MYANMAR
COVID-19 ရောဂါကြောင့် သေဆုံးသူ ၉၇၂ ဦးထိရှိလာ

ရန်ကုန် ၊ အောက်တိုဘာ ၂၁ ရက်(ဆင်ဟွာ)
မြန်မာနိုင်ငံတွင် ယနေ့(အောက်တိုဘာ ၂၁ ရက်) ညပိုင်းထိ COVID-19 ရောဂါကြောင့် သေဆုံးသူ ၉၇၂ ဦးထိရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
လွန်ခဲ့သည့် ၂၄နာရီအတွင်း သေဆုံးသူ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၂၇ ဦးရှိခဲ့သဖြင့် သေဆုံးသူ စုစုပေါင်း ၉၇၂ဦးထိ ရှိလာခဲ့ခြင်းဖြစ်သည်။ယနေ့သေဆုံးသူ ၂၇ ဦးတွင် ၂၀ ဦးသည် ရောဂါအခံရှိသူများဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အလားတူ လွန်ခဲ့သည့် ၂၄ နာရီအတွင်း COVID-19 အတည်ပြုလူနာသစ် ၁,၁၉၄ဦး တိုးလာပြီး ရောဂါဖြစ်ပွားသူ ၃၉,၆၉၆ ဦးထိရှိလာကြောင်း၊ ရောဂါပျောက်ကင်း၍ ယနေ့ ဆေးရုံဆင်းခွင့်ရရှိသူ ၇၁၈ ဦးရှိသဖြင့် ဆေးရုံဆင်းခွင့်ရသူ စုစုပေါင်း ၁၈,၈၆၅ဦးထိရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
COVID-19 ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၄,၃၆၂ခု အား အောက်တိုဘာ ၂၀ရက် ည ၈ နာရီမှ အောက်တိုဘာ ၂၁ရက်ည ၈ နာရီအတွင်း စစ်ဆေးပြီးစီးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၌ ယခုအချိန်ထိ COVID-19 ဓာတ်ခွဲနမူနာ စုစုပေါင်း ၅၅၂,၄၄၈ခု စစ်ဆေးခဲ့ပြီးဖြစ်သည်။ (Xinhua)