VIDEO
တရုတ်နိုင်ငံကုမ္ပဏီများတွင် လုပ်ကိုင်နေကြသော နိုင်ငံရပ်ခြား ဝန်ထမ်းများအတွက် COVID -19 ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးအစီအမံများ ဆောင်ရွက်မှု
ပေကျင်း၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်ကြသည့် နိုင်ငံခြားသားများအတွက် လုပ်ငန်းခွင်အတွင်း လတ်တလောဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုအား ကာကွယ်ရန်နှင့် ထိန်းချုပ်ရေး အစီအမံများ ကို စနစ်တကျ ဆောင်ရွက်ထားရှိသည်ကို အောက်ပါ video ထဲတွင်မြင်တွေ့နိုင်ပါသည်။
တရုတ်နိုင်ငံတွင် လာရောက်လုပ်ကိုင်နေသည့် နိုင်ငံရပ်ခြားမှ ဝန်ထမ်းများအနေဖြင့် ဖော်ပြပါ COVID-19 ကာကွယ်ရေးနှင့်ထိန်းချုပ်ရေးဆိုင်ရာ လမ်းညွှန်ချက်များ ကို မဖြစ်မနေလိုက်နာရမည်ဖြစ်သည်။
-ပိုးသတ်ဆေးဖျန်းခြင်း
တံခါးပြင်ပနေရာများအား ပိုးသတ်ဆေးဖျန်းခြင်း
ယာဉ်များပေါ်တွင် ပိုးသတ်ဆေးဖျန်းခြင်းနှင့် အဝင်အထွက်စာရင်းမှတ်ခြင်း
-လုပ်ငန်းခွင် ဝင်ပေါက်၌ ကျန်းမာရေးစစ်ဆေးပေးခြင်း
ယာဉ်များပေါ်သို့မတက်ရောက်မီ အဖျားတိုင်းတာခြင်းနှင့် ပိုးသတ်ဆေးဖျန်းခြင်း
မော်တော်ယာဉ်ပေါ်၌ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်စေခြင်း
အုပ်ချုပ်ရေးဌာနမှ လုပ်ငန်းခွင်သို့မဝင်ရောက်မီ ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် အဝင်အထွက်စာရင်းမှတ်သားခြင်း
– ရုံးဌာနအတွင်း ကပ်ရောဂါ ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း
လုပ်ငန်းခွင်အတွင်း ကပ်ရောဂါ ကာကွယ်ရေးဆိုင်ရာ အမှတ်အသားများကပ်ထားခြင်း
ရုံးအတွင်း တစ်ဦးနှင့်တစ်ဦး ခပ်ခွါခွါနေထိုင်စေခြင်း
– ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် ကပ်ရောဂါ ကာကွယ်ရေးဆိုင်ရာလုပ်ဆောင်မှုများ ဆောင်ရွက်ခြင်း
လုပ်ငန်းခွင်သို့ အစီအစဉ်တကျ ဝင်ရောက်ရန်နှင့် ကိုယ်အပူချိန် တိုင်းတာစာရင်းသွင်းခြင်း
ကပ်ရောဂါ ကာကွယ်ရေးဆိုင်ရာသင်တန်းပို့ချခြင်း
ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း ဘေးကင်းစိတ်ချရမှုရှိမရှိနှင့်အတူ ကပ်ရောဂါ ဆိုင်ရာကာကွယ်ရေးကို စနစ်တကျဆောင်ရွက်မှုရှိမရှိ ကြပ်မတ်စစ်ဆေးကြည့်ရှုခြင်း
– စားသောက်ခန်းများ ၌ ကပ်ရောဂါ ကာကွယ်ခြင်း
စိတ်ချရပြီး အန္တရာယ်ကင်းသောလတ်ဆတ်သော အစားအသောက်များကိုသာဖြန့်ဖြူးခြင်း
ချက်ပြုတ်သည့်အခန်းအတွင်း၌ သပ်ရပ်စွာ သန့်စင်ထားရှိခြင်း
ပို့ဆောင်ရမည့် အစားအသောက်များကို သီးခြားခွဲထားခြင်း
စားသောက်ရမည့် ခုံများ နှင့် စားပွဲများအား သတ်မှတ်အကွာအဝေးများဖြင့်တည်ခင်းခြင်း
အစားအသောက်များအား မစားသောက်မီနှင့် စားသောက်ပြီးတိုင်း လက်ကိုဆေးကြောခြင်း ပိုးသတ်ဆေးဖြန်းခြင်း
– ကပ်ရောဂါ ကာကွယ်ရေးနှင့် ထောက်ပံ့ရေးအတွက် စာရင်းစာအုပ်ထားရှိခြင်း
ကပ်ရောဂါ ကာကွယ်ရေးကြိုးပမ်းအားထုတ်မှုများကို နေ့စဉ် စာရင်းစာအုပ်အတွင်း အသေးစိတ်မှတ်သားထားရှိခြင်း
ကပ်ရောဂါ ကာကွယ်ရေးပစ္စည်းများအားအရန်သင့် အလုံအလောက်ထားရှိခြင်း
– ရောဂါ လက္ခဏာများအား သတင်းပေးပို့ခြင်း၊ ကွာရန်တင်းထားရှိခြင်းနှင့် ဆေးဝါးအထောက်အပံ့များပြုလုပ်ပေးခြင်း
ပုံမှန်မဟုတ်သည့် လက္ခဏာများဖြစ်ပေါ်လာပါက အချိန်နှင့်တပြေးညီ တိုင်ပင်ဆွေးနွေးခြင်း
ကွာရန်တင်းထားရှိရန် နေရာတစ်ခု အထူးသတ်မှတ်ပေးခြင်း
– ဝန်ထမ်းများ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် ဂရုတစိုက်ဆောင်ရွက်ပေးခြင်း
ဝန်ထမ်းများ၏ အားလပ်ချိန်တွင် ဘေးကင်းပြီးစိတ်ချရမှုရှိစေမည့် အပန်းဖြေနည်းများကိုဖြည့်ဆည်းထားရှိပေးခြင်း တို့ဖြစ်ကြောင်းသိရသည်။ (Xinhua)