Connect with us

MYANMAR

ရန်ကုန်တိုင်းဒေသကြီး၌ COVID-19 ရောဂါ ဖြစ်ပွားမှု အကျပိုင်းတွင် ရှိလာနေဟုဆို

ရန်ကုန်မြို့ရှိ ဘတ်စ်ကားမှတ်တိုင်တစ်ခု တွင် ကားစီးရန် စောင့်ဆိုင်းနေသော ပြည်သူများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၌ COVID-19 ရောဂါ ဖြစ်ပွားမှုသည် အကျပိုင်းတွင် ရှိလာနေပြီး ထပ်မံကျဆင်းရန် ကြိုးစားနေကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြောရေးဆိုခွင့် အဖွဲ့ဝင် ၊ ကျန်းမာရေး အသိပညာ မြှင့်တင်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

“လက်ရှိကတော့ အကျပိုင်းလေးမှာ နည်းနည်းလေး တင်းပြီးခံနေတယ်။ ထပ်ပြီးကျဖို့အတွက် ကြိုးစားနေတယ်။ ပိုးတွေ့ရှိနှုန်းကတော့ ကျလာတယ်။ ပိုးတွေ့ရှိနှုန်းကတော့ အသက်လို့ပဲ ပြောရမှာပေါ့ ။ များများစစ်လေ ၊ များများတွေ့လေဟာမျိုး ရှိနိုင်တယ်။ ပိုးတွေ့ရှိနှုန်းက ၅ ရာခိုင်နှုန်း အောက်ကို ရောက်ရင်တော့ ကျွန်တော်တို့က ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့ အဆိုအရ ဖြေလျော့မှုတွေ စပြီး ဆောင်ရွက်နိုင်တယ်လို့ ပြောတယ် ။ “ဟု ၎င်းက ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်ခွဲအတည်ပြုလူနာများ ထပ်မံတွေ့ရှိရမှု ၊ ခရီးသွား ရာဇဝင် မရှိသည့်အပြင် ဓာတ်ခွဲအတည်ပြုလူနာများ နှင့်လည်း ထိတွေ့ခြင်း မရှိခဲ့သည့် လူနာများ တွေ့ရှိရမှု အချိန်တိုကာလအတွင်း များပြားလာသဖြင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ ပြည်သူများအနေဖြင့် မိမိနေအိမ်တွင် နေထိုင်ရန် (Stay at Home) လိုအပ်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ စက်တင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 ဓာတ်ခွဲအတည်ပြုလူနာ တွေ့ရှိမှုသည် အောက်တိုဘာ ၁၉ ရက်အထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ၂၉,၂၄၅ ဦး ရှိခဲ့သည်။ နေအိမ်၌ နေထိုင်ရေး(Stay at Home) အစီအစဉ် ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ အောက်တိုဘာ ၁၀ ရက်က အတည်ပြုလူနာ ၁,၉၀၆ ဦး အများဆုံး တွေ့ရှိခဲ့ရာမှ အောက်တိုဘာ ၁၉ ရက်တွင် ၇၇၃ ဦးသာ ရှိလာခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံး(ကိုကိုးကျွန်းမြို့နယ်မပါ)တွင် နေထိုင်သည့် ပြည်သူများ အနေဖြင့် စက်တင်ဘာ ၂၁ ရက်မှ စတင်၍ နေအိမ်၌ နေထိုင်ရေး(Stay at Home) အစီအစဉ်တွင် အကြုံးဝင်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက စက်တင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117