Connect with us

WORLD

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်၌ J&J ကာကွယ်ဆေးနှင့် ပတ်သက်၍ ပထမဆုံး ဆေးရုံတက်ရောက်မှု ရှိကြောင်းထုတ်ပြန်

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဒါးလတ်စ်မြို့၌ ပြုလုပ်သည့် ရထားပြပွဲတစ်ခုတွင် တက်ရောက်လာသူများမှ ရထားမော်ဒယ်များအားကြည့်ရှုနေစဉ် (ဆင်ဟွာ)

ဟူစတန်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်၌ Johnson & Johnson COVID-19 ကာကွယ်ဆေးနှင့်ပတ်သက်၍ ဆေးရုံတက်ရောက်ကုသမှုခံယူရခြင်း ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့ကြောင်း ပြည်နယ်ကျန်းမာရေးပညာရှင်များက ဧပြီ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အရွယ်ရောက်ပြီးသူ အမျိုးသမီးတစ်ဦးသည် J&J ကာကွယ်ဆေးထိုးနှံပြီးနောက် ဆေးရုံ၌ ကုသမှုခံယူခဲ့ရကြောင်း သိရသည်။ သူမ၏ ရောဂါလက္ခဏာများသည် အမေရိကန်နိုင်ငံအနှံ့တွင် တွေ့ရှိရသည့် သွေးခဲသည့်ဖြစ်စဉ် ၆ မျိုးနှင့် ဆင်တူကြောင်း သိရသည်။ သို့သော် ယင်းရောဂါလက္ခဏာများသည် ကာကွယ်ဆေးကြောင့် ဖြစ်ရခြင်းဟုတ်မဟုတ် အသေအချာ မသိရသေးကြောင်း ပညာရှင်များက ဆိုသည်။
ပြည်နယ်၏ မှတ်တမ်းများအရ တက္ကဆက်ပြည်နယ်တွင် J&J ကာကွယ်ဆေးပေါင်း ၆၁၆,၀၀၀ ခုကို ထိုးနှံပေးခဲ့ကြောင်းနှင့် ဆေးရုံတက်ရောက်ကုသမှု တစ်ခုတည်းသာဖြစ်ပွားခဲ့ခြင်းရှိကြောင်း ဖော်ပြထားသည်။

လွန်ခဲ့သောအပတ်တွင် အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးစင်တာနှင့် အမေရိကန်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတို့က ပူးတွဲကြေညာချက် ထုတ်ပြန်ကာ Johnson & Johnson COVID-19 ကာကွယ်ဆေးထိုးနှံခဲ့သူ ၆ ဦးတွင် ရှားပါးသွေးခဲမှုဖြစ်စဥ် ဖြစ်ပွားခဲ့သောကြောင့် ယင်းကာကွယ်ဆေးအသုံးပြုခြင်းအား ခေတ္တရပ်နားရန်တောင်းဆိုခဲ့ကြောင်း သိရသည်။

ယင်းထုတ်ပြန်ချက်ထွက်ရှိပြီးနောက် တက္ကဆက်ပြည်နယ်အပါအဝင် ပြည်နယ်အများစု၌ J&J ကာကွယ်ဆေး အသုံးပြုမှုအားဆိုင်းငံ့ခဲ့ကြသည်။ (Xinhua)

————————————
(English Version)
U.S. Texas reports 1st hospitalization related to J&J vaccine
HOUSTON, April 22 (Xinhua) — U.S. state of Texas reported its first hospitalization case related to Johnson & Johnson’s COVID-19 vaccine, the state’s health experts announced Thursday.
An adult female has been hospitalized after receiving the J&J vaccine. She has symptoms similar to the six blood clotting cases across the United States. However, the experts said they did not know for sure that the symptoms were caused by the vaccine.
The state’s record showed that about 616,000 shots of J&J vaccine had been administered in Texas, and this is the only hospitalization case.
Last week, the U.S. Centers for Disease Control and Prevention and the U.S. Food and Drug Administration issued a joint statement, calling for a pause in the use of Johnson & Johnson’s COVID-19 vaccine after rare blood clotting cases emerged in six recipients.
After that, many states including Texas paused the use of J&J vaccine. Enditem
Photo- People view train models at a train exhibition in Dallas, Texas, the United States, on Nov. 16, 2020. (Photo by Dan Tian/Xinhua)