Connect with us

WORLD

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ပညာရေးဆိုင်ရာ အဖွဲ့အစည်းများ မတ်လတွင် ပြန်လည်ဖွင့်လှစ်မည်ဟု ကြေညာ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့၌ ၂၀၁၉ ခုနှစ် မေလအတွင်း အထက်တန်းစာမေးပွဲ အောင်စာရင်း ကြည့်ရှုနေသူ တစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ဒါကာ ၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ စာသင်ကျောင်းများ နှင့် ကောလိပ်များ အားလုံး မတ်လ ၃၀ ရက်တွင် ပြန်လည် ဖွင့်လှစ်သွားမည်ဟု အစိုးရက ကြေညာခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပညာရေးဝန်ကြီး Dipu Moni က ဖေဖော်ဝါရီ ၂၇ ရက် ညပိုင်းတွင် ပြုလုပ်သော အဆင့်မြင့်အစိုးရအရာရှိကြီးများ အစည်းအဝေးအပြီးတွင် ယင်းကဲ့သို့ ကြေညာခဲ့ခြင်း ဖြစ်ပြီး စာသင်ကျောင်း နှင့် ကောလိပ်ကျောင်းသားများ စာသင်ခန်းများ၌ တက်ရောက် ပညာသင်ကြားနိုင်ကြောင်း ပြောကြားခဲ့သည်။

ထို့အတူ အငယ်တန်းအဆင့် ကျောင်းသားများအတွက် နောက်ပိုင်းတွင် အဆင့်လိုက် ပညာရေးဆိုင်ရာ လှုပ်ရှားမှုများ ပြန်လည်စတင်သွားမည် ဖြစ်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။
ပြီးခဲ့သော အပတ်က တက္ကသိုလ်ကျောင်းများအား မေလ ၂၄ ရက်တွင် ပြန်လည် ဖွင့်လှစ်သွားမည် ဟု ကြေညာခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ COVID-19 ကပ်ရောဂါ ပြန့်ပွားမှုကို ရပ်တန့်ရန် ကြိုးပမ်းမှု တစ်ရပ်အဖြစ် ပြီးခဲ့သော ၂၀၂၀ ပြည့်နှစ် မတ်လ ၁၇ ရက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပညာရေးဆိုင်ရာ အဖွဲ့အစည်းများအား ပိတ်ထားရန် အမိန့်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပညာရေးဆိုင်ရာ အဖွဲ့အစည်းများ ပိတ်ထားခြင်းအား ကြိမ်ဖန်များစွာ သက်တမ်းတိုးခြင်းများ ပြုလုပ်ခဲ့ပြီး ‌အေးသော ရာသီဥတုအခြေအနေတွင် ဗိုင်းရပ်စ် ပြန့်ပွားမှုကို ထိန်းချုပ်ရန် နောက်ဆုံးအကြိမ် သက်တမ်းတိုးခြင်းကို ဖေဖော်ဝါရီ ၁၄ ရက်မှ ၂၈ ရက်အထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)
———————————————–
(English Version)
Bangladesh announces reopening of educational institutions from March 30
DHAKA, Feb. 27 (Xinhua) — The Bangladeshi government has announced reopening of all the schools and colleges in the country from March 30.
The country’s Education Minister Dipu Moni made the announcement after a high-level meeting on Saturday night. The minister said school and college students will attend classes in person initially.
Students of junior classes will resume their academic activates in phases later, she added.
Last week Moni announced that universities will reopen on May 24.
The closure of educational institutions nationwide ordered by the government started on March 17 last year as part of the country’s efforts to halt the spread of the COVID-19 epidemic.
The closure has been extended repeatedly and the latest extension was from Feb. 14 to Feb. 28 in a bid to contain the spread of the virus in the current cold weather. Enditem

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.