ဘရာဇီးလီးယား၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံရှိ အကျဉ်းထောင် နှင့် လေလွင့်လူငယ် ထိန်းသိမ်းရေးစခန်းများမှတစ်ဆင့် COVID-19 ရောဂါ လျင်မြန်စွာပျံ့နှံ့လျက်ရှိပြီး အကျဉ်းသား ၃၃,၀၀၀ နီးပါး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသည်ကို စမ်းသပ်တွေ့ရှိခဲ့ကြောင်း နိုင်ငံတော်တရားစီရင်ရေးကောင်စီ၏ စက်တင်ဘာ ၂ ရက်၌ ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။
တိုကျို၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံအစိုးရအနေဖြင့် ဒေသခံများအားလုံးကို COVID-19 ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးခြင်းဖြင့် အနာဂတ်တွင် လူသေဆုံးမှုအရေအတွက်နှင့် ရောဂါလက္ခဏာပြင်းထန်သူများနှင့် ဆေးရုံတက်ရန် လိုအပ်မှုများကို လျှော့ချသွားနိုင်မည်ဖြစ်ကြောင်း ယင်းကိစ္စနှင့်စပ်လျဉ်းသည့် သတင်းရင်းမြစ်များက စက်တင်ဘာ ၂ ရက်တွင် ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ကူးစက်ရောဂါထိန်းချုပ်ရေး နှင့် ကာကွယ်ရေးဌာန(CDC) က အလားအလာကောင်းသော ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ဖြန့်ဖြူးရေးအတွက် လာမည့် နိုဝင်ဘာ ၁ ရက်တွင် အသင့်ဖြစ်နေရန် ပြည်နယ်အစိုးရများအား ပြောကြားခဲ့ကြောင်း အမေရိကန်မီဒီယာက စက်တင်ဘာ ၂ ရက်တွင် သတင်းဖော်ပြခဲ့သည်။
ဘရာဇီးလီးယား၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ သမ္မတ Jair Bolsonaro သည် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကပ်ရောဂါကြောင့် ထိခိုက်မှုရှိခဲ့သည့် ပြည်သူများအတွက် အရေးပေါ်ငွေကြေးအကူအညီ ပေးအပ်မှုကို ယခုနှစ်ကုန်အထိ တိုးချဲ့ပေးမည်ဟု စက်တင်ဘာ ၁ ရက်က ကြေညာခဲ့သည်။
နယူးဒေလီ၊ စက်တင်ဘာ ၁ ရက်(ဆင်ဟွာ)
ပေကျင်း၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံတွင် ကိုဗစ်အတည်ပြုလူနာ ၆ သန်းကျော်ရှိလာကြောင်းနှင့် ရုရှားနိုင်ငံတွင် ကာကွယ်ဆေး အမြောက်အမြားထုတ်လုပ်တော့မည်ဖြစ်ကြောင်း ဩဂုတ် ၃၁ ရက် ကမ္ဘာ့ကပ်ရောဂါအခြေအနေ သတင်းအချက်အလက်များအရ သိရသည်။
နယူးဒေလီ ၊ ဩဂုတ် ၃၁ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ၌ COVID-19 ရောဂါ ဖြစ်ပွားသူမှာ ဩဂုတ် ၃၁ ရက်တွင် ၃,၆၂၁,၂၄၅ ဦးထိ မြင့်တက်လာခဲ့ပြီး သေဆုံးသူအရေအတွက်မှာ ၆၄,၄၆၉ ဦးထိ ရှိလာခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ နောက်ဆုံး ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။
နယူးယောက် ၊ ဩဂုတ် ၃၀ ရက်(ဆင်ဟွာ) ကမ္ဘာတစ်ဝှမ်း COVID-19 ရောဂါကြောင့် သေဆုံးသူ အရေအတွက်မှာ ဩဂုတ် ၂၉ ရက်ထိ ၈၄၀,၀၀၀ ကျော်ရှိလာကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ် သိပ္ပံနှင့် အင်ဂျင်နီယာဌာန (CSSE)ထံမှ သိရသည်။
ဟနွိုင်း၊ ဩဂုတ် ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အဖွဲ့ဝင်နိုင်ငံများဆိုင်ရာ စီးပွားရေးဝန်ကြီးများက COVID-19 ကပ်ရောဂါ သက်ရောက်မှုများရှိနေသည့်ကြားမှ နှစ်ဘက် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခိုင်အမာတိုးတက်လာသည်ကို ကြိုဆိုကြောင်း ဩဂုတ် ၂၇ ရက်က ပြောကြားခဲ့သည်။
နယူးယောက် ၊ ဩဂုတ် ၂၇ ရက်(ဆင်ဟွာ) ကမ္ဘာတစ်ဝှမ်းတွင် COVID-19 ရောဂါ ဖြစ်ပွားသူအရေအတွက်မှာ ဩဂုတ် ၂၆ ရက်တွင် ၂၄ သန်းကျော်သွားပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ် သိပ္ပံနှင့် အင်ဂျင်နီယာဌာန (CSSE)ထံမှ သိရသည်။