VIDEO
တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် ကျင်းတစ်ခုထဲ ပြုတ်ကျနေသော အာရှဆင်ပေါက်လေးကို ရွာသားများ ကယ်တင်ပေး
ယူနန်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ကွမ်းဖန်ကျေးရွာတွင် ကျင်းတစ်ခုထဲသို့ မတော်တဆပြုတ်ကျသွားသော အာရှဆင်ပေါက်လေးတစ်ကောင်ကို ဒေသခံသစ်တောဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ရွာသားများက ကယ်တင်ခဲ့သည့်ဗီဒီယိုဖိုင်ဖြစ်ပါသည်။
အဆိုပါ အာရှဆင်ပေါက်လေးသည် ၎င်း၏မိခင်နှင့်အတူ ရွာထဲသို့ လာရောက်ခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် မိခင်နှင့်ကွဲကွာသွား၍ မိခင်ကိုရှာဖွေနေစဉ် ကျင်းတစ်ခုအတွင်းသို့ ပြုတ်ကျသွားခဲ့ခြင်းဖြစ်သည်။ရွာသားများက ဆင်ပေါက်လေးကို ကယ်တင်ရန် ဒေသခံ သစ်တောဦးစီးဌာနကို ခေါ်ယူခဲ့သည်။ထို့နောက် ဆင်ပေါက်လေးကို ဆင်များလှည့်လည်သွားလာလေ့ရှိသော သစ်တောဆီသို့ ပြန်လည်ခေါ်ဆောင်လာခဲ့သည်။ သစ်တောဦးစီးဌာန ဝန်ထမ်းများက ဆင်ပေါက်လေးအတွက် လုံခြုံစိတ်ချစွာရှိနေနိုင်မည့်နေရာကို စောင့်ကြည့်ပေးလျက်ရှိသည်။ (Xinhua)