Connect with us

WORLD

ဘရာဇီးနိုင်ငံတွင် ဗီဇပြောင်း COVID-19 ရောဂါပိုးအသစ်တစ်မျိုး ထပ်မံတွေ့ရှိ

ဘရာဇီးနိုင်ငံ မြို့တော် ဘရာဇီးလီယာ တွင် ဇန်နဝါရီ ၁၄ ရက် ၌ COVID-19 ရောဂါပိုး ကူးစက်ခံရသူ တစ်ဦးအား ဆေးရုံသို့ ပို့ဆောင်နေစဉ် (ဆင်ဟွာ)

ဆောပိုလို ၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

ဘရာဇီးနိုင်ငံ သတင်းမီဒီယာများ၏ ဇန်နဝါရီ ၁၄ ရက် သတင်းဖော်ပြချက်များအရ ဘရာဇီးနိုင်ငံ နှင့် ဗြိတိန်နိုင်ငံ မှ သုတေသနပညာရှင်များ က ဘရားဇီးနိုင်ငံ Amazonas ပြည်နယ်ရှိ COVID-19 ရောဂါပိုး နမူနာများကို စစ်ဆေးခဲ့ရာတွင် P.1 အမည်ရှိ ဗီဇပြောင်း COVID-19 ရောဂါပိုးကို တွေ့ရှိခဲ့ရကြောင်း သိရှိရသည်။

ယင်းသုတေသနရလဒ် နှင့် သက်ဆိုင်ရာ အချက်အလက်များအား ရောဂါပိုး ဗီဇပြောင်းလဲသည့် အကြောင်းအရာကို သီးသန့်ဆွေးနွေးသည့် ရောဂါဗေဒ အွန်လိုင်းဖိုရမ်တွင် ဖော်ပြထားကြောင်း ၊ သုတေသနဆောင်ရွက်ခဲ့သည့် ပညာရှင်၏ ပြောကြားချက်အရ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၅ ရက် မှ ၂၃ ရက် အတွင်း Amazonas ပြည်နယ်မြို့တော် Manaus ရှိ COVID-19 ရောဂါပိုး ကူးစက်ခံရကြောင်း စမ်းသပ်တွေ့ရှိခဲ့သည့် နမူနာ ၃၁ ခုကို ပြန်လည်စစ်ဆေးခဲ့ရာတွင် ၎င်းအနက် ၁၃ ခု က P.1 အမည်ရှိ ဗီဇပြောင်း COVID-19 ရောဂါပိုး ဖြစ်နေကြောင်း ၊ ယင်းအမျိုးအစား ဗီဇပြောင်း COVID-19 ရောဂါပိုး က E484K, K417T, N501Y စသည့် ပြောင်းလဲမှုများကို သယ်ဆောင်ထားပြီး ဗြိတိန် နှင့် တောင်အာဖရိကတွင် တွေ့ရှိခဲ့သည့် ဗီဇပြောင်း COVID-19 ရောဂါပိုးနှင့် အချို့နေရာများတွင် ဆင်တူနေကြောင်း သိရှိရသည်။

ဂျပန်နိုင်ငံတွင် လတ်တလောရက်ပိုင်းအတွင်း ဘရာဇီးနိုင်ငံမှ ဝင်ရောက်လာသည့် ခရီးသွားဧည့်သည် ၄ ဦးတွင် ဗီဇပြောင်း COVID-19 ရောဂါပိုး အားစစ်ဆေးတွေ့ရှိခဲ့ပြီး ၎င်းတို့၌ တွေ့ရှိခဲ့သည့် COVID-19 ရောဂါပိုး က ဗြိတိန် နှင့် တောင်အာဖရိကတွင် တွေ့ရှိခဲ့သည့် ဗီဇပြောင်း COVID-19 ရောဂါပိုးနှင့် အလုံးစုံတူညီမှု မရှိကြောင်း ၊ ဘရာဇီး နှင့် ဗြိတိန်နိုင်ငံ သုတေသနပညာရှင်များက အဆိုပါ ၄ ဦးမှာ P.1 အမည်ရှိ ဗီဇပြောင်း COVID-19 ရောဂါပိုး ကူးစက်ခံရနိုင်ဖွယ်ရှိကြောင်း ခန့်မှန်းခဲ့သည် ဟုသိရှိရသည်။

ဘရာဇီးနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ၏ ဇန်နဝါရီ ၁၄ ရက် ၁၈ နာရီ ၂၅ မိနစ် ထုတ်ပြန်ကြေညာချက်အရ လွန်ခဲ့သည့် ၂၄ နာရီအတွင်း ဘရာဇီးနိုင်ငံ ၌ COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ ၆၇,၇၅၈ ဦးရှိပြီး ရောဂါကူးစက်ခံရသူ စုစုပေါင်း ၈,၃၂၄,၂၉၄ ရှိကြောင်း ၊ COVID-19 ရောဂါကြောင့် ထပ်မံသေဆုံးခဲ့ရသူ ၁,၁၃၁ ဦးရှိပြီး COVID-19 ရောဂါကြောင့် သေဆုံးခဲ့ရသူ စုစုပေါင်း ၂၀၇,၀၉၅ ရှိကာ ရောဂါမှ ပြန်လည်သက်သာလာသူ ၇,၃၃၉,၇၀၃ ဦးရှိကြောင်း သိရှိရသည်။ (Xinhua)

—————————————
(Chinese Version)
(国际疫情)巴西发现新型变异新冠病毒
2021-01-15 11:31:16 分类: 科学技术
  新华社圣保罗1月14日电(记者宫若涵)据巴西媒体14日报道,巴西和英国研究人员在分析采集自巴西亚马孙州的新冠病毒样本时,发现了一种名为P.1的新型变异新冠病毒。
  这项研究已发表在专门讨论病毒进化等相关内容的“病毒学”网络论坛上。研究人员介绍,2020年12月15日至23日在亚马孙州首府玛瑙斯市采集的31份新冠病毒阳性样本中,有13份检测出变异新冠病毒P.1。这种变异病毒携带E484K、K417T、N501Y等多种突变,与在英国、南非发现的变异新冠病毒有部分相同之处。
  日本日前发现,4名从巴西入境该国的旅客感染了一种变异新冠病毒,且与英国和南非发现的变异新冠病毒不完全相同。巴西和英国研究人员推测,这4人感染的可能是P.1变异新冠病毒。
  目前研究人员正在分析这种变异新冠病毒的特点,例如是否具有更强的传染性、是否会影响现有新冠疫苗有效性等。
巴西卫生部14日18时25分公布的新冠疫情数据显示,该国24小时内新增确诊病例67758例,累计确诊8324294例;新增死亡病例1131例,累计死亡207095例;累计治愈7339703例。(完)

Photo

 1月14日,在巴西首都巴西利亚,新冠患者进入一所医院。(新华社发)