆုံးခဲ့ကြောင်း သိရသည်။
အလားတူ ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးတွင် တက်ရောက်ကုသနေသော အမျိုးသား(Case 5932)သည် စက်တင်ဘာ ၂၀ရက် နေ့လည် (၃:၃၅) နာရီ တွင်လည်းကောင်း ၊ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသနေသော အသက် (၅၀)အရွယ် အမျိုးသား (Case 5892)သည် စက်တင်ဘာ ၂၁ ရက် နံနက် (၁:၂၅) နာရီတွင်လည်းကောင်း၊
မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသနေသော အသက် ၇၉ နှစ်အရွယ် အမျိုးသမီး ( Case 5897 )သည် စက်တင်ဘာ ၁၉ ရက် နေ့လည် (၁:၄၅) နာရီတွင် လည်းကောင်း၊ သင်္ဃန်းကျွန်းစံပြဆေးရုံကြီးတွင် တက်ရောက်ကုသနေသော အသက်(၈၀)နှစ်အရွယ် အမျိုးသမီး (Case 6308)သည် စက်တင်ဘာ ၂၀ ရက်
ည (၇:၁၅) နာရီတွင်လည်းကောင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသနေသော အသက် (၃၀)နှစ်အရွယ် အမျိုးသမီး(Case 5999 )သည် စက်တင်ဘာ ၁၉ ရက်
နံနက် (၁၀:၁၅) နာရီတွင် လည်းကောင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသနေသော အသက် (၇၁)နှစ်အရွယ် အမျိုးသား (Case 6000 )သည် စက်တင်ဘာ ၁၉ ရက်
နံနက် (၇:၂၀) နာရီတွင်လည်းကောင်းနှင့် န်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသနေသော အသက် (၈၀)နှစ်အရွယ် အမျိုးသား (Case 6001)သည် စက်တင်ဘာ ၁၉ ရက် ည ၉နာရီ ၄၅ မိနစ်တွင် လည်းကောင်း သေဆုံးခဲ့ကြောင်း သိရသည်။မြန်မာနိုင်ငံတွင် လက်ရှိ အချိန်ထိ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ (၆,၄၇၀) ဦး ရှိပြီး သေဆုံးသူ ၁၁၃ ဦးထိ ရှိလာကြောင်း သိရသည်။( Xinhua)