Connect with us

WORLD

တရုတ်နိုင်ငံက လှူဒါန်းသော ကာကွယ်ဆေး ပထမအသုတ် မော်လ်ဒိုက်နိုင်ငံအား လွှဲပြောင်းပေးအပ်

မော်လ်ဒိုက်နိုင်ငံ မာလေးမြို့ Velana နိုင်ငံတကာလေဆိပ်သို့ ရောက်ရှိလာသည့် တရုတ်နိုင်ငံမှ လှူဒါန်းသော COVID-19 ကာကွယ်ဆေးများကို တွေ့ရစဉ် (ဆင်ဟွာ)

မာလေး၊ မတ် ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံမှ လှူဒါန်းသော COVID-19 ကာကွယ်ဆေး ပထမအသုတ်နှင့် ကူးစက်ရောဂါတိုက်ဖျက်ရေး အထောက်အကူပစ္စည်းများသည် မတ် ၂၄ ရက် ညပိုင်းတွင် မော်လ်ဒိုက်နိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး မတ် ၂၅ ရက်၌ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

မော်လ်ဒိုက်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Zhang Lizhong က မော်လ်ဒိုက် နိုင်ငံခြားရေးဝန်ကြီး Abdulla Shahid နှင့် ကျန်းမာရေးဝန်ကြီး Ahmed Naseem ထံသို့ Sinopharm ကာကွယ်ဆေးများနှင့် ဆေးထိုးပြွန်အချို့ကို မတ် ၂၄ ရက်တွင် ပြုလုပ်သည့် အခမ်းအနား၌ တရားဝင်လွှဲပြောင်းပေးအပ်ခဲ့သည်။

မော်လ်ဒိုက်နိုင်ငံ မာလေးမြို့ Velana နိုင်ငံတကာလေဆိပ်သို့ ရောက်ရှိလာသည့် တရုတ်နိုင်ငံမှ လှူဒါန်းသော COVID-19 ကာကွယ်ဆေးများကို တွေ့ရစဉ် (ဆင်ဟွာ)

မော်လ်ဒိုက်နိုင်ငံ မာလေးမြို့ Velana နိုင်ငံတကာလေဆိပ်သို့ ရောက်ရှိလာသည့် တရုတ်နိုင်ငံမှ လှူဒါန်းသော COVID-19 ကာကွယ်ဆေးများကို တွေ့ရစဉ် (ဆင်ဟွာ)

မော်လ်ဒိုက်နိုင်ငံ မာလေးမြို့ Velana နိုင်ငံတကာလေဆိပ်သို့ ရောက်ရှိလာသည့် တရုတ်နိုင်ငံမှ လှူဒါန်းသော COVID-19 ကာကွယ်ဆေးများကို တွေ့ရစဉ် (ဆင်ဟွာ)

 မော်လ်ဒိုက်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Zhang Lizhong ၊ မော်လ်ဒိုက်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Abdulla Shahid နှင့် ကျန်းမာရေးဝန်ကြီး Ahmed Naseem (ဝဲမှယာ) တို့အား လှူဒါန်းပစ္စည်းများ လွှဲပြောင်းခြင်းအခမ်းအနား၌ တွေ့ရစဉ် (ဓာတ်ပုံ- Maldives’ Ministry of Foreign Affairs/Handout via Xinhua)

အဆိုပါ လှူဒါန်းမှုသည် တရုတ်နိုင်ငံနှင့် မော်လ်ဒိုက်နိုင်ငံတို့ကြား ချစ်ကြည်ရင်းနှီးမှု၏ သင်္ကေတဖြစ်ကြောင်းနှင့် ကာကွယ်ဆေးများကို “ကမ္ဘာ့ပြည်သူ့ကုန်စည်” အဖြစ် လုပ်ဆောင်ရန် တရုတ်နိုင်ငံ၏ ကတိကဝတ်ကို ဖြည့်ဆည်းခြင်းလည်း ဖြစ်ကြောင်း Zhang က လှူဒါန်းပွဲအခမ်းအနား၌ ပြောကြားခဲ့သည်။

ကာကွယ်ဆေးလှူဒါန်းမှုသည် COVID-19 တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ခြင်း၊ ယင်းတိုက်ပွဲကို ဆောလျင်စွာ အနိုင်ယူခြင်းနှင့် တရုတ်နှင့် မော်လ်ဒိုက် နိုင်ငံများအကြား ပုံမှန် ဝန်ထမ်းရေးရာဖလှယ်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှု ပြန်လည်စတင်ရေး မြှင့်တင်ခြင်းများ၌ အရေးပါကြောင်း တရုတ်နိုင်ငံ သံအမတ်ကြီးက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် မော်လ်ဒိုက်နိုင်ငံ၌ ကူးစက်ရောဂါတိုက်ဖျက်ရေးနှင့် စီးပွားရေးပြန်လည်နာလန်ထူရေးအတွက် တတ်စွမ်းနိုင်သမျှ ပိုမိုပံ့ပိုးမှုပေးရန် အသင့်ရှိကြောင်း ၎င်းက ဆိုသည်။

