Connect with us

Culture & Entertainment

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ (၁၂) လရာသီ ပွဲတော်များနှင့် ပန်းများအထိမ်းအမှတ်အထူးတံဆိပ်ခေါင်းများရောင်းချမည်

အထူးတံဆိပ်ခေါင်းတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ (၁၂) လရာသီ ပွဲတော်များနှင့် ပန်းများအထိမ်းအမှတ် ဝါဆိုလအတွက် ရဟန်းခံရှင်ပြုပွဲနှင့် ပုန်းညှက်ပန်း ၂၀၀ ကျပ်တန် တံဆိပ်ခေါင်းသစ် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ၂ဝဝိ/- ကျပ်တန် အထူးထုတ်စာပို့ တံဆိပ်ခေါင်းသစ် (၁) မျိုးအား ၂၀၁၉ ခုနှစ်၊ ဇူလိုင် (၂) ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ်၊ ဝါဆိုလဆန်း (၁) ရက်၊ အင်္ဂါနေ့ နံနက် ၉ နာရီခွဲမှ စတင်၍ တိုင်းဒေသကြီး/ ပြည်နယ်များရှိ လုပ်ငန်းပြည့် စာတိုက်အသီးသီးတွင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့၌ ဇူလိုင် (၂) ရက်၌ ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများနှင့် ပထမနေ့စာအိတ် (First day Cover) များပေါ်တွင် နေ့စွဲအမှတ်အသား တံဆိပ် ရိုက်နှိပ်ပေးမည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.