Connect with us

WORLD

ပေါ်တူဂီနိုင်ငံ တွင် COVID-19 ကပ်ရောဂါအခြေအနေ ပိုမိုဆိုးရွားလာ၍ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်နေ

ပေါ်တူဂီနိုင်ငံ လစ္စဘွန်းရှိ ဆေးရုံတစ်ရုံတွင် ဆေးဘက်ဆိုင်ရာဝန်ထမ်းများက COVID-19 ရောဂါ ဝေဒနာရှင်များအား ကုသပေးနေစဉ်(ဆင်ဟွာ)

လစ္စဘွန်း ၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

ပေါ်တူဂီနိုင်ငံတွင် လက်ရှိအချိန်၌ COVID-19 ကပ်ရောဂါအခြေအနေ ပိုမိုဆိုးရွားလာသောကြောင့် အစိုးရအဖွဲ့ ဝန်ကြီးများကောင်စီ က ဇန်နဝါရီ ၁၈ ရက် အထူးအစည်းအဝေး တစ်ရပ်ကျင်းပ ပြုလုပ်ကာ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန် ဆွေးနွေးညှိနှိုင်း သတ်မှတ်ခဲ့ကြသည်။ ယင်းအစည်းအဝေးအပြီးတွင် ပေါ်တူဂီနိုင်ငံဝန်ကြီးချုပ် António Costa က ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ပိုမိုတင်းကျပ်စွာ ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ပေါ်တူဂီနိုင်ငံအနေဖြင့် လက်ရှိတွင် အဆိုးရွားဆုံးသော အချိန်ကာလကို ဖြတ်ကျော်နေရပြီး ကပ်ရောဂါ သည် လူတိုင်း၏ ကျန်းမာရေး နှင့် လူနေမှုဘဝ အပေါ် အန္တရာယ်ဖြစ်စေခဲ့ကြောင်း ၊ အမျိုးသား ကျန်းမာရေး စနစ် အနေဖြင့် လွန်စွာကြီးမားသည့် ဖိအားနှင့် ရင်ဆိုင်နေရကြောင်း ဝန်ကြီးချုပ်က ဆိုသည်။

ပေါ်တူဂီနိုင်ငံ ၌ အသစ်ထုတ်ပြန်ခဲ့သည့်ကြေညာချက်တွင် ဈေးဝယ်စင်တာ နှင့် စားသောက်ဆိုင်များ အားလုံး ပိတ်သိမ်းရမည်ဖြစ်ကြောင်း ၊ လူများစုဝေးလာစေနိုင်သော ပရိုမိုးရှင်းဆောင်ရွက်မှုများ အားလုံးကို ကန့်သတ်ကြောင်း ၊ ပန်းခြံစသည့် အများပြည်သူသွားလာရာနေရာများတွင် အနားယူခြင်းများကို ကန့်သတ်ကြောင်း ၊ မြစ်ကမ်း ၊ ပင်လယ်ကမ်းခြေ ၊ ကလေးကစားကွင်း နှင့် အားကစားရုံများတွင် လူအသွားအလာ ကန့်သတ်ကြောင်း ၊ သက်ကြီးရွယ်အို စောင့်ရှောက်မှုစင်တာ နှင့် လူမှုရေး စင်တာများကို ပိတ်သိမ်းမည်ဖြစ်ပြီး လုပ်ငန်းကုမ္ပဏီများ အားလုံး အနေဖြင့် နေအိမ်မှ နေ၍ လုပ်ငန်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ထည့်သွင်း ဖော်ပြထားသည်။

ပေါ်တူဂီနိုင်ငံ ဥပဒေအရ ယခုထုတ်ပြန်ခဲ့သည့် ကန့်သတ်ချက်ဆောင်ရွက်မှုများသည် နိုင်ငံတော် အရေးပေါ်အခြေအနေ တွင် ဆောင်ရွက်ရမည့် အခွင့်အာဏာထက် ကျော်လွန်နေသောကြောင်း ပေါ်တူဂီနိုင်ငံ သမ္မတ Marcelo Rebelo de Sousa ၏ ခွင့်ပြုချက်ရရှိမှသာ တရားဝင်စတင်အကြုံးဝင်မည်ဖြစ်ကြောင်း သိရသည်။

