Connect with us

VIDEO

COVID-19 ကာကွယ်ရေးကိရိယာသစ် တီထွင်ထုတ်လုပ်

ဗြူနိုအေးရိစ်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)

အာဂျင်တီးနားနိုင်ငံ၏ မြို့တော် ဗြူနိုအေးရိစ်တွင် လတ်တလောဖြစ်ပွားနေသည့် COVID-19ရောဂါအား ကာကွယ်နိုင်ရန် လူသားများအတွက် စိတ်ချလုံခြုံမှုရှိစေမည့် တစ်ကိုယ်ရေသုံး ရောဂါကာကွယ်ရေး ပစ္စည်းကိရိယာသစ်တစ်မျိုး ကို တီထွင် ထုတ်လုပ်ခဲ့သည်။ ၎င်း အကာအကွယ် ပစ္စည်းကို ကော်ပြားအကြည်ဖြင့်ပြုလုပ်ထားပြီး ဦးခေါင်းမှ ပုခုံးအထိ ဝတ်ဆင်ရကာ မျက်လုံး၊ နှာခေါင်းနှင့် ပါးစပ်များကို ကာကွယ်ပေးထားကြောင်း သိရသည်။

ထိုပစ္စည်းအား တီထွင်ခဲ့သူ Pablo Bogdam က “ ဒီကိရိယာ ရဲ့ အားသာချက်ကတော့ ဝတ်ဆင်သူကို ၃၆၀ ဒီဂရီ ကာကွယ်မှုပေးနိုင်တာပါပဲ၊ နှာခေါင်းတွေ ပါးစပ်တွေနဲ့ မျက်လုံးတွေကို ကာကွယ်ပေးနိုင်ပါတယ်၊ ဒါဟာ တကယ်အရေးကြီးပါတယ်၊ ပြီးတော့ မလိုအပ်ပဲ မျက်နှာတစ်ဝိုက်ကိုင်တွယ်မှုကိုလည်းကာကွယ်နိုင်ပါတယ်၊ ကျွန်တော်တို့လူသားတွေက ကျွန်တော်တို့ရဲ့ မျက်နှာတွေကို တစ်နေ့ကို အကြိမ်ပေါင်း ၅၀၀ လောက် သတိမပြုမိဘဲ ကိုင်တွယ်မိကြတယ်လေ၊ ဒီပစ္စည်းကတော့ ဒီလို ကိုင်တွယ်မှုကို အဓိက အကာအကွယ်ဖြစ်စေပါတယ်၊ ဒါကိုဝတ်ဆင်သင့်တဲ့နောက်ထပ်အဓိက အချက်တစ်ခုကတော့ ခင်ဗျားတို့ မျက်နှာကို မြင်တွေ့နိုင်လို့ပါပဲ၊ ဒါက အရေးကြီးတယ်လို့ပြောရတာက နားမကြားတဲ့သူတွေ အကြားအားနည်းတဲ့သူတွေ အတွက် နှုတ်ခမ်းလှုပ်တာကိုကြည့်ပြီး ဘာပြောနေလဲဆိုတာကိုနားလည်ဖို့ ဒီကိရိယာ ကို ဝတ်ဆင်ထားမှ သာ အဆင်ပြေမှာပါ” ဟု ၎င်းက ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.