ရန်ကုန်၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ) ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်ရှိ ဆံတော်ရှင်မြတ်အား (၁၉.၄.၂၀၁၈) ရက်နေ့ မှ (၂၄.၄.၂၀၁၈)ရက်နေ့အထိ ရွှေတိဂုံစေတီတော်သို့ပင့်ဆောင်အပူဇော်ခံမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
ရန်ကုန်၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး ရှိအပူပိုင်းဇုန်အတွင်း ကျရောက်လျက်ရှိသော ဒေသများ ရေရရှိရေးအတွက် လုပ်ဆောင်ပေးမည်ဖြစ် ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ) ယခုနှစ် မန္တလေးသြင်္ကန်ပွဲတော်တွင် မန္တလေးမြို့တော် မဟာသြင်္ကန်ဗဟို မဏ္ဍပ်ကြီးအပါအဝင် ကျုံးပတ်လည်၌ ရေကစားမဏ္ဍပ် ၁၆ ခု ဆောက်လုပ်၍ ပါဝင်ဆင်နွှဲသွားမည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
မန္တလေး၊ မတ်လ ၃၀ ရက် (ဆင်ဟွာ) ကမ္ဘာပေါ်တွင် တန်ဖိုးအကြီးဆုံး အရည်အသွေးအကောင်းဆုံး ပတ္တမြားနှင့် ကျောက်မျက်ရတနာများ ထွက်ရှိရာ အရပ်သည် မိုးကုတ်ဒေသ ဖြစ်သော်လည်း အဆိုပါ ဒေသသို့ နိုင်ငံခြားသားများအား ဝင်ခွင့်မပြုတော့သည့် အချိန်က စပြီးမိုးကုတ် ရတနာမြေ နှင့်ပတ်သက်၍ နိုင်ငံတကာက ဂရုမပြုမိဖြစ်ခဲ့ရသည်မှာ နှစ် ၆၀...
ရန်ကုန်၊ မတ် ၂၄ ရက် (ဆင်ဟွာ) ယခုနှစ် ရန်ကုန်သြင်္ကန်တွင် ယခင်နှစ်များနှင့်မတူဘဲ လမ်းလျှောက် သြင်္ကန် ကျင်းပသွားမည်ဖြစ်ပြီး ရန်ကုန်မြို့လယ် အချက်အချာဖြစ်သည့် မြို့တော် ခန်းမအနီးတစ်ဝိုက်နှင့် ကမ်းနားလမ်းတစ်လျှောက် တွင် ကျင်းပနိုင်ရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။
ရန်ကုန်၊ မတ် ၂၃ ရက် (ဆင်ဟွာ) နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့သည့် ၂၀၁၇ ခုနှစ် အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအား ယနေ့မတ်လ ၂၃ ရက်နေ့တွင် Myanmar Event Park ၌ ကျင်းပခဲ့ပြီး မြန်မာ့ရုပ်ရှင် တစ်သက်တာထူးချွန်ဆု အား ပထမဆုံးချီးမြှင့်ခဲ့ကာ...
ရန်ကုန် ၊ မတ် ၁၅ ရက်(ဆင်ဟွာ) မိုးကုတ် နှစ် (၈၀၀) ပြည့် ပွဲတော် ကာလ အတွင်း နိုင်ငံခြားသား ခရီးသွားဧည့်သည်များအား လည်ပတ်ရန် ခွင့်ပြု ထားကြောင်း ဟိုတယ် နှင့် ခရီး သွားလာရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန် ၊ မတ် ၁၃ ရက်(ဆင်ဟွာ) တိုင်းရင်းသား လူမျိုးစု များ၏ စာပေ ယဉ်ကျေးမှု ဖွံ့ဖြိုးရေး ပွဲတော် နှင့် ဈေးရောင်း ပွဲတော်ကို မတ် ၂၁ ရက်မှ ၂၅ ရက် အထိ တောင်ကြီးမြို့၌ ကျင်းပသွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ...
ရန်ကုန်၊ မတ် ၁၀ ရက် (ဆင်ဟွာ) ပုံတောင်ဂျီးယားမျိုးစုပရိုင်းမိတ်၏ ကျောက်ဖြစ်ရုပ်ကြွင်းကို မကွေးတိုင်း ဒေသကြီး မြိုင်မြို့နယ် ပေါက်ခေါင်းကျေးရွာအနီး ကြာကန်ကျစ်ချောင်နှင့် သန်းဥတောကျစ်ချောင်တို့မှ ပထမဆုံးအကြိမ် တွေ့ရှိခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၁ ရက်(ဆင်ဟွာ) ပုဂံဒေသရှိ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာအား ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရနှင့် ဂျာမနီ ဖက်ဒရယ် သမ္မတနိုင်ငံ အစိုးရတို့အကြား လက်မှတ် ရေးထိုးခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ...