VIDEO
ဟောင်ကောင်မြို့နေပြည်သူများက တရုတ်နိုင်ငံတော်အလံကိုင်ဆောင်ကာ အမျိုးသားလုံခြုံရေးဥပဒေကို ထောက်ခံခဲ့
ဟောင်ကောင်၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)
၂၀၂၀ ပြည့်နှစ် ဇွန် ၂၅ ရက်က ဟောင်ကောင်မြို့နေပြည်သူ ၄၀ ခန့်သည် ဧရာမ တရုတ်နိုင်ငံ အလံကြီးတစ်ခုကို ကိုင်မြှောက်ကာ မကြာသေးမီက ပြဋ္ဌာန်းခဲ့သည့် ဟောင်ကောင်ဆိုင်ရာ အမျိုးသားလုံခြုံရေးဥပဒေကို ထောက်ခံကြောင်း နှင့် မကြာမီကျရောက်မည့် အမိမြေသို့ ဟောင်ကောင် ပြန်လည်ရောက်ရှိခြင်း ၂၃ နှစ်မြောက် အခမ်းအနားအား ကြိုဆိုဂုဏ်ပြု ကြောင်း ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြသည်။ အဆိုပါ လူအုပ်ကြီး သည် ဧရာမ တရုတ်နိုင်ငံတော်အလံကြီးတစ်ခုအပြင် အလံငယ်များကိုလည်းကိုင်ဆောင်၍ ဂုဏ်ပြုမှုပြုလုပ်ခဲ့ကြောင်းသိရသည်။ (Xinhua)