Connect with us

WORLD

အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်တွင် ဆေးရုံမီးလောင်မှုကြောင့် COVID-19 လူနာ ၁၈ ဦးသေဆုံး

အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ် Ahmedabad မြို့တွင် ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၆ ရက်က မီးလောင်မှုဖြစ်ပွားခဲ့သည့် Shrey ဆေးရုံရှေ့၌ လူအများကို တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ မေ ၁ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်တွင် မေ ၁ ရက် နံနက်အစောပိုင်းက လေးထပ်ရှိသော လူမှုဖူလုံရေးဆေးရုံအတွင်း မီးလောင်မှုဖြစ်ပွားခဲ့ရာ COVID-19 လူနာ အနည်းဆုံး ၁၈ ဦးသေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အဆိုပါ မီးလောင်မှုသည် ဂူဂျာရတ်ပြည်နယ် မြို့တော် ဂန္ဒီနာဂါ၏ တောင်ဘက် ၂၁၂ ကီလိုမီတာခန့်အကွာ ဘာရန့်ချ်ခရိုင်ရှိ ဆေးရုံအတွင်းဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“မီးလောင်မှုနဲ့ မီးခိုးငွေ့များကြောင့် COVID-19 လူနာဆောင်ရှိ လူနာ ၁၂ ဦး သေဆုံးခဲ့ပါတယ်။ သို့သော်လည်း ကျန်ရှိသည့် ၆ ဦးမှာမူ ယင်းဆေးရုံ၌ သေဆုံးခြင်း သို့မဟုတ် အခြားဆေးရုံများသို့ လွှဲပြောင်းစဉ် သေဆုံးခြင်း ဟုတ်မဟုတ်ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး” ဟု ရဲအရာရှိတစ်ဦး၏ ပြောကြားချက်အား ကိုးကား၍ ဒေသခံမီဒီယာက သတင်းဖော်ပြခဲ့သည်။

တာဝန်ရှိသူများ၏ အဆိုအရ ၎င်းဆေးရုံတွင် အခြားလူနာ ၅၀ ဦးခန့်ရှိနေပြီး အခြားဆေးရုံသို့ ဘေးကင်းစွာ ရွှေ့ပြောင်းပေးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

မီးလောင်ကျွမ်းရသည့်အကြောင်းရင်းကိုမူ မသိရှိရသေးပေ။

မီးလောင်မှုဖြစ်ပွားရာနေရာသို့ မီးသတ်သမားများနှင့် မီးသတ်ယာဉ်များ ချက်ချင်းရောက်ရှိလာခဲ့ကြောင်း တာဝန်ရှိသူများက ပြောခဲ့သည်။ (Xinhua)
————————————
(English Version)
Hospital fire kills 18 COVID-19 patients in India’s Gujarat
2021-05-01 11:12:36
NEW DELHI, May 1 (Xinhua) — At least 18 COVID-19 patients were killed early Saturday in a devastating fire inside a four-storeyed welfare hospital in India’s western state of Gujarat, officials said.
The fire broke out inside the hospital in Bharuch district, about 212 km south of Gandhinagar, the capital city of Gujarat.
“Twelve patients in the COVID-19 ward died due to the fire and resultant smoke. However, it is not clear if the remaining six also died in the hospital or while being shifted to other hospitals,” local media quoted a police official said.
According to officials, there were around 50 other patients in the hospital and were shifted safely to another hospital.
The cause of the fire was not immediately known.
Officials said firefighters and fire tenders were rushed to the spot immediately after the blaze. Enditem

People stand in front of the Shrey Hospital where a fire broke out in Ahmedabad, Gujarat, India, Aug. 6, 2020. At least eight COVID-19 patients died when a fire broke out at a hospital in India’s western state of Gujarat on Thursday, confirmed a local administration official. (Str/Xinhua)