နယူးယောက် ၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံ တွင် COVID-19 ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၃.၅ သန်းကျော် အထိ ရောက်ရှိလာကြောင်း ဂျွန်ဟော့ကင်း တက္ကသိုလ် ၏ ဇူလိုင် ၁၆ ရက် ထုတ်ပြန်ကြေညာချက် အရ သိရှိရသည်။
ဝါရှင်တန်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) COVID-19 ရောဂါအား “ကွန်တုပ်ကွေး” (Kong flu) ၊ “တရုတ်ဗိုင်းရပ်စ်” ဟူ၍ ရည်ညွှန်းသုံးနှုန်းခြင်းမှာ သင့်လျော်မှုမရှိကြောင်း အမေရိကန်နိုင်ငံတွင် ကောက်ယူခဲ့သည့်စစ်တမ်းတစ်ခုအား မှတ်တမ်းတင်ထားသည့် ဖြေဆိုသူ ၆၆ ရာခိုင်နှုန်းက ပြောကြားကြောင်း သိရသည်။
ပေကျင်း၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် COVID-19 ကပ်ရောဂါအခြေအနေ တိုးတက်လာပြီးနောက် ရောဂါဖြစ်ပွားမှုနည်းပါးသည့် နေရာများရှိ ရုပ်ရှင်ရုံများအား ဇူလိုင် ၂၀ ရက်မှစတင်ကာ ပြန်လည်ဖွင့်လှစ်ခွင့်ပြုသွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ ရုပ်ရှင်လုပ်ငန်းစီမံခန့်ခွဲမှုဦးစီးဌာနက ဇူလိုင် ၁၆ ရက်တွင် ကြေညာလိုက်သည်။
ဘရာဇီးလီးယား၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ သမ္မတ ဂျေအာ ဘိုဆိုနာရို (Jair Bolsonaro) သည် ပထမအကြိမ် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး စမ်းသပ်တွေ့ရှိပြီး တစ်ပတ်ခန့်အကြာ၌ ဒုတိယအကြိမ် စစ်ဆေးမှုထပ်မံပြုလုပ်ခဲ့ကြောင်း ဇူလိုင် ၁၅ ရက်က အတည်ပြုပြောကြားခဲ့သည်။
ဖနွမ်းပင်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် ပထမငါးလအတွင်း နိုင်ငံတကာခရီးသွားဧည့်သည် ၁.၁၇ သန်း ဝင်ရောက်ခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ် အလားတူကာလ၌ ဝင်ရောက်ခဲ့သည့် ခရီးသွားအရအတွက် ၂.၈၈ သန်းနှင့် နှိုင်းယှဉ်ပါက ၅၉ ရာခိုင်နှုန်းကျဆင်းသွားခဲ့ကြောင်း ခရီးသွားလုပ်ငန်းဝန်ကြီးဌာနမှ ဇူလိုင် ၁၅...
မနီလာ ၊ ဇူလိုင် ၁၅ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ ပြည်သူ့လုပ်ငန်းခွင် နှင့် ကုန်းလမ်းပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီး Mark Villar က ယနေ့ ဇူလိုင် ၁၅ ရက်၌ ၎င်းတွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပြီးနောက် နိုင်ငံအတွင်း COVID-19 ရောဂါပိုးကူးစက်ခံရသည့် တတိယမြောက်...
ဝါရှင်တန် ၊ ဇူလိုင် ၁၅ ရက်(ဆင်ဟွာ) အမေရိကန်ပြည်သူများအားလုံး COVID-19 ရောဂါပျံ့နှံ့မှုကို ကာကွယ် တားဆီးရေးအတွက် နှာခေါင်းစည်းများ ဝတ်ဆင်ကြရန် အမေရိကန် ရောဂါထိန်းချုပ်ရေး နှင့် ကာကွယ်ရေး(CDC)ဌာနမှ ဇူလိုင် ၁၄ ရက်တွင် တိုက်တွန်းခဲ့သည်။
နယူးယောက် ၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံ Johns Hopkins တက္ကသိုလ် ၏ ထုတ်ပြန်ချက်အရ လက်ရှိတွင် အမေရိကန် နိုင်ငံ ၌ COVID-19 ကူးစက်ခံရသူ စုစုပေါင်း ၃.၄ သန်း အထိ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ ဇူလိုင် ၁၅ ရက်(ဆင်ဟွာ) နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ပြည်ပနိုင်ငံအသီးသီးတွင် ပိတ်မိ၍ အခက်အခဲကြုံတွေ့နေကြသည့် မြန်မာနိုင်ငံသား ၁,၈၀၀ ခန့်ကို လာမည့် ရက်သတ္တပတ် သုံးပတ်အတွင်း ကယ်ဆယ်ရေးလေယာဉ်များဖြင့် ပြန်လည်ခေါ်ယူရန် စီစဉ်လျာထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ကောင်စစ်ရေးရာ နှင့် ဥပဒေရေးရာ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက...
ပေကျင်း၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် ဇူလိုင် ၁၄ ရက်က COVID-19 ရောဂါ ပြည်တွင်းကူးစက်မှုအသစ်မရှိကြောင်း မြို့တော် ကျန်းမာရေးကော်မရှင်က ဇူလိုင် ၁၅ ရက်တွင် ပြောကြားလိုက်သည်။