Connect with us

MYANMAR

COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် ၉၈၇ ဦး တွေ့ရှိ ၊ သေဆုံးလူနာ ၃၂ ဦး ထပ်တိုး 

ရန်ကုန်မြို့၌ ဘတ်စ်ကား ပေါ်တွင် နှာခေါင်းစည်း တပ်ဆင်၍ စီးနင်းလိုက်ပါလာသူ တစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ)

လွန်ခဲ့သော ၂၄ နာရီအတွင်း COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် ၉၈၇ ဦး တွေ့ရှိခဲ့ပြီး သေဆုံးလူနာ ၃၂ ဦး ထပ်တိုးလာခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက ယနေ့ ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ 

COVID-19 ဓာတ်ခွဲနမူနာ စုစုပေါင်း ၈,၂၈၅ ခု အား အောက်တိုဘာ ၄ ရက် ည ၈ နာရီမှ အောက်တိုဘာ ၅ ရက် ည ၈ နာရီအတွင်း စစ်ဆေးပြီးစီးခဲ့ရာ လူနာသစ် ၉၈၇ ဦး တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး Rapid Antigen Diagnostic Test Kit များဖြင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဆေးရုံကြီးများ နှင့် မြို့နယ်များတွင် ဆက်လက် စစ်ဆေးလျက်ရှိပြီး အဆိုပါ စစ်ဆေးမှုများတွင် အနံ့မရရှိသူများလည်း ပါဝင်ကြောင်း ထုတ်ပြန်ခဲ့သည်။ 

လွန်ခဲ့သော ၂၄ နာရီအတွင်း သေဆုံးလူနာမှာ ၃၂ ဦး ရှိခဲ့သဖြင့် သေဆုံးလူနာ စုစုပေါင်း ၄၄၄ ဦး ရှိလာခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံ၌ ယခုအချိန်ထိ COVID-19 ဓာတ်ခွဲနမူနာ စုစုပေါင်း ၃၃၂,၈၇၅ ခုအား စစ်ဆေးခဲ့ပြီးနောက် အတည်ပြုလူနာ စုစုပေါင်း ၁၈,၇၈၁ ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။

ထို့အတူ ၂၄ နာရီအတွင်း ဆေးရုံဆင်းခွင့် ရရှိသူ ၃၅၃ ဦး ရှိခဲ့သဖြင့် ယခုအထိ ဆေးရုံဆင်းခွင့် ရရှိသူပေါင်း ၅,၅၄၈ ဦး ရှိလာပြီ ဖြစ်ကြောင်း သိရသည်။ COVID-19 ကူးစက်ပြန့်ပွားမှုကို အမြန်ဆုံးနှင့် အထိရောက်ဆုံး လျှော့ချနိုင်ရန်အတွက် ပြည်သူများ နိုင်ငံသားကောင်းပီသစွာဖြင့် အနည်းဆုံး မဖြစ်မနေ လုပ်ရမည့် အချက်တစ်ချက်မှာ နေအိမ်ပြင်ပသို့ ထွက်သည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း ( Mask ) ကို မပျက်မကွက် စနစ်တကျ အမြဲတပ်ဆင်ပါရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားထားသည်။ (Xinhua)

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.