မော်လ်ဒိုက်နိုင်ငံ နိုင်ခြားရေးဝန်ကြီး Shahid က နိုင်ငံအတွင်း ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်အား ကူညီပံ့ပိုးမှုအတွက် တရုတ်နိုင်ငံ အစိုးရနှင့် ပြည်သူများအား ကျေးဇူးတင်ကြောင်း၊ မော်လ်ဒိုက်နိုင်ငံရှိ တရုတ်ကုမ္ပဏီများကလည်း နိုင်ငံ၏ ကူးစက်ရောဂါတိုက်ဖျက်ရေး အားထုတ်ကြိုးပမ်းမှုများအတွက် ကူညီလျက်ရှိကြောင်း မှတ်ချက်ပြုခဲ့သည်။

ထို့ပြင် ကျန်းမာရေးဝန်ကြီး Naseem က တရုတ်နိုင်ငံ အစိုးရကို ကျေးဇူးတင်ကြောင်း၊ ကပ်ရောဂါကို ဆောလျင်စွာ အောင်မြင်နိုင်စေရန်အလို့ငှာ တရုတ်နိုင်ငံနှင့် မော်လ်ဒိုက်နိုင်ငံတို့ကြား ပူးပေါင်းဆောင်ရွက်မှု ခိုင်မာရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

မော်လ်ဒိုက်နိုင်ငံက တရုတ်နိုင်ငံ၏ Sinopharm ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုရန် မတ် ၁၅ ရက်က ခွင့်ပြုခဲ့ကြောင်း သိရသည်။ (Xinhua)
———————————–
(English Version)
China hands over first batch of vaccine donation to Maldives
Source: Xinhua| 2021-03-26 00:11:42|Editor: huaxia
MALE, March 25 (Xinhua) — The first batch of vaccines against COVID-19 and anti-epidemic materials donated by China to the Maldives arrived Wednesday night and were handed over on Thursday.
Chinese Ambassador to the Maldives Zhang Lizhong officially handed over the Sinopharm vaccines and some syringes to Maldivian Foreign Minister Abdulla Shahid and Minister of Health Ahmed Naseem in an official ceremony held Thursday.
Speaking at the event, Zhang said the donation was a sign of the bonds of friendship between China and the Maldives and the donation fulfills China’s commitment to making the vaccines as a “global public good.”
The vaccine donation bears significance in cooperating to fight COVID-19, winning the battle at an early date, and promoting resumption of normal personnel exchanges and cooperation between China and the Maldives, the Chinese ambassador said.
China is ready to provide more support within its capacity to the Maldivian side in fighting the epidemic and recovering the economy, he said
Foreign Minister Shahid thanked the government and the people of China for contributing to the country’s vaccination program, noting that Chinese companies in the Maldives have also contributed to the country’s anti-epidemic efforts.
Health Minister Naseem also thanked the chinese government, hoping to strengthen cooperation between China and the Maldives as so to win an early victory over the pandemic.
The Maldives approved China’s Sinopharm vaccine for emergency use on March 15. Enditem
1- Photo taken with a mobile phone shows staff unloading China-aided COVID-19 vaccines at the Velana International Airport in Male, the Maldives, March 24, 2021. The first batch of vaccines against COVID-19 and anti-epidemic materials donated by China to the Maldives arrived Wednesday night and were handed over on Thursday. (Photo by Guo Yingbin/Xinhua)
2- 4- Photo taken with a mobile phone shows staff unloading China-aided COVID-19 vaccines at the Velana International Airport in Male, the Maldives, March 24, 2021. The first batch of vaccines against COVID-19 and anti-epidemic materials donated by China to the Maldives arrived Wednesday night and were handed over on Thursday. (Photo by Zhang Feng/Xinhua)
5- Chinese Ambassador to the Maldives Zhang Lizhong, Maldivian Foreign Minister Abdulla Shahid and Minister of Health Ahmed Naseem (From L to R) attend the handover ceremony in Male, the Maldives, March 25, 2021. The first batch of vaccines against COVID-19 and anti-epidemic materials donated by China to the Maldives arrived Wednesday night and were handed over on Thursday. (Maldives’ Ministry of Foreign Affairs/Handout via Xinhua)