Connect with us

Culture & Entertainment

ပုဂံဒေသ ရေရှည်ဖွံ့ဖြိုးရန် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ဖို့တာဝန် ကိုယ်စီ ရှိ

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၂၃ ရက်(ဆင်ဟွာ)

ယဉ်ကျေးမှု အမွေအနှစ်များ၏ တန်ဖိုးကို မြတ်နိုးကြပြီး ကမ္ဘာ့ အမွေအနှစ်စာရင်းဝင် ပုဂံဒေသ ရေရှည် ဖွံ့ဖြိုး တိုးတက်ရေးအတွက် အမျိုးသားရေး အမြင်ဖြင့် ဝိုင်းဝန်း ကာကွယ် ထိန်းသိမ်း စောင့်ရှောက်ကြ ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်ဟု နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က နေပြည်တော် MICC II တွင် ယနေ့ ညပိုင်း ကျင်းပသော ‘ပုဂံဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေးအတွက် စွမ်းစွမ်းတမံ ပါဝင် ဆောင်ရွက်ခဲံ့ကြသော ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများအား ဂုဏ်ပြုပွဲ အခမ်းအနား’ ၌ ပြောကြား ခဲ့သည်။

“ပုဂံဒေသကို ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်အဖြစ် ဆောင်ရွက်ရာမှာ ယဉ်ကျေးမှု အမွေအနှစ် အဆောက် အအုံများ၊ နေရာများသာမကဘဲ ဒေသခံ ပြည်သူတွေရဲ့ လူမှု စီးပွား ဖွံ့ဖြိုးမှု အလား အလာတွေကိုလည်း ထည့်သွင်း စဉ်းစားပြီး ဆောင်ရွက်ခဲ့တာ တွေ့ရပါတယ်၊ ဒါကြောင့် အရင်က ရေးဆွဲခဲ့တဲ့ ယဉ်ကျေးမှု ဒေသများ ကာကွယ် ထိန်းသိမ်းရေး ဥပဒေကိုလည်း ဒေသခံ ပြည်သူများရဲ့ ပူးပေါင်းပါဝင်နိုင်မှု၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှု စတဲ့ အချက်များကို အလေးထား ထည့်သွင်းရေးဆွဲပြီး ၂၀၁၉ ဖေဖော်ဝါရီ ၂၈ မှာ ခေတ်ကာလနဲ့အညီ အသစ် ပြန်လည် ပြဌာန်းနိုင်ခဲ့ပါတယ်” ဟုလည်း သမ္မတက ပြောခဲ့သည်။

ပုဂံဒေသရှိ အလွန် အဆင့်မြင့်သော ယဉ်ကျေးမှု အမွေအနှစ်များ ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် စီမံဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊သဘာ၀ ဘေးအန္တရာယ် ကာကွယ်တားဆီးရေး အစီအစဉ်များ၊ ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များ၊ မြို့ပြ လူမှု ဘ၀ ဖွံ့ဖြိုး တိုးတက်မှု အစီအစဉ်များ စသည့် လုပ်ငန်းစဉ်များကို ပြည်သူများ ပူးပေါင်း ဆောင်ရွက်နိုင်မည့် စီမံခန့်ခွဲမှု နည်းစနစ်တစ်ခုကို အဆိုပါ ဥပဒေတွင် ထည့်သွင်း ရေးဆွဲထားကြောင်းလည်း နိုင်ငံတော် သမ္မတက ပြောခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့နိုင်ငံရဲ့ ယဉ်ကျေး မှု ဒေသတစ်ခုဟာ ကမ္ဘာသူ ကမ္ဘာသားများအားလုံး အတွက် ထိုက်တန်တဲ့ အမွေအနှစ်ဆိုပြီးတော့ သတ်မှတ်ခြင်းခံရတာဟာ ဂုဏ်ယူစရာဆိုတာ အထူးပြောစရာ မလိုပါဘူး၊ ရှေးဟောင်း သုတေသန ပညာရှင်ကြီးတစ်ဦးက ရုပ်ပိုင်းဆိုင်ရာ သက်မဲ့ ပစ္စည်းတွေဟာ တကယ်ပဲ သမိုင်းကို မှန်မှန်ကန်ကန် သက်သေထူတယ်လို့ ဆိုခဲ့ပါတယ်၊ ဥပဒေအမြင်အရဆိုရင် သက်မဲ့ သက်သေများဟာ သက်ရှိ သက်သေများထက် ပိုပြီးတော့ အားကိုးရတယ်၊ ပိုပြီးတော့ ယုံကြည်ရတယ်ဆိုတဲ့ အတိုင်းပဲ သက်မဲ့ပစ္စည်းအရာဝတ္ထုများဟာ သမိုင်းဖြစ်ရပ်တွေကို ဖြစ်ရပ်အတိုင်း ပြနေတာပါ၊ အရင်တုန်းက အမွေအနှစ် တွေကို ကြည့်ရှုလေ့လာသူတိုင်းဟာ ကိုယ့်ရဲ့အတွေး ကိုယ့်ရဲ့ အမြင်တွေနဲ့ပဲ ကဗျာဆန်ဆန် နဲ့ အတိတ်ကိုပြန်ပြီးတော့ ဖန်တီးနိုင်ပါတယ်၊ ဒီလို ဖန်တီးနိုင်ခြင်း စွမ်းအားကို ပေးတဲ့ အမွေအနှစ် တွေဟာ ကျွန်မတို့အတွက် တန်ဖိုးအရှိဆုံးပဲ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ရှင်းလင်း တင်ပြစဉ် (ဆင်ဟွာ)

