Connect with us

WORLD

ချီလီနိုင်ငံ၌ ပြည်သူ လေးသန်းကျော် COVID-19 ကာကွယ်ဆေး ထိုးနှံထား

ချီလီနိုင်ငံ၌ သက်ကြီးရွယ်အို အမျိုးသမီး တစ်ဦးအား ကာကွယ်ဆေး ထိုးနှံပေးနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ဆန်တီရာဂို ၊ မတ် ၇ ရက်(ဆင်ဟွာ)

ချီလီနိုင်ငံ၌ ပြည်သူ လေးသန်းကျော်ကို COVID-19 ကာကွယ်ဆေး ထိုးနှံထားပေးပြီး ဖြစ်ကာ လူဦးရေ သန်းတစ်ဝက်ကျော်မှာ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံမှုခံယူထားကြောင်း ကျန်းမာရေးဝန်ကြီးဌာနက မတ် ၆ ရက်တွင် ပြောကြားခဲ့သည်။

ချီလီနိုင်ငံ၌ COVID-19 ကာကွယ်ဆေးထိုးနှံထားပြီးသူ စုစုပေါင်း အရေအတွက်မှာ ၄,၀၄၁,၅၃၆ ဦး ရှိပြီး ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံပြီးသူမှာ ၅၅၁,၄၈၅ ဦး ရှိကြောင်း ကျန်းမာရေး သတင်းအချက်အလက် နှင့် စာရင်းအင်းဌာနထံမှ သိရသည်။

ချီလီနိုင်ငံ ကျန်းမာရေး ဝန်ကြီး Enrique Paris က ကာကွယ်ဆေးထိုးနှံထားသူများအနက် ၂,၆၁၄,၆၁၅ ဦးမှာ အသက် ၆၀ ကျော်များ ဖြစ်ကြောင်း နှင့် ကာကွယ်ဆေးထိုးနှံထားသူများတွင် ၄၀ ဒသမ ၈ ရာခိုင်နှုန်းမှာ အမျိုးသားများ ဖြစ်ပြီး ၅၉ ဒသမ ၂ ရာခိုင်နှုန်းမှာ အမျိုးသမီးများ ဖြစ်ကြောင်း မတ် ၆ ရက်တွင် ပြောကြားခဲ့သည်။

ချီလီနိုင်ငံအနေဖြင့် ကာကွယ်ဆေးအလုံးရေ ၂၀,၀၀၀ ကို အီကွေဒေါနိုင်ငံသို့ လှူဒါန်းခဲ့ကြောင်း ချီလီနိုင်ငံ ပြည်ထဲရေးဝန်ကြီး Rodrigo Delgado က ပြောကြားခဲ့သည်။

ချီလီနိုင်ငံ၌ ယခုအထိ COVID-19 ကြောင့် သေဆုံးသူ ဦးရေမှာ ၂၁,၀၀၀ ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။ (Xinhua)

…………………………………………

(English Version)
Over 4 mln people in Chile vaccinated against COVID-19
SANTIAGO, March 6 (Xinhua) — More than 4 million people in Chile have been vaccinated against COVID-19 and more than half a million people have received two doses, the Ministry of Health reported on Saturday.
According to the Department of Statistics and Health Information, the total number of people who have received COVID-19 vaccines in Chile reached 4,041,536, and 551,485 people have received two doses of vaccine.
Chilean Health Minister Enrique Paris said on Saturday that of the total number of people who have received vaccines, 2,614,615 were aged over 60. Besides, 59.2 percent of the recipients were women and 40.8 percent were men.
Chilean Interior Minister Rodrigo Delgado said that Chile has donated 20,000 vaccines to Ecuador.
Chile has so far registered over 21,000 deaths from COVID-19, the Ministry of Health said. Enditem