ခရစ်စမတ် နှင့် နှစ်သစ်ကူးပွဲတော် ပြီးနောက်ပိုင်းတွင် ပေါ်တူဂီနိုင်ငံ၏ ကပ်ရောဂါအခြေအနေသည် ပြန်လည်ဆိုးရွားလာခဲ့ပြီး တစ်ရက်တည်းတွင် ထပ်မံကူးစက်ခံရမှုနှင့် သေဆုံးမှုတို့သည် အဆက်မပြတ် စံချိန်သစ်များ ဖြစ်ပေါ်ခဲ့ကြောင်း ၊ ပေါ်တူဂီနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ၏ ဇန်နဝါရီ ၁၈ ရက်ထုတ်ပြန်ကြေညာချက်အရ လွန်ခဲ့သည့် ၂၄ နာရီအတွင်း COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ ၆,၇၀၂ ဦးရှိခဲ့ပြီး ရောဂါကြောင့် ထပ်မံသေဆုံးသူ ၁၆၇ ဦးရှိခဲ့ကာ ပေါ်တူဂီနိုင်ငံ ၌ ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ တစ်ရက်အတွင်း COVID-19 ရောဂါကြောင့် သေဆုံးမှု အများဆုံးဖြစ်ခဲ့သည့်နေ့တစ်နေ့ဖြစ်ခဲ့ကြောင်း ၊ ဗြိတိန်နိုင်ငံ အောက်စ်ဖို့တက္ကသိုလ် ၏ ဇန်နဝါရီ ၁၈ ရက်ထုတ်ပြန်ကြေညာချက်အရ ပေါ်တူဂီနိုင်ငံတွင် ၇ ရက်ဆက်တိုက် လူပေါင်း ၁ သန်းတွင် လူ ၁,၀၁၈.၅ ဦး ကူးစက်ခံနေရကြောင်း ၊ ကမ္ဘာပေါ်တွင် ဒုတိယ အများဆုံး ဖြစ်ကြောင်း ၊ ပေါ်တူဂီနိုင်ငံတွင် လူပေါင်း ၁ သန်းတိုင်းတွင် နေ့စဉ် လူ ၁၄.၉ ဦးသေဆုံးခဲ့ပြီး ကမ္ဘာပေါ် တွင် သေဆုံးမှု ဒုတိယ အများဆုံး နိုင်ငံဖြစ်ခဲ့ကြောင်း သိရသည်။

ပေါ်တူဂီနိုင်ငံတွင် ယခင်နှစ် မတ် ၁၉ ရက်တွင် ပေါ်တူဂီနိုင်ငံ သမိုင်းတစ်လျှောက် ပထမဦးဆုံးသော နိုင်ငံတော် အရေးပေါ်အခြေအနေ အဖြစ် ကြေညာချက်ထုတ်ပြန်ခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာ Lockdown ကြေညာခဲ့ကြောင်း ၊ COVID-19 ကပ်ရောဂါ ဒုတိယလှိုင်း ရောက်ရှိလာချိန်တွင် ပေါ်တူဂီနိုင်ငံ က ယခင်နှစ် နိုဝင်ဘာ ၉ ရက်တွင် နိုင်ငံတော်အရေးပေါ် အခြေအနေ အဖြစ် ထပ်မံကြေညာခဲ့ပြီး ယခုလ ၁၅ ရက် မှ စတင်၍ ဒုတိယအကြိမ်မြောက် ဘက်စုံ Lockdown ဆောင်ရွက်မှု ကို ပြန်လည်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ (Xinhua)

——————————————–
(Chinese Version) 

(国际疫情)葡萄牙疫情形势严峻 防控措施再加码

  新华社里斯本1月18日电(记者赵丹亮)鉴于当前新冠疫情形势严峻,葡萄牙政府部长理事会18日召开特别会议,研究制定进一步防控措施。葡萄牙总理科斯塔会后宣布,将实行更加严厉的防控措施。
  科斯塔说,我们正经历最严峻的时刻,疫情危及每个人的健康和生活,国家卫生系统正承受着巨大压力。
  新措施包括:关闭购物中心所有餐厅;禁止所有可能招致人员聚集的销售和促销活动;禁止在公园等公共场所逗留;限制河滨、海滩、儿童公园和运动场所的人流量;关闭老年大学、托管中心和社会中心;所有企业均居家办公等。
  根据葡萄牙法律,这些措施超出了国家紧急状态的授权,在获得总统马塞洛•雷贝洛•德索萨的批准后方能正式生效。
  圣诞节和新年过后,葡疫情形势再度恶化,单日新增确诊和死亡病例不断创新高。葡萄牙卫生部18日数据显示,过去24小时新增新冠确诊病例6702例,新增死亡病例167例,创该国疫情暴发以来单日新增死亡病例新高。英国牛津大学当天数据显示,近7日葡每百万人口日均新增确诊1018.5例,居全球首位;每百万人口日均新增死亡病例14.9例,居全球第二位。
  葡萄牙去年3月19日实施了史上首次国家紧急状态,全国进入首轮“封城”。随着秋冬季第二波疫情到来,该国从去年11月9日起再次进入国家紧急状态。本月15日起,葡第二次进入全面“封城”。(完)

Photo
11月20日,医务人员在葡萄牙里斯本一所医院照料新冠患者。 新华社发(佩德罗•菲乌萨摄)