ဂုဏ်ပြုပွဲအခမ်းအနားသို့တက်ရောက်လာသူများကိုတွေ့ရစဉ် (ဆင်ဟွာ)

ဂုဏ်ပြုပွဲအခမ်းအနားသို့တက်ရောက်လာသူများကိုတွေ့ရစဉ် (ဆင်ဟွာ)

ဂုဏ်ပြုပွဲအခမ်းအနားသို့တက်ရောက်လာသူများကိုတွေ့ရစဉ် (ဆင်ဟွာ)

ပြည်တွင်း ပြည်ပ ပညာရှင်များနှင့် အဖွဲ့အစည်းများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်စဉ် (ဆင်ဟွာ)

ပုဂံဒေသကိုကြည်လျှင် အတိတ်နှင့် ပစ္စုပ္ပာန် ဘယ်လို ဆက်နွှယ်နေသလဲဆိုသည်ကို မြင်ရကြောင်း၊ ပုဂံဒေသသည် အရင်တုန်းက စေတီပုထိုးများ ရှိနေရုံသာမက ပြည်သူများဆက်လက်နေထိုင်နေသည့် ဒေသလည်း ဖြစ်သောကြောင့် မိမိ အထူးဂုဏ်ယူကြောင်း၊ အချို့သော ကမ္ဘာ့အမွေအနှစ် နေရာများ သည် ပြတိုက်သဖွယ်သာ တည်ရှိနေပြီး လက်ရှိ ပစ္စု ုပ္ပါန် ဘဝများနှင့် ဆက်နွှယ်မှု နည်းပါးသည်ကို တွေ့ရကြောင်း၊ ပုဂံဒေသကမူ ယခင်က ယဉ်ကျေးမှုဟောင်းများနှင့် အဆက်မပြတ်ဘဲ ဆက်လက် တည်ရှိနေပြီး နှစ်ပေါင်းများစွာ ဆက်ကာ ဆက်ကာ အမွေဆက်ခံခွင့် ပေးခဲ့သည်ဆိုခြင်းကို ထောက်ပြ နေကြောင်း၊ ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်စေရန် ကူညီ မစ ပေးခဲ့ကြသော လူပုဂ္ဂိုလ် များ၊အဖွဲ့အစည်းများအား ကျေးဇူးတင်ရှိပါကြောင်းလည်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကိုက ပုဂံဒေသကို ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်အဖြစ် ဆောင်ရွက်ခဲ့ပုံများကို ရှင်းလင်း တင်ပြခဲ့ပြီး ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေးအတွက် စွမ်းစွမ်းတမံ ပါဝင် ဆောင်ရွက်ခဲံ့ကြ သော ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများအား နိုင်ငံတော် သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ ဒုတိယ သမ္မတများနှင့် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့က ဂုဏ်ပြု လွှာများ အသီးသီး ပေးအပ် ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ဧည့်သည်တေ်ာများအား ညစာဖြင့် တည်ခင်း ဧည့်ခံခဲ့ကာ ဂုဏ်ပြုပွဲ အခမ်းအနား အစီ အစဉ် ပထမပိုင်းကို ရုပ်သိမ်းခဲ့ပြီး အနုပညာ ဦးစီးဌာနကဖျော်ဖြေ တင်ဆက်သည့် အစီအစဉ် ဒုတိယပိုင်းကို ည ၈ း ၀၀ နာရီတွင် ပြန်လည်စတင်ခဲ့ကာ ည ၉ း ၀၀ နာရီအကျော်၌ ဂုဏ်ပြုပွဲ အခမ်းအနား အောင်မြင်စွာ ပြီးဆုံးခဲ့သည်။။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော် သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ ဒုတိယ သမ္မတများ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ထောင်စု တရားသူကြီးချုပ်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နျေုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်များနှင့် ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတန်း အတွင်းဝန်များနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းရေး လုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်ပေးခဲ့သည့် ကော်မတီနှင့် ဆပ်ကော်မတီ အသီးသီးမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ပြည်တွင်း ပြည်ပမှ ပညာရှင်ကြီးများ တက်ရောက်ခဲ့ ကြသည်။(Xinhua)