WORLD
ထိုင်းနိုင်ငံတွင် နေ့စဥ် COVID-19 ဖြစ်ပွားမှု စံချိန်တင်မြင့်တက်၊ စုစုပေါင်း ကူးစက်ခံရသူ ၅၀,၀၀၀ ကျော်ရှိလာ
ဘန်ကောက်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံတွင် ဧပြီ ၂၃ ရက်၌ COVID-19 ထပ်မံကူးစက်ခံရသူဦးရေ ၂၀၇၀ ဦးသို့ စံချိန်တင်ရောက်ရှိခဲ့ကာ စုစုပေါင်းကူးစက်ခံရသူဦးရေ ၅၀,၀၀၀ ကျော်သွားပြီဖြစ်ကြောင်း COVID-19 အခြေအနေစီမံခန့်ခွဲရေးစင်တာ (CCSA) မှ သိရသည်။
စုစုပေါင်းကူးစက်ခံရသူဦးရေ ၅၀,၁၈၃ ဦး ရှိလာကြောင်း CCSA မှ ပြောရေးဆိုခွင့်ရှိသူ Taweesin Visanuyothin ကဆိုသည်။
အသစ်ထပ်မံကူးစက်ခံရသူများထဲမှ ၂၀၆၂ ဦးမှာ ပြည်တွင်းကူးစက်မှုဖြစ်ပြီး မကြာသေးမီအချိန်က ကူးစက်မှု ဗဟိုချက်ဖြစ်လာသော မြို့တော် ဘန်ကောက်မှ ၇၄၀ ဦး ပါဝင်ကြောင်းနှင့် အခြား ၈ ဦးမှာ ပြည်ပမှ ဝင်ရောက်လာသူများဖြစ်ကြောင်း Taweesin ကဆိုသည်။
အသစ်ထပ်မံသေဆုံးသူ ၄ ဦးရှိသဖြင့် စုစုပေါင်းသေဆုံးသူဦးရေမှာ ၁၂၁ ဦးရှိလာကြောင်း ၎င်းကဖြည့်စွက်ပြောကြားသည်။
စုစုပေါင်းလူနာ ၃၀,၁၈၉ ဦး မှာ ပြန်လည်ကျန်းမာလာ၍ ဆေးရုံမှ ဆင်းခွင့်ရပြီးဖြစ်ကာ ၁၉,၈၇၃ ဦးမှာ လတ်တလောတွင် ဆေးရုံ၌ ကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။
ဧပြီ ၂၂ ရက်အထိ တစ်နိုင်ငံလုံး၌ COVID-19 ကာကွယ်ဆေး အလုံးရေ ၉၆၄,၈၂၅ အားထိုးနှံပေးပြီးဖြစ်ကြောင်းနှင့် အကြမ်းအားဖြင့် လူဦးရေ ၁၃၀,၀၀၀ မှာ ကာကွယ်ဆေးအပြည့်အဝထိုးနှံခဲ့ပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)
————————————
(English Version)
Thailand’s daily COVID-19 cases hit record high, total surpasses 50,000
BANGKOK, April 23 (Xinhua) — Thailand’s total COVID-19 cases have surpassed 50,000 as a record of 2,070 new infections were recorded on Friday, according to the Center for COVID-19 Situation Administration (CCSA).
The total tally now stands at 50,183, CCSA spokesman Taweesin Visanuyothin said.
Of the new cases, 2,062 were domestic transmissions, including 740 in the capital Bangkok, the epicenter of the recent outbreak, and eight others were imported cases, Taweesin said.
Four new deaths were also reported, raising the death toll to 121, he added.
A total of 30,189 patients have fully recovered and been released from hospitals, while 19,873 others are currently hospitalized.
As of Thursday, 964,825 doses of COVID-19 vaccines had been administered across the country, and roughly 130,000 people had been fully vaccinated. Enditem
Photo-A tuk-tuk car passes through a market in Bangkok, Thailand, Jan. 20, 2021.(Xinhua/Rachen Sageamsak)