Connect with us

VIDEO

တရုတ်နိုင်ငံကုမ္ပဏီများတွင် လုပ်ကိုင်နေကြသော နိုင်ငံရပ်ခြား ဝန်ထမ်းများအတွက် COVID -19 ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးအစီအမံများ ဆောင်ရွက်မှု

ပေကျင်း၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်ကြသည့် နိုင်ငံခြားသားများအတွက် လုပ်ငန်းခွင်အတွင်း လတ်တလောဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုအား ကာကွယ်ရန်နှင့် ထိန်းချုပ်ရေး အစီအမံများ ကို စနစ်တကျ ဆောင်ရွက်ထားရှိသည်ကို အောက်ပါ video ထဲတွင်မြင်တွေ့နိုင်ပါသည်။ 

တရုတ်နိုင်ငံတွင် လာရောက်လုပ်ကိုင်နေသည့် နိုင်ငံရပ်ခြားမှ ဝန်ထမ်းများအနေဖြင့် ဖော်ပြပါ   COVID-19 ကာကွယ်ရေးနှင့်ထိန်းချုပ်ရေးဆိုင်ရာ လမ်းညွှန်ချက်များ ကို မဖြစ်မနေလိုက်နာရမည်ဖြစ်သည်။

-ပိုးသတ်ဆေးဖျန်းခြင်း

တံခါးပြင်ပနေရာများအား ပိုးသတ်ဆေးဖျန်းခြင်း

ယာဉ်များပေါ်တွင် ပိုးသတ်ဆေးဖျန်းခြင်းနှင့် အဝင်အထွက်စာရင်းမှတ်ခြင်း

-လုပ်ငန်းခွင် ဝင်ပေါက်၌ ကျန်းမာရေးစစ်ဆေးပေးခြင်း

ယာဉ်များပေါ်သို့မတက်ရောက်မီ အဖျားတိုင်းတာခြင်းနှင့် ပိုးသတ်ဆေးဖျန်းခြင်း

မော်တော်ယာဉ်ပေါ်၌ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်စေခြင်း

အုပ်ချုပ်ရေးဌာနမှ လုပ်ငန်းခွင်သို့မဝင်ရောက်မီ ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် အဝင်အထွက်စာရင်းမှတ်သားခြင်း

         ရုံးဌာနအတွင်း ကပ်ရောဂါ ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း

လုပ်ငန်းခွင်အတွင်း ကပ်ရောဂါ ကာကွယ်ရေးဆိုင်ရာ အမှတ်အသားများကပ်ထားခြင်း

ရုံးအတွင်း တစ်ဦးနှင့်တစ်ဦး ခပ်ခွါခွါနေထိုင်စေခြင်း

         ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် ကပ်ရောဂါ ကာကွယ်ရေးဆိုင်ရာလုပ်ဆောင်မှုများ ဆောင်ရွက်ခြင်း

လုပ်ငန်းခွင်သို့ အစီအစဉ်တကျ ဝင်ရောက်ရန်နှင့် ကိုယ်အပူချိန် တိုင်းတာစာရင်းသွင်းခြင်း

ကပ်ရောဂါ ကာကွယ်ရေးဆိုင်ရာသင်တန်းပို့ချခြင်း

ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း ဘေးကင်းစိတ်ချရမှုရှိမရှိနှင့်အတူ ကပ်ရောဂါ ဆိုင်ရာကာကွယ်ရေးကို စနစ်တကျဆောင်ရွက်မှုရှိမရှိ ကြပ်မတ်စစ်ဆေးကြည့်ရှုခြင်း

         စားသောက်ခန်းများ ၌  ကပ်ရောဂါ ကာကွယ်ခြင်း

စိတ်ချရပြီး အန္တရာယ်ကင်းသောလတ်ဆတ်သော အစားအသောက်များကိုသာဖြန့်ဖြူးခြင်း

ချက်ပြုတ်သည့်အခန်းအတွင်း၌ သပ်ရပ်စွာ သန့်စင်ထားရှိခြင်း

ပို့ဆောင်ရမည့် အစားအသောက်များကို သီးခြားခွဲထားခြင်း

စားသောက်ရမည့် ခုံများ နှင့် စားပွဲများအား သတ်မှတ်အကွာအဝေးများဖြင့်တည်ခင်းခြင်း

အစားအသောက်များအား မစားသောက်မီနှင့် စားသောက်ပြီးတိုင်း လက်ကိုဆေးကြောခြင်း ပိုးသတ်ဆေးဖြန်းခြင်း

         ကပ်ရောဂါ ကာကွယ်ရေးနှင့် ထောက်ပံ့ရေးအတွက် စာရင်းစာအုပ်ထားရှိခြင်း

ကပ်ရောဂါ ကာကွယ်ရေးကြိုးပမ်းအားထုတ်မှုများကို နေ့စဉ် စာရင်းစာအုပ်အတွင်း အသေးစိတ်မှတ်သားထားရှိခြင်း

ကပ်ရောဂါ ကာကွယ်ရေးပစ္စည်းများအားအရန်သင့် အလုံအလောက်ထားရှိခြင်း

         ရောဂါ လက္ခဏာများအား သတင်းပေးပို့ခြင်း၊ ကွာရန်တင်းထားရှိခြင်းနှင့် ဆေးဝါးအထောက်အပံ့များပြုလုပ်ပေးခြင်း

ပုံမှန်မဟုတ်သည့် လက္ခဏာများဖြစ်ပေါ်လာပါက အချိန်နှင့်တပြေးညီ တိုင်ပင်ဆွေးနွေးခြင်း

ကွာရန်တင်းထားရှိရန် နေရာတစ်ခု အထူးသတ်မှတ်ပေးခြင်း

         ဝန်ထမ်းများ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် ဂရုတစိုက်ဆောင်ရွက်ပေးခြင်း

ဝန်ထမ်းများ၏ အားလပ်ချိန်တွင် ဘေးကင်းပြီးစိတ်ချရမှုရှိစေမည့် အပန်းဖြေနည်းများကိုဖြည့်ဆည်းထားရှိပေးခြင်း  တို့ဖြစ်ကြောင်းသိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.