Connect with us

WORLD

COVID-19 ပျံ့နှံ့လျက်ရှိသော နိုင်ငံပေါင်း ၇ နိုင်ငံသို့ ခရီးသွားလာခွင့် အစ္စရေးတားမြစ်

ဂျေရုဆလမ်မြို့ရှိ Hadassah ဆေးရုံ၌ စေတနာ့ဝန်ထမ်းတစ်ဦး COVID-19 ကာကွယ်ဆေးထိုးနှံမှု ခံယူနေစဉ် (ဓာတ်ပုံ- Yonatan Sindel/JINI via Xinhua)

ဂျေရုဆလမ်၊ မေ ၁ ရက် (ဆင်ဟွာ)

ဗီဇပြောင်း COVID-19 ဗိုင်းရပ်စ်များကူးစက်ပျံ့နှံ့မည်ကို စိုးရိမ်ဖွယ်ရှိပြီး ရောဂါကူးစက်မှု မြင့်မားလျက်ရှိသော နိုင်ငံ ၇ နိုင်ငံသို့ အစ္စရေးနိုင်ငံသားများ ခရီးသွားလာမှုကို တားမြစ်ရန် အစ္စရေးအစိုးရက ဧပြီ ၃၀ ရက်တွင် ဆုံးဖြတ်ခဲ့ကြောင်း ဝန်ကြီးချုပ်ရုံးနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ ပူးတွဲထုတ်ပြန်ကြေညာချက်အရ သိရသည်။

ယင်း ၇ နိုင်ငံမှာ ယူကရိန်း၊ အီသီယိုးပီးယား၊ ဘရာဇီး၊ တောင်အာဖရိက၊ အိန္ဒိယ ၊ မက္ကဆီကို နှင့် တူရကီနိုင်ငံတို့ ဖြစ်သည်။

၎င်းတားမြစ်ချက်သည် မေ ၃ ရက်တွင် စတင်သက်ရောက်မည်ဖြစ်ပြီး အနည်းဆုံး ၁၃ ရက်ကြာမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ဗီဇပြောင်းဗိုင်းရပ်စ်၏ အထောက်အထားများ၊ ကာကွယ်ဆေးထိုးနှံခြင်းနှင့် ရောဂါမှ ပြန်လည်ကျန်းမာလာသူ ရာခိုင်နှုန်း၊ နိုင်ငံ၏ကြေညာချက်များ အစရှိသည့် အမျိုးမျိုးသောစံနှုန်းများအရ ရောဂါကူးစက်မှုအဆင့်နှင့် လက်ရှိအခြေအနေနှစ်မျိုးလုံးပေါ်တွင် ဆင်ခြင်သုံးသပ်ကာ ဝန်ကြီးဌာတစ်ခု၏ နေရာ ၇ ခုသို့ ခရီးသွားလာမှုဆိုင်ရာ သတိပေးချက်ထုတ်ပြန်ခဲ့ပြီးနောက် အဆိုပါ ဆုံးဖြတ်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

ယင်းတားမြစ်ချက်တွင် အဆိုပါနိုင်ငံများ၌ အမြဲတမ်းနေထိုင်သော အစ္စရေးနိုင်ငံသားမဟုတ်သူများ၊ တခြားနိုင်ငံများသို့ သွားမည့် လေကြောင်းခရီးစဥ်များအတွင်း အဆိုပါနိုင်ငံများရှိ လေဆိပ်များတွင် ခေတ္တနေထိုင်ရခြင်းများ မပါဝင်ကြောင်း သိရသည်။

ဧပြီ ၃၀ ရက်တွင် အစ္စရေးနိုင်ငံ၌ COVID-19 အတည်ပြုလူနာသစ် ၈၇ ဦးရှိပြီး နိုင်ငံအတွင်း ရောဂါကူးစက်ခံရသူစုစုပေါင်း ၈၃၈,၄၈၁ ဦး အထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။ (Xinhua)
————————————
(English Version)
Israel bans travel to 7 countries over COVID-19
JERUSALEM, April 30 (Xinhua) — The Israeli government on Friday decided to ban travel of Israeli citizens to seven countries over high COVID-19 morbidity and fear of the spread of variants of the virus, according to a joint statement issued by Prime Minister’s Office and Health Ministry.
The seven are Ukraine, Ethiopia, Brazil, South Africa, India, Mexico and Turkey.
The ban will take effect on Monday, and will last at least 13 days, the statement said.
The decision follows a ministry’s warning against travel to the seven destinations, reflecting both the current situation and the morbidity levels according to several criteria such as the countries’ declarations, the percentage of vaccination and recovery, and evidence of variants.
The ban does not include non-Israelis who live in these countries permanently, nor does it apply to stays at airports of these countries for connecting flights.
On Friday, Israel reported 87 new COVID-19 cases, raising the total number in the country to 838,481. Enditem
Photo-A volunteer receives a COVID-19 vaccine at Hadassah Hospital in Jerusalem, on Nov. 1, 2020. (Yonatan Sindel/JINI via Xinhua)