Connect with us

WORLD

တရုတ်နိုင်ငံ၏ Sinopharmကာကွယ်ဆေးများကို ဆားဘီးယားနိုင်ငံသို့ ပိုမိုတင်ပို့မည်

၂၀၂၁ခုနှစ် ဧပြီ ၅ ရက်တွင် ဆားဘီးယားနိုင်ငံ၊ ဘဲဂရိတ်မြို့ လေဆိပ်၌ တရုတ်နိုင်ငံမှ Sinopharm ကာကွယ်ဆေးများအား ကြိုဆိုသည့် အခမ်းအနားတွင်၊ ဆားဘီးယားနိုင်ငံဝန်ကြီးချုပ် Ana Brnabic (ရှေ့) ကျေးဇူးတင်စကားပြောကြားစဉ် (Tanjug/Handout via Xinhua)

ဘဲဂရိတ်၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

Another shipment of COVID-19 vaccines from China was welcomed on Monday by Prime Minister of Serbia Ana Brnabic.

တရုတ်နိုင်ငံမှ ထပ်မံတင်ပို့သည့် COVID-19 ကာကွယ်ဆေးများကို ဧပြီ ၅ ရက်တွင် ဆားဘီးယားနိုင်ငံဝန်ကြီးချုပ် Ana Brnabic က လက်ခံကြိုဆိုခဲ့ကြောင်းသိရသည်။Brnabic သည် ဆားဘီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Chen Bo နှင့်အတူ Tesla လေဆိပ်တွင် ကာကွယ်ဆေးများအား လက်ခံရယူခဲ့ခြင်းဖြစ်သည်။

၂၀၂၁ခုနှစ်၊ မတ် ၁၈ ရက်တွင် ဆားဘီးယားနိုင်ငံ သမ္မတ Aleksandar Vucic (3rd R) သည် တရုတ်နိုင်ငံ၏ Sinopharm ကုမ္ပဏီနှင့် ဘဲဂရိတ်မြို့တွင် Video အစည်းအဝေးကျင်းပစဉ် (Serbian Presidential Palace/Handout via Xinhua)

“အခုလိုပေးပို့မှုက တရုတ်နိုင်ငံနဲ့ မိတ်ဖက်ဆက်ဆံရေး အတွက် လုံလောက်တယ်လို့ ပြောကြားချင်တယ်။ နောက်ပြီးကျွန်တော်တို့ရဲ့ မိတ်ဖက်နိုင်ငံနဲ့ အတူ Sinopharm ကုမ္ပဏီအနေနဲ့ ကျွန်တော်တို့ ရဲ့ လိုအပ်ချက်ဘယ်လောက်ရှိတယ်ဆိုတာကို သိရှိခဲ့တယ်။ ပြီးတော့ ဆားဘီးယားနိုင်ငံ ရဲ့ လူအများအတွက် ကာကွယ်ဆေးထိုးအစီအစဉ် ကို ကူညီပေးခဲ့တယ်’’ ဟု Brnabic ကဆိုသည်။

ဆားဘီးယားနိုင်ငံအနေဖြင့် အရွယ်ရောက်သူ ၄၀ ရာခိုင်နှုန်းခန့်အား ပထမအကြိမ်ကာကွယ်ဆေးထိုးနှံခြင်းကို ဧပြီလကုန်တွင် ပြီးစီးရန်မျှော်မှန်းထားကြောင်း ၎င်းကဆိုသည်။သံအမတ်ကြီး Chen Bo က တရုတ်နိုင်ငံသည် COVID-19 ကာကွယ်ဆေးထိုးခြင်းအား ပြည်တွင်း ၌ ကျယ်ပြန့်စွာ ဆောင်ရွက်လျက်ရှိနေပြီဟု မှတ်ချက်ပြုခဲ့သည်။

“တရုတ်နိုင်ငံက ကမ္ဘာပေါ်မှာ လူဦးရေအများဆုံးနိုင်ငံဖြစ်ပါတယ်။ ပြည်တွင်းမှာတင် ကာကွယ်ဆေးလိုအပ်မှုများပြားတဲ့နိုင်ငံဖြစ်တယ်။ဒါပေမယ့် ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံအားလုံးဟာ အနာဂတ်မှာ လူ့အသိုင်းအဝန်းတစ်ခုတည်းအဖြစ်မျှဝေကြမယ်လို့ မျှော်လင့်ပါတယ်’’ ဟု သူကဆိုသည်။

ဆားဘီးယားနိုင်ငံ ၌ ဧပြီ ၅ ရက်အထိ COVID-19 ဖြင့်သေဆုံးသူပေါင်း ၅,၄၅၈ ဦး ရှိပြီး ကူးစက်ခံရသူ စုစုပေါင်း ၆၁၇,၆၆၉ ဦး ရှိကြောင်း သိရသည်။ နိုင်ငံအနှံ့တွင် စုစုပေါင်း ၇,၇၉၄ ဦးမှာ ဆေးရုံများတွင် ကုသမှုခံယူလျက်ရှိပြီး ၂၉၂ ဦးမှာ အသက်ရှူစက်ဖြင့် ကုသမှုခံယူနေရကြောင်း သိရသည်။ (Xinhua)
——————————————
(English Version)

China’s Sinopharm delivers more vaccines to Serbia
BELGRADE, April 6 (Xinhua) — Another shipment of COVID-19 vaccines from China was welcomed on Monday by Prime Minister of Serbia Ana Brnabic.

Brnabic was accompanied by the Chinese ambassador to Serbia Chen Bo at the Nikola Tesla airport to receive the vaccines.
“This delivery speaks enough about the partnership with China, and how much our partners from that country and the company Sinopharm met our needs, and helped the mass immunization campaign in Serbia,” Brnabic said.

She said Serbia aims to vaccinate roughly 40 percent of adults with the first dose by the end of April.Ambassador Chen Bo pointed out that China was undergoing its own mass vaccination campaign at home.

“China is the most populous country in the world. Domestic demand for vaccines is huge, but we believe that all countries in the world belong to one community with a shared future,” she said.

Serbia confirmed a total of 617,669 COVID-19 cases and 5,458 death as of Monday. A total of 7,794 people were hospitalized across the country, of which 292 were on ventilators. ■

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.