ရန်ကုန်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော် မြန်မာနိုင်ငံ၌ COVID-19 ရောဂါဖြစ်ပွားသူ စုစုပေါင်း ၁၃၂,၈၆၅ ဦးရှိပြီး သေဆုံးသူ၂,၉၁၂ ဦး ရှိကြောင်း ယနေ့ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနကထုတ်ပြန်သော သတင်းအရသိရသည်။
ဂျီနီဗာ၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဝန်ထမ်းများ အနေဖြင့် အလားအလာရှိသော အရေးပေါ်အသုံးပြုနိုင်မည့် ကာကွယ်ဆေး စာရင်းများအတွက် Sinovac နှင့် Sinopharm ကာကွယ်ဆေး ထုတ်လုပ်သော ကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ညွှန်ကြားရေးမှူးချုပ်...
ဂျကာတာ၊ ဇန်နဝါရီ ၁၄ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး အင်ဒိုနီးရှားနိုင်ငံတွင် တစ်နိုင်ငံလုံးအတိုင်းအတာအရ COVID-19 ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိရာ အဆင့်ခွဲ၍ တစ်နိုင်ငံလုံးရှိပြည်သူများအား အခမဲ့ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အာမန်၊ ဇန်နဝါရီ ၁၄ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ဂျော်ဒန်နိုင်ငံတွင် ဇန်နဝါရီ ၁၃ ရက်မှစ၍ COVID-19 ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းများ တစ်နိုင်ငံလုံး စတင်နေပြီဖြစ်ကြောင်း သိရသည်။ ပထမအသုတ် ကာကွယ်ဆေးထိုးနှံမှုကို ကပ်ရောဂါကာကွယ်ရေးဝန်ထမ်း၊ သက်ကြီးရွယ်အိုနှင့် နာတာရှည်ရောဂါအခံရှိသူများကို အဓိကထား ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
မော်စကို၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ရုရှားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအသစ် သိသိသာသာ ကျဆင်းနေသော်လည်း စိတ်ချရပြီဟု တွေးဆရန်မသင့်ကြောင်း သမ္မတ ဗလာဒီမာပူတင်က ဇန်နဝါရီ ၁၃ ရက်၌ သတိပေးပြောကြားခဲ့သည်။
ပေကျင်း၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ နိုင်ငံတကာကျွမ်းကျင်သူများအဖွဲ့သည် တရုတ်နိုင်ငံ ဝူဟန့်မြို့သို့ ဇန်နဝါရီ ၁၄ ရက်၌ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
အန်ကာရာ၊ ဇန်နဝါရီ ၁၄ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး တူရကီနိုင်ငံ ကျန်းမာရေးဝန်ကြီး Fahrettin Koca သည် ဇန်နဝါရီ ၁၃ ရက်က တရုတ်နိုင်ငံ Sinovac ကုမ္ပဏီမှ သုတေသနပြုထုတ်လုပ်သည့် COVID-19ကာကွယ်ဆေးထိုးနှံမှုခံယူခဲ့ရာ အဆိုပါ ကာကွယ်ဆေးထိုးနှံနေပုံကို ရုပ်မြင်သံကြားမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ကြောင်း သိရသည်။ ၎င်းနှင့်အတူ တူရကီ ကိုဗစ်ကပ်ရောဂါတုံ့ပြန်ရေး...
ရန်ကုန်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော် မြန်မာနိုင်ငံ၌ COVID-19 ရောဂါဖြစ်ပွားသူ နှစ်ရက်ဆက်တိုက် ၂ ရာခိုင်နှုန်းကျော်သာရှိကြောင်း ယနေ့ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။
ကွာလာလမ်ပူ၊ ဇန်နဝါရီ ၁၃ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး မလေးရှားနိုင်ငံပိုင်ဆေးဝါးထုတ်လုပ်မှုကုမ္ပဏီကြီးဖြစ်သည့် Pharmaniagaသည် ဇန်နဝါရီ ၁၂ ရက်က တရုတ်နိုင်ငံ Sinovacကုမ္ပဏီနှင့်အတူ COVID-19 ကာကွယ်ဆေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့သည်။ သဘောတူညီချက်အရ Sinovac ကုမ္ပဏီမှ မလေးရှားကို COVID-19 ကာကွယ်ဆေး တစ်ဝက်ကုန်ချော(Semi-finished products) (၁၄)သန်းပေးမည်ဖြစ်ပြီး...
ရန်ကုန် ၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် ဆက်လက်ပေးအပ်မည့် ယွမ်ငွေ ၃ သန်းတန်ဖိုးရှိ ပစ္စည်းများအနက် ပထမအသုတ် ဖြစ်သည့် ယွမ်ငွေ ၂၅၀,၀၀၀ တန်ဖိုးရှိ ဆေးပစ္စည်းများအား ယနေ့ ဇန်နဝါရီ...