Connect with us

MYANMAR

တရုတ် နိုင်ငံတကာ ဝန်ဆောင်မှုလုပ်ငန်းပြပွဲ ပြီးစီး

တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ၂၀၂၀ ပြည့်နှစ် တရုတ် နိုင်ငံတကာ ဝန်ဆောင်မှုလုပ်ငန်း ကုန်စည်ပြပွဲ (CIFTIS) ကျင်းပနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် COVID-19 ဖြစ်ပွားပြီးကတည်းက ပထမဆုံးအကြိမ်အဖြစ် အွန်လိုင်းရော လူကိုယ်တိုင်ပါ တက်ရောက်နိုင်သည့် အဓိက နိုင်ငံတကာ စီးပွားရေးနှင့် ကုန်သွယ်ရေးပြပွဲဖြစ်သော ၂၀၂၀ ပြည့်နှစ် တရုတ် နိုင်ငံတကာ ဝန်ဆောင်မှုလုပ်ငန်း ကုန်စည်ပြပွဲ (CIFTIS) ကို စက်တင်ဘာ ၉ ရက်တွင် ပိတ်သိမ်းခဲ့ကြောင်း သိရသည်။ 

အဆိုပါ ပြပွဲတွင် ဒီဂျစ်တယ် ကုန်သွယ်ရေး၊ 5G ဆက်သွယ်ရေးများ၊ စက်မှုလုပ်ငန်းဆိုင်ရာ အင်တာနက်၊ smart office နှင့် တီထွင်ဆန်းသစ်မှုစနစ် ကဲ့သို့သော ပုံစံသစ်များနှင့် စီးပွားရေးပုံစံများကို မီးမောင်းထိုးပြထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူ Xian Guoyi က ပြောကြားခဲ့သည်။ 

 တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ၂၀၂၀ ပြည့်နှစ် တရုတ် နိုင်ငံတကာ ဝန်ဆောင်မှုလုပ်ငန်း ကုန်စည်ပြပွဲ (CIFTIS) ကျင်းပနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပြပွဲအတွင်း ပြည်နယ်ဆိုင်ရာ ဒေသများနှင့် ဗဟို စီးပွားရေးလုပ်ငန်းများနှင့် ငွေကြေးလုပ်ငန်းများက ကုန်သွယ်ရေးအုပ်စုများ ဖွဲ့စည်းခဲ့ပြီး သဘောတူစာချုပ် ၂၄၀ ခု လက်မှတ်ရေးထိုးခဲ့ကြောင်း Xian က ပြောခဲ့သည်။ ဝန်ကြီးဌာနအနေဖြင့် ယခုနှစ်တွင် ဝန်ဆောင်မှုကဏ္ဍတွင် အဖွဲ့အစည်းဆိုင်ရာတံခါးဖွင့်ဝါဒ မြှင့်တင်ရန် နယ်စပ်ဖြတ်ကျော် ဝန်ဆောင်မှု ကုန်သွယ်ရေးတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍဆိုင်ရာ ကန့်သတ်မှုစာရင်းများကို မိတ်ဆက်သွားမည်ဟု Xian က ဖြည့်စွက်ပြောခဲ့သည်။ 

ယခုနှစ် ပြပွဲ၏ တရားဝင်ဝက်ဘ်ဆိုက်တွင် ဝင်ရောက်ကြည့်ရှုသူ ၇ ဒသမ ၂ သန်းရှိပြီး တရားဝင် App တွင်မူ ကြည့်ရှုသူ ၈ ဒသမ ၀၅ သန်းရှိခဲ့ကြောင်း ပေကျင်းမြို့တော် ကုန်သွယ်ရေးဗျူရို အကြီးအကဲ Yan Ligang က ပြောခဲ့သည်။ Yan ၏ အဆိုအရ 3D ပုံစံပြခန်း ၂,၀၃၇ ခုအပါအဝင် ပြည်တွင်းနှင့် ပြည်ပမှ စီးပွားရေးလုပ်ငန်း စုစုပေါင်း ၅,၃၇၂ ခုဖြင့် ဝင်ရောက်ပြသခဲ့ကြောင်း သိရသည်။ 

 တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ၂၀၂၀ ပြည့်နှစ် တရုတ် နိုင်ငံတကာ ဝန်ဆောင်မှုလုပ်ငန်း ကုန်စည်ပြပွဲ (CIFTIS) ကျင်းပနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါ အွန်လိုင်းပလက်ဖောင်းသည် အွန်လိုင်းမှတ်ပုံတင်ခြင်း၊ အွန်လိုင်း ပြခန်းတည်ဆောက်ခြင်း၊ ဆွေးနွေးညှိနှိုင်းမှုများနှင့် သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်းများအတွက် တိကျသောကာလတစ်ခုအတွက် စီးပွားလုပ်ငန်းလုပ်ကိုင်ရန် ဆက်လက်ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း Yan က ဆိုသည်။ 

 တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ၂၀၂၀ ပြည့်နှစ် တရုတ် နိုင်ငံတကာ ဝန်ဆောင်မှုလုပ်ငန်း ကုန်စည်ပြပွဲ (CIFTIS) ကျင်းပနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

“ကမ္ဘာလုံးဆိုင်ရာဝန်ဆောင်မှု၊ မျှဝေမှုရှိသော ကြွယ်ဝချမ်းသာမှု” ခေါင်းစဉ်ဖြင့်ကျင်းပသော တရုတ် နိုင်ငံတကာ ဝန်ဆောင်မှုလုပ်ငန်း ကုန်စည်ပြပွဲ (CIFTIS) ကို စက်တင်ဘာ ၄ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်း ကုန်သွယ်ရေး ထိပ်သီးအစည်းအဝေး၊ ထိပ်သီးဖိုရမ် လေးခုနှင့် အခြား စက်မှုလုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲများနှင့် ဖိုရမ် ၁၀၀ ကျော်ဖြင့် ခြောက်ရက်ကြာ ကျင်းပခဲ့ကြောင်း သိရသည်။  (Xinhu

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117