ဘရာဇီးလီယား၊ ဇန်နဝါရီ ၁၉ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ဘရာဇီးနိုင်ငံ၌ ကိုဗစ်ကာကွယ်ဆေးကို ဇန်နဝါရီ ၁၈ ရက်မှ စတင်ကာ တရားဝင်ထိုးနှံမှု စတင်လိုက်ပြီဖြစ်ကြောင်း ဘရာဇီးကျန်းမာရေးဝန်ကြီးဌာနက ယင်းနေ့တွင် ကြေညာခဲ့သည်။
ဘရာဇီးလီယား၊ ဇန်နဝါရီ ၁၈ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး တရုတ်နိုင်ငံ SINOVAC ကုမ္ပဏီထုတ် CoronaVac ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုခွင့်ပေးလိုက်ပြီဖြစ်ကြောင်း ဘရာဇီး အမျိုးသား ကျန်းမာရေးကဏ္ဍကြီးကြပ်မှုဌာန (Anvisa)က ဇန်နဝါရီ ၁၇ ရက်တွင်ကြေညာခဲ့သည်။ ဘရာဇီး၏ ပထမအသုတ် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုခံယူသူများအား ယင်းနေ့တွင် တရုတ်နိုင်ငံ၏ကာကွယ်ဆေး ထိုးပေးခဲ့ကြောင်း သိရသည်။
အန်ကာရာ၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး တူရကီနိုင်ငံတွင် ဇန်နဝါရီ ၁၄ ရက်မှစ၍ တစ်နိုင်ငံလုံးရှိ ကျန်းမာရေးဝန်ထမ်းများအား တရုတ်နိုင်ငံထုတ် COVID-19 ကာကွယ်ဆေးများ ထိုးနှံပေးမှု စတင်ဆောင်ရွက်ခဲ့သည်။ တူရကီ ကျန်းမာရေးဝန်ကြီးဌာန၏ ကိန်းဂဏန်းများအရ ဇန်နဝါရီ ၁၅ ရက်အထိ COVID-19ကာကွယ်ဆေး ထိုးနှံပြီးသူ ကျန်းမာရေးဝန်ထမ်း (၆)...
ပါရီ၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး COVID-19ကပ်ရောဂါအခြေအနေ တည်ငြိမ်မှုများ မရှိသေးခြင်းကြောင့် ဇန်နဝါရီ ၁၆ ရက်မှစ၍ ပြင်သစ်တွင် ညမထွက်ရအမိန့်တားမြစ်ချက်အား တစ်နိုင်ငံလုံးတွင် တိုးချဲ့ကျင့်သုံးလျက်ရှိကြောင်းသိရသည်။
ပေကျင်း၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်အဖွဲ့တစ်ဖွဲ့သည် တရုတ်နိုင်ငံသို့ ဇန်နဝါရီ ၁၄ ရက်က ရောက်ရှိခဲ့ပြီး ဝူဟန့်မြို့ရှိ ဟိုတယ်တစ်ခုတွင် စတင်၍ ကွာရန်တင်း (quarantine) ဝင်လျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ...
နယူးယောက် ၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ဇန်နဝါရီ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည့် COVID-19 ရောဂါဆိုင်ရာ နောက်ဆုံးစာရင်းပြုစုချက်အရ ဇန်နဝါရီ ၁၅ ရက် အမေရိကန် အရှေ့ပိုင်းဒေသစံတော်ချိန် ၁၂ နာရီ ၂၂ မိနစ် အချိန်ထိ...
နယူးဒေလီ၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒြာမိုဒီက နိုင်ငံတစ်ဝန်း COVID-19 ကာကွယ်ဆေးထိုးနှံခြင်းကို ဇန်နဝါရီ ၁၆ ရက်တွင် စတင်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကြေညာချက်အရ သိရသည်။
ဆောပိုလို ၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး ဘရာဇီးနိုင်ငံ သတင်းမီဒီယာများ၏ ဇန်နဝါရီ ၁၄ ရက် သတင်းဖော်ပြချက်များအရ ဘရာဇီးနိုင်ငံ နှင့် ဗြိတိန်နိုင်ငံ မှ သုတေသနပညာရှင်များ က ဘရားဇီးနိုင်ငံ Amazonas ပြည်နယ်ရှိ COVID-19 ရောဂါပိုး နမူနာများကို စစ်ဆေးခဲ့ရာတွင်...
အန်ကာရာ၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တူရကီနိုင်ငံတွင် COVID-19 တိုက်ဖျက်ရေး လူထုကာကွယ်ဆေးထိုးနှံမှု လုပ်ဆောင်လျက်ရှိသောကြောင့် သမ္မတ ရီဆပ် တေရစ် အာဒိုဂန် (Recep Tayyip Erdogan) သည် ၎င်း၏ ပထမအကြိမ် COVID-19 ကာကွယ်ဆေးထိုးနှံမှုကို ဇန်နဝါရီ...
ဂျကာတာ၊ ဇန်နဝါရီ ၁၄ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး အင်ဒိုနီးရှားနိုင်ငံတွင် တစ်နိုင်ငံလုံးအတိုင်းအတာအရ COVID-19 ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိရာ အဆင့်ခွဲ၍ တစ်နိုင်ငံလုံးရှိပြည်သူများအား အခမဲ့ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။