VIDEO
တရုတ်-ဥရောပ ကုန်တင်ရထားကြီး ဟန်ဂေရီနိုင်ငံ ဘူဒါပတ်စ်မြို့သို့ ရောက်ရှိ
ဘူဒါပတ်စ်၊ စက်တင်ဘာ ၂၁ ရက်(ဆင်ဟွာ)
တရုတ်-ဥရောပ ကုန်တင်ရထားကြီးသည် ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများ၊အဝတ်အထည်များ၊ ဒစ်ဂျစ်တယ်ထုတ်ကုန်ပစ္စည်းများ သယ်ဆောင်ကာ ဟန်ဂေရီနိုင်ငံ ဘူဒါပတ်စ်မြို့သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။
တရုတ်-ဥရောပ ကုန်ရထားသည် ဥရောပနိုင်ငံများနှင့်သွားလာဖလှယ်မှုကို တိုးမြှင့်ရန် တရုတ်နိုင်ငံမှစတင် ဆောင်ရွက်သည့် ရထားလမ်းချိတ်ဆက်မှု စီမံကိန်းတစ်ခုဖြစ်သည်။
ကုန်ကျစရိတ်သက်သာ၍ ယုံကြည်စိတ်ချရမှုရှိခြင်းကြောင်း ကိုဗစ်ကာလတွင် ရထားသယ်ယူပို့ဆောင်ရေးသည် တိုးတက်လာကြောင်း သိရသည်။ (Xinhua)