Connect with us

WORLD

ကမ္ဘာပေါ်တွင် COVID-19 ရောဂါကြောင့် သေဆုံးသူ ၂ သန်းကျော် အထိ ရောက်ရှိလာကြောင်း အမေရိကန် ဂျွန်ဟော့ကင်းတက္ကသိုလ် ထုတ်ပြန်ကြေညာ

အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလတွင် COVID-19 ရောဂါ ကူးစက်ခံရသည့် လူနာတစ်ဦးအား ဆေးရုံသို့ ပို့ဆောင်ပေးနေစဉ်(ဆင်ဟွာ)

နယူးယောက် ၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ဇန်နဝါရီ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည့် COVID-19 ရောဂါဆိုင်ရာ နောက်ဆုံးစာရင်းပြုစုချက်အရ ဇန်နဝါရီ ၁၅ ရက် အမေရိကန် အရှေ့ပိုင်းဒေသစံတော်ချိန် ၁၂ နာရီ ၂၂ မိနစ် အချိန်ထိ ကမ္ဘာပေါ်တွင် COVID-19 ရောဂါကြောင့် သေဆုံးသူ ၂ သန်းကျော် အထိ ရောက်ရှိလာခဲ့ပြီး အတိအကျအားဖြင့် ၂,၀၀၀,၉၀၅ ဦး အထိရောက်ရှိလာခဲ့ကြောင်း သိရှိရသည်။

ထုတ်ပြန်ခဲ့သည့် စာရင်းပြုစုချက်အရ ကမ္ဘာပေါ်တွင် COVID-19 ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၉၃,၄၁၈,၂၈၃ ဦးအထိ ရောက်ရှိလာခဲ့ကြောင်း ၊ ကမ္ဘာပေါ်တွင် COVID-19 ရောဂါ ကူးစက်ခံရမှု အများဆုံး နှင့် သေဆုံးမှုအများဆုံး ဖြစ်ပွားသည့် နိုင်ငံမှာ အမေရိကန်နိုင်ငံဖြစ်ပြီး ကူးစက်ခံရသူ စုစုပေါင်း ၂၃,၃၆၂,၀၅၀ ဦးဖြစ်ကာ သေဆုံးသူ စုစုပေါင်း ၃၈၉,၅၈၁ ဦးဖြစ်ကြောင်း သိရှိရသည်။

ကမ္ဘာပေါ်တွင် COVID-19 ရောဂါကြောင့် သေဆုံးမှုများသည့် အခြားနိုင်ငံများမှာ ဘရာဇီး ၊ အိန္ဒိယ ၊ မက္ကဆီကို ၊ ဗြိတိန် နှင့် အီတလီ စသည့် နိုင်ငံများဖြစ်ကြပြီး ရောဂါကူးစက်ခံရမှုများသည့် နိုင်ငံများမှာ အိန္ဒိယ ၊ ဘရာဇီး ၊ ရုရှား ၊ ဗြိတိန် နှင့် ပြင်သစ် နိုင်ငံ တို့ဖြစ်ကြကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ နောက်ဆုံးထုတ်ပြန်ကြေညာချက်အရ သိရှိရသည်။

ဂျွန်ဟော့ကင်းတက္ကသိုလ်၏ စာရင်းပြုစုချက်များအရ ကမ္ဘာပေါ်တွင် COVID-19 ရောဂါကြောင့် သေဆုံးမှုက လျင်မြန်စွာ မြင့်တက်လာခဲ့ပြီး ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၂၈ ရက် ၌ COVID-19 ရောဂါကြောင့် သေဆုံးသူ လူဦးရေ ၁ သန်းအထိရောက်ရှိလာခဲ့ကာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃ ရက်တွင် COVID-19 ရောဂါကြောင့် သေဆုံးသူ ၁.၅ သန်း အထိ ရောက်ရှိလာခဲ့ကြောင်း ၊ အချိန် ၃ လ မပြည့်မီ သေဆုံးသူ စုစုပေါင်း ၁ သန်း မှ ၁.၅ သန်း အထိ ရောက်ရှိလာခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၁.၅ သန်း မှ ၂ သန်း အထိ အချိန် ၂ လ မပြည့်မီတွင် ရောက်ရှိလာခဲ့ကြောင်း သိရှိရသည်။ (Xinhua)

—————————————
(Chinese Version)
(国际疫情)约翰斯•霍普金斯大学:全球累计新冠死亡病例超200万例
2021-01-16 02:07:21 分类: 政治法律
  新华社纽约1月15日电美国约翰斯•霍普金斯大学15日发布的新冠疫情最新统计数据显示,截至美国东部时间15日12时22分(北京时间16日1时22分),全球累计死亡病例超过200万例,达2000905例。
  数据显示,全球累计确诊病例增至93418283例。美国累计确诊病例和死亡病例均为全球最多,分别为23362050例和389581例。
  累计死亡病例较多的国家还有巴西、印度、墨西哥、英国和意大利等,累计确诊病例较多的国家还有印度、巴西、俄罗斯、英国和法国等。
  这些数据来自约翰斯•霍普金斯大学新冠病毒研究项目实时汇总的各个国家和地区数据。
  全球新冠死亡病例数仍在快速攀升。约翰斯•霍普金斯大学统计数据显示,全球累计死亡病例2020年9月28日增至100万例,2020年12月3日增至150万例,从100万例增至150万例用时不到3个月,从150万例增至200万例用时不到2个月。(完)

Photo
12月14日,在美国纽约,工作人员将一名患者送入医院。 新华社发(郭克 摄)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.