ရန်ကုန် ၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၁၅) ဦးအား ထပ်မံတွေ့ရှိခဲ့ကြောင်း၊ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၁၄)ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၁၁ရက် နံနက် ၈နာရီ ထုတ်ပြန်သော သတင်းအရ သိရသည်။
ပေကျင်း၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် COVID-19 ဖြစ်ပွားပြီးကတည်းက ပထမဆုံးအကြိမ်အဖြစ် အွန်လိုင်းရော လူကိုယ်တိုင်ပါ တက်ရောက်နိုင်သည့် အဓိက နိုင်ငံတကာ စီးပွားရေးနှင့် ကုန်သွယ်ရေးပြပွဲဖြစ်သော ၂၀၂၀ ပြည့်နှစ် တရုတ် နိုင်ငံတကာ ဝန်ဆောင်မှုလုပ်ငန်း ကုန်စည်ပြပွဲ (CIFTIS) ကို စက်တင်ဘာ ၉...
ရန်ကုန်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ) COVID-19 ရောဂါနှင့် ပတ်သက်ပြီး ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများအား တင်းတင်းကျပ်ကျပ်ဖြင့် နှစ်ပတ်၊ သုံးပတ်ခန့် လိုက်နာလိုက်လျှင် ရောဂါကူးစက်မှုအား ထိန်းချုပ်နိုင်မည့် အခြေအနေကို ရောက်ရှိနိုင်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းအတွင်း...
ရန်ကုန်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် ယနေ့ (စက်တင်ဘာ ၁၀ ရက်) ညပိုင်း၌ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၄၂) ဦး ထပ်မံစစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ပေကျင်း၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ) ၂၀၂၀ ပြည့်နှစ် တရုတ် နိုင်ငံတကာ ဝန်ဆောင်မှုလုပ်ငန် ကုန်စည်ပြပွဲအတွင်း ခင်းကျင်းပြသခဲ့သော တရုတ်နိုင်ငံ၏ COVID-19 ကာကွယ်ဆေးများသည် စိတ်ဝင်စားမှု ကျယ်ကျယ်ပြန့်ပြန့် ရရှိခဲ့သလို ဗိုင်းရပ်စ်တိုက်ပွဲကို အောင်မြင်မှုရရှိရန် နောက်ဆုံးဖြေရှင်းမှုအတွက် မျှော်လင့်ချက်လည်း ဖြစ်သည်။
ရန်ကုန် ၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ) COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုအား အချိန်မီ တားဆီးထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်နှင့် အခြားအရေးပေါ်ကိစ္စရပ်များမှအပ ပြည်တွင်းခရီးသွားလာခြင်း မပြုကြရန် COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီမှ ယနေ့ စက်တင်ဘာ ၁၀ ရက်တွင် ပြည်သူသို့ အသိပေးပန်ကြားချက် ထုတ်ပြန်ခဲ့သည်။
ဝါရှင်တန်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ တောင်ပိုင်း တန်နက်စီတက္ကသိုလ် (University of Tennessee) ရှိ Knoxville ပရိဝုဏ်၌ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုမြင့်တက်လာခြင်းကြောင့် လက်ရှိတွင် ကျောင်းသားနှင့် ဝန်ထမ်း ၂,၁၀၀ ကျော်ကို အသွားအလာကန့်သတ်ထားရှိကြောင်း ဒေသတွင်းမီဒီယာက စက်တင်ဘာ ၉ ရက်တွင်...
ကာရေကပ်စ် ၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ) COVID-19 တိုက်ဖျက်ရေးတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်အတွက် တရုတ်နိုင်ငံမှ ခုနှစ်ခေါက်မြောက် ဆေးဝါး နှင့် ဆေးဘက်ဆိုင်ရာ အထောက်အကူပစ္စည်းများသည် ဗင်နီဇွဲလားနိုင်ငံသို့ စက်တင်ဘာ ၈ ရက်က ရောက်ရှိလာခဲ့ကြောင်းသိရသည်။
ရန်ကုန် ၊ စက်တင်ဘာ ၁၀ ရက်(ဆင်ဟွာ) COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးချက်များအရအတည်ပြုလူနာသစ် ၁၂၀ ဦးတွေ့ရှိခဲ့ပြီး ဓာတ်ခွဲအတည်ပြုလူနာ နှစ်ဦးသေဆုံးခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၂,၀၀၉ ဦးရှိလာခဲ့ကြောင်းသိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမို ထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၁)မြို့နယ်အား စက်တင်ဘာ ၁၀ ရက် နံနက် ၈ နာရီမှ စတင်ပြီး Stay at Home နေထိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်လိုက်ကြောင်း သိရသည်။