Connect with us

MYANMAR

 မြန်မာနိုင်ငံ၌ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၁၁) ဦးရှိလာ

COVID-19 ရောဂါ ကာကွယ်ရေးအဖြစ် ဆောင်ရွက်နေစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ)

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၏ ဧပြီ ၁၉ ရက် ဒုတိယအသုတ် စစ်ဆေးခဲ့သော ဓာတ်ခွဲနမူနာများအနက် ၃ဦးတွင် ထပ်မံ  COVID-19 ရောဂါပိုး တွေ့ရှိခဲ့သဖြင့်  COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၁၁) ဦးရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။

ဓာတ်ခွဲနမူနာ (၁၈၁) ခုအနက် (၃) ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိပြီး ကျန် (၁၇၈) ဦးတွင် COVID-19 ရောဂါပိုးမတွေ့ရှိ ကြောင်း၊အဆိုပါ လူနာသစ် (၃) ဦးကို သက်ဆိုင်ရာဆေးရုံများသို့ လွှဲပြောင်း၍ သီးခြားထားရှိကုသမှု ပေးသွားမည် ဖြကြောင်းအဆိုပါ ရောဂါပိုးတွေ့ရှိသူ ၃ ဦးသည် ရန်ကုန်တိုင်းဒေသကြီးလှိုင်သာယာ၊ သဃန်းကျွန်းနှင့် ဗိုလ်တထောင်မြို့နယ်တို့တွင် နေထိုင်သူများဖြစ်ကြောင်း သိရသည်။

 COVID-19 ရောဂါ ကာကွယ်ရေးအဖြစ် ဆောင်ရွက်နေစဉ်(ဆင်ဟွာ)

COVID-19 ရောဂါအတွက် (ပထမအသုတ် + ဒုတိယအသုတ်) ဓာတ်ခွဲစစ်ဆေးမှုတွင် တွေ့ရှိခဲ့သော လူနာသစ် စုစုပေါင်း (၄) ဦးရှိပြီး ကျန် (၃၆၅) ဦး၏ ဓာတ်ခွဲနမူနာများတွင် ရောဂါပိုးမတွေ့ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(Xinhua)