WORLD
အိန္ဒိယနိုင်ငံ ဂူဂျာရတ်ရှိ ပုဂ္ဂလိကဆေးရုံများတွင် COVID-19 ကာကွယ်ဆေးကို တန်ဖိုးငွေ ၃.၄၀ ဒေါ်လာဖြင့် ထိုးနှံခွင့်ပြု
နယူးဒေလီ၊ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ)
လာမည့် ရှေ့လတွင် COVID-19 ကာကွယ်ဆေး ထိုးနှံမှု ဒုတိယအဆင့် လုပ်ဆောင်နေစဉ်အတွင်း ပုဂ္ဂလိကဆေးရုံများ၌ ကိုဗစ်ကာကွယ်ဆေးကို ဆေးတစ်လုံး တန်ဖိုး ရူပီးငွေ ၂၅၀ ( အမေရိကန်ဒေါ်လာ ၃.၄၀ ) ဖြင့် ထိုးနှံခွင့် ပေးသွားမည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်အစိုးရက ဖေဖော်ဝါရီ ၂၇ ရက်တွင် ထုတ်ဖော်ကြေညာခဲ့သည်။
သို့သော်လည်း ကာကွယ်ဆေးများကို အစိုးရဆေးရုံများတွင် အခမဲ့ ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။“ ဂူဂျာရတ်ပြည်နယ်က ပုဂ္ဂလိကဆေးရုံတွေမှာ COVID-19 ကာကွယ်ဆေးကို ရူပီးငွေ(INR) ၂၅၀ နဲ့ထိုးနှံပေးသွားမယ်။ ပြည်နယ်အတွင်းမှာရှိတဲ့ အစိုးရဆေးရုံတွေမှာတော့ အခမဲ့ထိုးနှံပေးသွားမှာပါ” ဟု ဂူဂျာရတ်ပြည်နယ် ဒုတိယဝန်ကြီးချုပ် Nitin Patel က ဆိုသည်။
အိန္ဒိယနိုင်ငံမြောက်ပိုင်း Tripura ပြည်နယ်၌ ဇန်နဝါရီ ၂၁ ရက်တွင် နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဆေးဝန်ထမ်းက ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးနေစဉ်(ဆင်ဟွာ)
ယင်းကာကွယ်ဆေး အစီအစဉ်ကို ပြည်နယ်အာဏာရပါတီ Bharatiya Janata Party (BJP) က ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ရေးသားထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။“ အိန္ဒိယအစိုးရက ကာကွယ်ဆေး ဈေးနှုန်းကို ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါတယ်။ နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ အစိုးရဆေးရုံအားလုံးမှာ ကာကွယ်ဆေးကို အခမဲ့ထိုးနှံပေးသွားမှာပါ။ ပုဂ္ဂလိက ဆေးရုံတွေမှာတော့ COVID-19 ကာကွယ်ဆေးကို ရူပီး ၂၅၀ နဲ့ထိုးနှံပေးသွားပါမယ်” ဟု BJP ပါတီ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
ဆက်လက်ဆောင်ရွက်နေသည့် COVID-19 ကာကွယ်ဆေး ထိုးနှံမှု ဒုတိယအဆင့်ကို မနက်ဖြန် မတ်လ ၁ ရက်တွင် စတင်သွားမည်ဖြစ်ပြီး အသက် ၆၀ နှစ်အထက် သက်ကြီးပိုင်းများ နှင့် အသက် ၄၅ နှစ်အထက် ရောဂါအခံအမျိုးမျိုးရှိသူများကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကာကွယ်ဆေးတစ်လုံးတန်ဖိုးကို အမေရိကန်ဒေါ်လာ ၃.၄၀ ဒေါ်လာ ဖြင့် ထိုးနှံပေးနိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း သတင်းအရင်းအမြစ်များကို ကိုးကား၍ ဒေသတွင်း သတင်းဌာနတစ်ခုက ဖော်ပြခဲ့သည်။
အိန္ဒိယနိုင်ငံတွင် COVID-19 ကပ်ရောဂါ ကူးစက်မှု ဆိုးဆိုးရွားရွား ဆက်လက်ဖြစ်ပေါ်နေပြီး ကမ္ဘာပေါ်တွင် ရောဂါကူးစက်မှု ဒုတိယအမြင့်ဆုံးနိုင်ငံအဖြစ် ရပ်တည်နေသည်။
နိုင်ငံအတွင်း ကိုဗစ် ကာကွယ်ဆေးထိုးနှံမှုကို ဇန်နဝါရီ ၁၆ ရက်တွင် စတင်ခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများ နှင့် ရှေ့တန်းတွင် လုပ်ကိုင်နေကြသူများအား ဦးစားပေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံကျန်းမာရေးဝန်ကြီးဌာနက နိုင်ငံတစ်ဝှမ်း ကာကွယ်ဆေး ထိုးနှံပေးချိန်မှစတင်ကာ လူပေါင်း ၁၄.၂ သန်းကျော်ကို ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြောကြားခဲ့သည်။
ကာကွယ်ဆေး ပထမအဆင့် ထိုးနှံမှုအတွင်း ကျန်းမာရေးဝန်ထမ်းများ နှင့် ရှေ့တန်းတွင်လုပ်ကိုင်နေကြသူ လူပေါင်း သန်း ၃၀ ခန့်ကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။(Xinhua)
———————————————–
(English Version)
COVID-19 vaccine to be available at private hospitals of India’s Gujarat at 3.40 USD
NEW DELHI, Feb. 27 (Xinhua) — Ahead of the second phase of COVID-19 inoculation drive set to begin next month, the local government in India’s western state of Gujarat on Saturday announced that vaccines will be priced at INR 250 (3.40 U.S. dollars) in the private hospitals.
The vaccine, however, will be available free of cost in government-run hospitals.
“Price of COVID-19 vaccine in Gujarat will be INR 250 in private hospitals and it will be provided free of cost in the government hospitals across the state,” Deputy Chief Minister of Gujarat Nitin Patel said.
The ruling party of the state Bharatiya Janata Party (BJP) Gujarat on its social media platform shared the announcement.
“The government of India has announced the price of COVID-19 vaccine. The vaccine will be given free of cost in all government hospitals across the country. COVID-19 vaccine will be given in private hospitals at a cost of INR 250,” the party wrote on social media.
The second phase of the ongoing COVID-19 vaccination drive will begin from March 1 with inoculations being carried on people above 60 years and those above 45 years of age but with co-morbidities.
A local news agency quoting its sources Saturday said the federal government has fixed the price of vaccines at 3.40 U.S. dollars for a dose.
India is in the grip of an ongoing COVID-19 pandemic and globally it is the second worst-hit country.
India began the vaccination drive on Jan. 16. At present healthcare and frontline workers are being vaccinated.
India’s health ministry Saturday morning said over 14.2 million beneficiaries have been vaccinated across the country ever since the beginning of the vaccination drive.
During the first phase, around 30 million healthcare and frontline workers will be vaccinated.
Photo caption- A health worker of the Border Security Force receives a dose of the COVID-19 vaccine Covishield at Agartala, the capital city of India’s northeastern state of Tripura, Jan. 21, 2021. (Str/Xinhua)