Connect with us

WORLD

တူရကီနိုင်ငံ သမ္မတ COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူ

တူရကီနိုင်ငံ အန်ကာရာမြို့ရှိ ဆေးရုံတစ်ရုံတွင် COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူနေသည့် သမ္မတ ရီဆပ် တေရစ် အာဒိုဂန် (ဝဲ) ကို ဇန်နဝါရီ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အန်ကာရာ၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

တူရကီနိုင်ငံတွင် COVID-19 တိုက်ဖျက်ရေး လူထုကာကွယ်ဆေးထိုးနှံမှု လုပ်ဆောင်လျက်ရှိသောကြောင့် သမ္မတ ရီဆပ် တေရစ် အာဒိုဂန် (Recep Tayyip Erdogan) သည် ၎င်း၏ ပထမအကြိမ် COVID-19 ကာကွယ်ဆေးထိုးနှံမှုကို ဇန်နဝါရီ ၁၄ ရက်က ခံယူခဲ့ကြောင်း သိရသည်။

မြို့တော်အန်ကာရာရှိ ဆေးရုံတစ်ခုတွင် ကာကွယ်ဆေးထိုးပြီးနောက် သမ္မတ အာဒိုဂန်က ပြည်သူများအား ကာကွယ်ဆေးထိုးနှံရေး တိုက်တွန်းကြရန် နိုင်ငံရေးပါတီ ခေါင်းဆောင်များနှင့် ဥပဒေပြုအမတ်များအားလုံးကို ပန်ကြားပြောဆိုခဲ့သည်။ “အထူးသဖြင့် နိုင်ငံရေးခေါင်းဆောင်တွေနဲ့ လွှတ်တော်အမတ်တွေအားလုံးက COVID-19 ကာကွယ်ဆေးထိုးကြဖို့တိုက်တွန်းတာနဲ့ စည်းရုံးလှုံ့ဆော်မှုကို ပိုမိုအားကောင်းစေတာတွေက မရှိမဖြစ်လိုအပ်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” ဟုပြောကြားခဲ့သည်။

တူရကီနိုင်ငံ အန်ကာရာမြို့ရှိ ဆေးရုံတစ်ရုံတွင် COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူနေသည့် သမ္မတ ရီဆပ် တေရစ် အာဒိုဂန် (ဝဲ) ကို ဇန်နဝါရီ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တူရကီနိုင်ငံ အန်ကာရာမြို့ရှိ ဆေးရုံတစ်ရုံတွင် COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူနေသည့် သမ္မတ ရီဆပ် တေရစ် အာဒိုဂန် (လယ်) ကို ဇန်နဝါရီ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)  

တူရကီနိုင်ငံတွင် ယခုအချိန်အထိ လူဦးရေ ၃၀၀,၀၀၀ ကျော် ကာကွယ်ဆေးထိုးနှံပြီးဖြစ်ကြောင်း၊ COVID-19 ကာကွယ်ဆေးထိုးနှံခြင်းသည် နိုင်ငံတွင် မလုပ်မနေရ မဟုတ်ကြောင်း အာဒိုဂန်က ပြောကြားခဲ့သည်။

တူရကီနိုင်ငံတွင် ဆေးဘက်ဆိုင်ရာဝန်ထမ်းဦးရေ တစ်သန်းနီးပါးကို ပထမဆုံး ကာကွယ်ဆေးထိုးရန် ရည်ရွယ်ထားသောကြောင့် ဇန်နဝါရီ ၁၄ ရက်က ကျန်းမာရေးဝန်ထမ်းများ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံခြင်းကို ရုပ်သံများက ထုတ်လွှင့်ပြသခဲ့သည်။ ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်သည် သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများပြီးလျှင် အသက် ၆၅ နှစ်နှင့် အထက်ရှိသူများကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အစီအစဉ်များအရ သိရသည်။

ကာကွယ်ဆေးကို ၂၈ ရက်ခြား၍ နှစ်ကြိမ်ထိုးနှံရမည်ဖြစ်ပြီး ရောဂါကူးစက်မှုမှ ပြန်လည်ကျန်းမာလာသူများ အနေဖြင့် နေပြန်ကောင်းပြီးနောက် လေးလမှ ခြောက်လအတွင်း ကာကွယ်ဆေးထိုးနှံ၍ ရဦးမည်မဟုတ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ Sinovac ကုမ္ပဏီမှ ကာကွယ်ဆေး အလုံးရေ သုံးသန်းသည် ဒီဇင်ဘာ ၃၀ ရက်က တူရကီနိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးကို တူရကီဆေးဝါးနှင့် ဆေးပစ္စည်းအေဂျင်စီက ဇန်နဝါရီ ၁၃ ရက်နေ့တွင် အရေးပေါ်အသုံးပြုရန် ခွင့်ပြုခဲ့သည်။ တူရကီ ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး Fahrettin Koca သည်လည်း နိုင်ငံ၏ သိပ္ပံကောင်စီ အကြံပေးအဖွဲ့ဝင်များနှင့်အတူ ကာကွယ်ဆေးထိုးနှံခဲ့သည်။

