MYANMAR
တစ်ရက်အတွင်း COVID-19 ရောဂါဖြစ်ပွားသူ ၉၉၅ ဦးတွေ့ရှိ

ရန်ကုန် ၊ နိုဝင်ဘာ ၅ ရက်(ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော်
မြန်မာနိုင်ငံ၌ တစ်ရက်အတွင်း COVID-19 ရောဂါဖြစ်ပွားသူ ၉၉၅ ဦးတွေ့ရှိကြောင်း ယနေ့ (နိုဝင်ဘာ ၅ ရက် ) ညပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ယခင်နေ့( နိုဝင်ဘာ ၄ ရက်)ညပိုင်းတွင် COVID-19 ရောဂါဖြစ်ပွားသူ ၁,၁၃၆ ဦးရှိခဲ့ရာ ယနေ့ ပိုးတွေ့ရှိသူ ၉၉၅ ဦးရှိခဲ့ကြောင်း၊မြန်မာနိုင်ငံတွင် ယနေ့ (နိုဝင်ဘာ ၅ ရက်) ညပိုင်းအထိ COVID-19 ရောဂါဖြစ်ပွားသူ၅၇,၉၃၅ကျာ် ရှိပြီး ယနေ့ သေဆုံးသူ ၂၂ ဦးထပ်မံရှိခဲ့သဖြင့် သေဆုံးသူ စုစုပေါင်း ၁,၃၅၂ ဦးရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။
ယနေ့ သေဆုံးသူ ၂၂ ဦးအနက် ရောဂါအခံရှိသူ ၁၆ ဦးပါဝင်ကြောင်းသိရသည်။
COVID-19 ဓာတ်ခွဲစစ်ဆေးချက်များအရ ၂၄ နာရီအတွင်းဓာတ်ခွဲနမူနာစုစုပေါင်း ၁၃,၈၆၀ခုအားစစ်ဆေးပြီးစီးခဲ့နောက် ထိုသို့ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းနှင့် Rapid Antigen Diagnostic Test Kit များဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိဆေးရုံကြီးများနှင့် မြို့နယ်များတွင် ဆက်လက် စစ်ဆေးလျက်ရှိပြီးအဆိုပါ စစ်ဆေးမှုများတွင် လတ်တလောအနံ့မရရှိသူများလည်းပါဝင်ကြောင်းသိရသည်။
ရန်ကုန် တိုင်းဒေသကြီးအတွင်းအသွားအလာကန့်သတ် ထားရှိရာနေရာများမှ ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ် ထိတွေ့ခဲ့သူများအနက် Negative အဖြေထွက်ရှိခဲ့သည့် စုစုပေါင်း ၁၆၀၀ ဦးအား ဟိုတယ် ကွာရတင်း၊ Facility ကွာရတင်းနှင့် တို့၏ ၎င်းတို့နေအိမ်များတွင် သွားအလာကန့်သတ်ထားရှိ၍ ဆက်လက်စောင့်ကြပ် ကြည့်ရှုသွားမည် ဖြစ်ကြောင်းလည်းထည့်သွင်းဖော်ပြထားသည်။ (Xinhua)