Connect with us

MYANMAR

တရုတ်နိုင်ငံတွင် SMEs လုပ်ငန်းများ ၉၀ ရာခိုင်နှုန်းကျော် ပြန်လည် လည်ပတ်

တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် ချင်းသောင်မြို့ရှိ အိမ်သုံးပစ္စည်းထုတ်လုပ်ရေးစက်ရုံလုပ်ငန်းခွင်အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် COVID-19 ရောဂါကြောင့် ရပ်နားထားခဲ့ရပြီးနောက် မေ ၁၈ ရက်အထိ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (SMEs) ၏ ၉၁ ရာခိုင်နှုန်းခန့် သည် လုပ်ငန်းများပြန်လည် လည်ပတ်နေပြီဖြစ်ကြောင်း တရားဝင် အချက်အလက်များအရ သိရသည်။

ကုန်ထုတ်လုပ်ရေးနှင့် ဆောက်လုပ်ရေးကဏ္ဍများရှိ SMEs လုပ်ငန်း ၉၃ ရာခိုင်နှုန်းခန့်၊ ဟိုတယ်နှင့် အစားအသောက်ကဏ္ဍများရှိ SMEs လုပ်ငန်း ၈၇ ရာခိုင်နှုန်းခန့်တို့သည် စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်လာခဲ့ကြောင်း စက်မှုလုပ်ငန်းနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန (MIIT) ပြောခွင့်ရပုဂ္ဂိုလ် ဟွမ်လိပင်းက မေ ၂၀ ရက်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် SMEs လုပ်ငန်းများကို ထောက်ပံ့ရန် ဦးတည်ထားသော ဆောက်ရွက်ချက်များစွာရှိကြောင်း၊ ယင်းအနက် ကူးစက်ရောဂါ အများဆုံးဖြစ်ပွားခဲ့သည့် ဒေသတွင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ဘဏ်၏ အရန်ငွေ လိုအပ်ချက်အချိုးများ လျှော့ချခြင်းများနှင့် အထူးပြန်လည်ငှားရမ်းခြင်းနှင့် ပြန်လည်လျှော့ပေးခြင်း အစီအစဉ်များကဲ့သို့ မူဝါဒများက စရိတ်နည်းချေးငွေ ယမ် ၂.၈၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၄၀၀ ဘီလီယံခန့်) ပေးရန် စီးပွားရေးလုပ်ငန်းများ အထူးသဖြင့် မိုက်ခရို၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများကို ပေးအပ်ထားလျက်ရှိကြောင်း MIIT ၏ အကြီးအကဲ မြောင်ဝေက ပြောခဲ့သည်။တရုတ်နိုင်ငံသည် SMEs လုပ်ငန်းများအတွက် မူဝါဒဆွဲဆောင်မှုများ အကောင်အထည်ဖော်ရန်နှင့် ငွေကြေးထောက်ပံ့မှု ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြောင်က ဆိုသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.