VIDEO
နားမကြားသည့် COVID-19 လူနာများကို ပြုစုရန် ကျန်းမာရေးဝန်ထမ်းများ sign language ကိုလေ့လာ
ဝူဟန့်၊ ဖေဖော်ဝါရီ ၂၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံဝူဟန့်မြို့ရှိ လေးဆန်ဆန်းဆေးရုံတွင် COVID-19 ကူးစက်ခံရသည့် နားမကြားသော လူနာနှစ်ဦးကို ပြုစုကုသရန် ကျန်းမာရေးဝန်ထမ်းများမှာ အားလပ်ချိန်တွင် သင်္ကေတဘာသာစကား (sign language) ကို လေ့လာသင်ယူခဲ့ကြသည်။ မစ္စတာယွီ နှင့် မစ္စစ်ကျောက် တို့သည် COVID-19 ကူးစက်ခံရသည့် နားမကြားသည့် လူနာနှစ်ဦးဖြစ်သည်။ ၎င်းတို့ သည် ဖေဖော်ဝါရီ ၁၈ ရက်တွင် ဝူဟန့်မြို့ရှိ လေးဆန်ဆန်းဆေးရုံ၌ ကုသမှုခံယူခဲ့သည်။ နားမကြားသည့်လူနာနှစ်ဦးစလုံးမှာ လက်ရှိတွင် ကျန်းမာရေးအခြေအနေတိုးတက်ကောင်းမွန်လျက်ရှိပြီဖြစ်ကြောင်းသိရသည်။ (Xinhua)