WORLD
တရုတ်နိုင်ငံ၏ COVID-19 ကာကွယ်ဆေး တတိယသုတ် ဆားဗီးယားနိုင်ငံသို့ ရောက်ရှိ
ဘဲလ်ဂရိတ် ၊မတ် ၇ ရက်(ဆင်ဟွာ)
ဆားဗီးယားနိုင်ငံသည် တရုတ်နိုင်ငံမှ ပေးပို့သော COVID-19 ကာကွယ်ဆေး တတိယသုတ်ကို မတ် ၅ ရက်က လက်ခံရရှိကြောင်း ဆားဗီးယားသမ္မတ Aleksandar Vucic ကပြောကြားခဲ့သည်။
ကာကွယ်ဆေးများတင်ဆောင်လာသော လေယာဉ်သည် မတ် ၅ ရက် ညနေပိုင်းက ဘဲလ်ဂရိတ်လေဆိပ်သို့ရောက်ရှိလာခဲ့သည်ကို သမ္မတ Vucic ကိုယ်တိုင်လက်ခံကြိုဆိုခဲ့ပြီး ထိုသို့ ကာကွယ်ဆေးများပေးပို့ခြင်းအပေါ် တရုတ်နိုင်ငံအား ကျေးဇူးတင်ရှိကြောင်း နှင့် ဆားဗီးယားပြည်သူများအနေဖြင့် ကာကွယ်ဆေးထိုးနှံမှုခံယူကြရန် တိုက်တွန်းကြောင်း သမ္မတက လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဗီဒီယိုဖိုင် တစ်ခု လွှင့်တင်ခဲ့သည်။
တရုတ်နိုင်ငံ Sinopharm COVID-19 ကာကွယ်ဆေးများ ဇန်နဝါရီ ၁၆ ရက်က ဆားဗီးယားနိုင်ငံ ဘဲလ်ဂရိတ်လေဆိပ်သို့ရောက်ရှိစဉ် ဆားဗီးယား သမ္မတ Aleksandar Vucic (အလယ်) နှင့် ဆားဗီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ် Chen Bo (ဝဲ) တို့ ကြိုဆိုလက်ခံစဉ်(ဆင်ဟွာ)
တရုတ်နိုင်ငံမှ ပေးပို့သော COVID-19 ကာကွယ်ဆေး ပထမသုတ် နှင့် ဒုတိယသုတ် သည် ဇန်နဝါရီ ၁၆ ရက် နှင့် ဖေဖော်ဝါရီ ၁ဝ ရက်တွင် ဆားဗီးယားနိုင်ငံသို့ အသီးသီးရောက်ရှိလာခဲ့ကြောင်း သိရသည်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုအား တားဆီးရန်အတွက် ဆားဗီးယားနိုင်ငံတွင် အမျိုးသားကာကွယ်ဆေးထိုးနှံရေးအစီအစဉ်ကို ဇန်နဝါရီ ၁၉ ရက်တွင် စတင်ခဲ့သည်။
ပြီးခဲ့သော ရက်အနည်းငယ်အတွင်း ဆားဗီးယားနိုင်ငံတစ်ဝှမ်းတွင် COVID-19 ကူးစက်ခံရမှု အတည်ပြုလူနာသစ်အရေအတွက်သည် နေ့စဉ် ၄,၀၀၀ ကျော်ထိ မြင့်တက်ခဲ့ပြီး လက်ရှိတွင် ဆေးရုံတက်ရောက်ကုသမှုခံယူနေရသော လူနာပေါင်း ၄,၁၆၁ ဦးရှိကြောင်း ဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။
ဆားဗီးယားနိုင်ငံတွင် လက်ရှိအချိန်ထိ COVID-19 အတည်ပြုလူနာပေါင်း ၄၇၈,၈၇၈ ဦးရှိပြီး ယင်းရောဂါဖြင့် သေဆုံးသူပေါင်း ၄,၅၂၅ ဦးရှိကြောင်း သိရသည်။ (Xinhua)
…………………………………………
(English Version)
Third batch of China’s COVID-19 vaccines arrived in Serbia
BELGRADE, March 7 (Xinhua) — Serbia on Friday received the third shipment of COVID-19 vaccines from China, President Aleksandar Vucic has said.
Vucic welcomed the shipment at the Belgrade Airport on Friday evening and posted a video on social media, in which he expressed gratitude to China and urged citizens to take part in the vaccination campaign.
The first and second batches of Chinese COVID-19 vaccines reached Serbia on Jan. 16 and Feb. 10 respectively.
On Jan. 19, Serbia started its national vaccination campaign to rein in the spread of the novel coronavirus.
In the past several days, the daily number of new COVID-19 cases across the European country has been peaking above 4,000, while 4,161 COVID-19 patients are currently hospitalized, according to the health ministry.
So far, Serbia has confirmed 478,878 COVID-19 cases, while 4,525 patients have died of the disease.
1-Workers unload a container of China’s Sinopharm inactivated coronavirus vaccines at the Belgrade Airport, Serbia, Jan. 16, 2021. (Photo by Predrag Milosavljevic/Xinhua)
2- Serbian President Aleksandar Vucic (C) and China’s ambassador to Serbia Chen Bo (L) welcome the shipment of China’s Sinopharm inactivated coronavirus vaccines at the Belgrade Airport, Serbia, Jan. 16, 2021. (Photo by Predrag Milosavljevic/Xinhua)