တူရကီနိုင်ငံတွင် ဇန်နဝါရီ ၁၄ ရက်က ရောဂါလက္ခဏာပြသည့်လူနာ ၉၅၈ ဦး အပါအဝင် COVID-19 ကူးစက်မှုအသစ် ၈,၉၆၂ ခု ရှိခဲ့ပြီး ကူးစက်ခံရသူစုစုပေါင်းအနေဖြင့် ၂,၃၆၄,၈၀၁ ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဖော်ပြချက်အရ သိရသည်။

တူရကီနိုင်ငံတွင် ဗိုင်းရပ်စ်ကြောင့် ထပ်မံသေဆုံးသူဦးရေ ၁၇၀ ရှိခဲ့သဖြင့် စုစုပေါင်းသေဆုံးသူ ၂၃,၄၉၅ ဦးအထိ မြင့်တက်လာခဲ့ပြီး ပြီးခဲ့သည့် ၂၄ နာရီအတွင်း ရောဂါမှ ပြန်လည်ကျန်းမာလာသူ ၉,၀၁၁ ဦး ရှိလာသဖြင့် စုစုပေါင်း ပြန်လည်ကျန်းမာလာသူအရေအတွက်မှာ ၂,၂၃၆,၉၃၈ ဦးအထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။

တူရကီနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် မတ်လ ၁၁ ရက်နေ့က ပထမဆုံး COVID-19 ဖြစ်ပွားမှုကို တွေ့ရှိခဲ့သည်။ (Xinhua)

…………………………………………

(English Version)
Turkish president gets COVID-19 vaccine
Source: Xinhua| 2021-01-15 04:14:39|Editor: huaxia
ANKARA, Jan. 14 (Xinhua) — Turkish President Recep Tayyip Erdogan on Thursday received his first dose of vaccine as the country has started mass vaccination against COVID-19.
After receiving the jab at a hospital in capital Ankara, Erdogan called on all political party leaders and lawmakers to urge people for endorsing the vaccine. “I believe it will be vital especially if all political leaders and MPs encourage (jabs of) the COVID-19 vaccine and strengthen the campaign.”
More than 300,000 people have been vaccinated so far in Turkey, Erdogan said, adding that COVID-19 vaccination is not mandatory in the country.
Turkish televisions on Thursday released footage of healthcare workers receiving their first doses as the country aims to inoculate nearly one million medical personnel first. The vaccination program will move on to the elderly, the disabled, and then to those aged 65 and above, according to the plan.
The vaccine will be applied with two doses, 28 days apart. Those who recovered from the infection will not be vaccinated in four to six months following their recovery.
Three million doses of the vaccine developed by China’s Sinovac company arrived in Turkey on Dec. 30, 2020.
On Wednesday, the Turkish Medicines and Medical Devices Agency approved the emergency use of the vaccine. Shortly after, Turkish Health Minister Fahrettin Koca received the jab along with Turkey’s advisory science council members.
Turkey reported on Thursday 8,962 new COVID-19 cases, including 958 symptomatic patients, as the total number of positive cases in the country reached 2,364,801, according to its health ministry.
The death toll from the virus in Turkey rose by 170 to 23,495, while the total recoveries climbed to 2,236,938 after 9,011 more patients recovered in the last 24 hours.
Turkey reported its first COVID-19 case on March 11, 2020. Enditem
1-2Turkish President Recep Tayyip Erdogan (L) receives a dose of COVID-19 vaccine at a hospital in Ankara, Turkey, on Jan. 14, 2021. Erdogan on Thursday received his first dose of vaccine as Turkey has started mass vaccination against COVID-19. (Xinhua)
၃-Turkish President Recep Tayyip Erdogan (C) receives a dose of COVID-19 vaccine at a hospital in Ankara, Turkey, on Jan. 14, 2021. Erdogan on Thursday received his first dose of vaccine as Turkey has started mass vaccination against COVID-19. (Xinhua)