Connect with us

MYANMAR

COVID-19ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန် မြန်မာ တစ်နိုင်ငံလုံးရှိ စက်ရုံ၊ အလုပ်ရုံများ သတ်မှတ်ချက်နှင့် ကိုက်ညီမှ ပြန်လည်ဖွင့်လှစ်ခွင့်ပြုမည်

ရန်ကုန်မြို့တွင်းရှိ အထည်ချုပ်စက်ရုံ၌ လုပ်သားများအလုပ်လုပ်ကိုင်နေမှုအားတွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ)

COVID-19ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန် မြန်မာ တစ်နိုင်ငံလုံးရှိ စက်ရုံ၊ အလုပ်ရုံများ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အကြံပြုချက်၊ သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ပြီးမှသာ ပြန်လည်ဖွင့်လှစ်ခွင့်ပြုမည် ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှ င့်ြ ပည်သူ့အင်အားဝန်ကြီးဌာနနှင့် ကျွမ်းကျင်မှုဆိုင်ရာပူးပေါင်းအဖွဲ့များသည် သက်ဆိုင်ရာ စက်ရုံ အလုပ်ရုံ၊ အလုပ်ဌာနများကို ၂၀၂၀ပြည့်နှစ်၊ ဧပြီလ ၂၀ ရက်မှ ၃၀ ရက်အတွင်း စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး သတ်မှတ်ချက်များနှင့်ကိုက်ညီမှသာ ပြန်လည်ဖွင့် လှစ်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ဆေးမှုများဆောင်ရွက်ရာတွင်  ဆေးဝါးထုတ်လုပ်ရေးစက်ရုံများ၊ စားသောက်ကုန်ထုတ်လုပ်ရေးစက်ရုံများ၊  ကျန်းမာရေးလိုအပ်ချက်များနှင့်ကိုက်ညီပြီး ဖွင့်လှစ်ရန် အသင့်ဖြစ်နေသောစက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ၊ လုပ်သားဦးရေ(၁၀၀၀)နှင့်အထက်ရှိသော စက်ရုံ၊ အလုပ်ရုံများ၊  အခြားစက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများအား  ဦးစားပေးအစီအစဉ်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.