MYANMAR
COVID-19 အတည်ပြုလူနာသစ် (၁,၅၀၉)ဦးတွေ့ရှိ၊ (၃၁) ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်
COVID-19 အတည်ပြုလူနာသစ် (၁,၅၀၉) ဦးအားတွေ့ရှိခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် အတည်ပြုလူနာစုစုပေါင်း(၈၉,၄၈၆) ဦးရှိလာပြီဖြစ်ကြောင်း၊ ယနေ့တွင် (၃၁)ဦးထပ်မံသေဆုံးခဲ့သဖြင့် လက်ရှိအချိန်အထိ သေဆုံးသူ စုစုပေါင်း (၁,၉၁၈) ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၏ နိုဝင်ဘာ ၂၉ ရက်ည ၈နာရီ ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သော ၂၄ နာရီအတွင်း COVID-19 ဓာတ်ခွဲအတည်ပြုလူနာများအနက်ဆေးရုံဆင်းခွင့်ရရှိသူ (၁,၃၂၂)ဦး ရှိခဲ့သဖြင့် ယခုထိ ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း (၆၈,၉၁၀)ဦး ရှိလာခဲ့ကြောင်း သိရသည်။
လွန်ခဲ့သော ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း (၁၅,၂၂၀) ခု အားစစ်ဆေးခဲ့ပြီး ယနေ့အထိဓာတ်ခွဲနမူနာစုစုပေါင်း(၁,၁၄၇,၈၄၁) ခုအားစစ်ဆေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ယနေ့သေဆုံးသူ(၃၁)ဦးအနက် ရောဂါအခံရှိသူ (၂၆)ဦးပါဝင်ကြောင်း၊ နိုဝင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သောဓာတ်ခွဲအတည်ပြုလူနာ (၁,၃၄၄)ဦးတွင် အနံ့မရရှိသူ (၂၆၂)ဦးပါရှိကြောင်း သိရသည်။ (Xinhua)