MYANMAR
ယနေ့ COVID-19 အတည်ပြုလူနာသစ်(၁,၂၉၄)ဦး နှင့် သေဆုံးသူ (၄၁)ဦး ရှိ

ရန်ကုန်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)
လွန်ခဲ့သော ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း (၈,၁၀၇) ခု အားစစ်ဆေးခဲ့ရာ COVID-19 အတည်ပြုလူနာသစ် (၁,၂၉၄) ဦးတွေ့ရှိခဲ့ပြီး အတည်ပြုလူနာစုစုပေါင်း (၁၇,၇၉၄) ရှိပြီဖြစ်ကြောင်း၊ ယနေ့သေဆုံးလူနာအသစ် (၄၁) ဦးရှိကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန မှ အောက်တိုဘာ ၄ ရက် ည၈ နာရီတွင်ထုတ်ပြန်သော စာရင်းအရသိရသည်။
ယနေ့ညထုတ်ပြန်သောစာရင်းအရ သေဆုံးသူ (၄၁)ဦး ရှိသောကြောင့် ယနေ့ အထိ သေဆုံးသူ စုစုပေါင်း (၄၁၂) ဦးရှိပြီဖြစ်ကြောင်း သိရသည်။ လွန်ခဲ့သော ၂၄ နာရီ အတွင်း ဆေးရုံဆင်းခွင့်ရရှိသူ(၄၀၀) ဦး ရှိပြီး၊ လက်ရှိအချိန်အထိ စုစုပေါင်း (၅,၁၉၅)ဦး ဆေးရုံမှ ဆင်းခွင့်ရရှိပြီးဖြစ်ကြောင်း သိရသည်။
Rapid Antigen Diagnostic Test Kit များဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံကြီးများတွင် ဆက်လက်စစ်ဆေးလျက်ရှိပြီး အဆိုပါစစ်ဆေးမှုများတွင် အနံ့မရရှိသူများလည်း ပါဝင်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။
အောက်တိုဘာ ၃ ရက်တွင် တွေ့ရှိခဲ့သည့် COVID-19 အတည်ပြုလူနာစာရင်းအရ ရန်ကုန်တိုင်းဒေသကြီး မှ ရန်ကုန်တိုင်းဒေသကြီး မှ (၇၁၁) ဦးဖြင့် အများဆုံးတွေ့ရှိခဲ့ပြီး၊မန္တလေးတိုင်းဒေသကြီး မှ(၅၇)ဦး၊ ရခိုင်ပြည်နယ်မှ (၁၁၅) ဦး၊ ပဲခူးတိုင်းဒေသကြီးမှ(၅၄)ဦး၊ဧရာဝတီတိုင်းဒေသကြီးမှ (၂)ဦး၊ မွန်ပြည်နယ်မှ (၉)ဦး၊မကွေးတိုင်းဒေသကြီးမှ (၉)ဦး၊ နေပြည်တော်မှ (၉)ဦး၊ရှမ်းပြည်နယ်တောင်ပိုင်းမှ ၄ဦး ၊တနင်္သာရီတိုင်းဒေသကြီးမှ ၄ ဦး နှင့် ကရင်ပြည်နယ် မှ (၁) ဦး စုစုပေါင်း (၉၇၅)ဦး အား တွေ့ရှိခဲ့ကြောင်း သိရသည်။ (Xinhua)